ကလေးတွေဘာကြောင့် ရင်ခဏခဏကျပ်
28-Apr-2019
အာဂန္တုရောဂါတွေလည်းရှိသည်။ တစ်ခါကျပ်ပြီး နောက်ပြန်မကျပ်တော့တာမျိုး၊ များသောအားဖြင့်
အသက်နှစ်နှစ်အောက် ကလေးများအရွယ်မှာ တွေ့ရတတ်ပါတယ်။ ခဏခဏ ပြန်ရင်ကျပ်နေရင်တော့ ပန်းနာရင်ကျပ်ကို
စဉ်းစားရမည်။ ဒါမျိုးရိုးလည်း လိုက်တော့လိုက်သည်။ ကူးစက်ရောဂါတော့မဟုတ်။ ရင်ကျပ်သည့်ကလေးကို
ကျပ်စေသည့် အရာတွေကတော့ (၁) ဗိုင်းရပ်စ်ပိုး ဝင်ခြင်း၊
(၂)ဓာတ်မတည့်ခြင်း၊ (၃) ရာသီဥတု၊ (၄) လေ့ကျင့်ခန်းနှင့်
(၅) စိတ်လှုပ်ရှားခြင်းတို့ ဖြစ်နိုင်သည်။ ကျပ်လာလျှင် ကလေးက ချောင်းဆိုးမည်။ မောမည်။
ရင်ဘတ်အောင့်နှင့် နံရိုးကြားတို့ ချိုင့်ဝင်ပြီး အသက်ရှူရမည်။ တစ်ခါတစ်လေ တရွှီရွှီအသံကို
ကြားရမည်။
ရင်ကျပ်ပန်းနာမှန်း ဘယ်လိုသိ
တစ်ခါကျပ်တိုင်းတော့ ရင်ကျပ်ပန်းနာဟု မသတ်မှတ်။ ပေးသည့်ဆေးကတော့
အဲဒီ ရင်ကျပ်ပျောက်ဆေးတွေပါပဲ။ အဲဒါတွေနှင့် သက်သာ၊ မသက်သာ စောင့်ကြည့်ရမည်။
နှစ်ခါကျပ်လျှင်နည်းနည်း သတိထားတော့။ ဆေးကတော့ ဒီဆေးတွေပါပဲ။
သုံးခါကျပ်လျှင် ပြီးတော့ တခြားအကြောင်းအရင်း ရှာမရလျှင်တော့ဆရာဝန်က ရင်ကျပ်ပန်းနာဟု
သတ်မှတ်တော့မည်။ ဘာမှမလိုပါ။ နားကြပ်တစ်ချောင်းနှင့် သတ်မှတ်နိုင်ပါသည်။ ဆရာဝန်ကိုလည်း
စိတ်မဆိုးပါနဲ့။ ကု၍ မပျောက်သော ရောဂါကြီးဟု ပြောတာမဟုတ်ပါ။ ကြီးလာလျှင် ပျောက်မှာပါ။
သို့သော် ကြီးလာလျှင်ပျောက်၊ မပျောက်ကငယ်စဉ်မှာ ထိရောက်သော ကာကွယ်စောင့်ရှောက်မှုများ
စောစောစီးစီး လုပ်လာခဲ့သလား။ မလုပ်ဖူးလားအပေါ်မှာ တည်မှီနေပါသည်။ ဒါကြောင့် စောစော ကုချင်လို့
သတ်မှတ်တာပါ။ တန်ဆေး လွန်ဘေးတဲ့။ ကုသမှုကလည်း ဘေးထွက်ဆိုး ကျိုးတော့ရှိတာ အမှန်ပင်။ သို့သော် ရောဂါကလည်း လွှတ်ထားလို့မရ။
ဒီတော့ လူနာကို မှန်မှန်ပြန်ခေါ်ကြည့်၍ ဆေးကို လိုတိုးပိုလျှော့ ချိန်ဆရသည်။ အဲဒါကို
step-up နဲ့ step down လုပ်သည်ဟုခေါ်သည်။
ဘယ်လို ကုသမှာလဲ
ဆေးက နှစ်မျိုး၊ နှစ်အုပ်စုရှိသည်။ ဖြစ်လာလျှင် ရင်ကျပ်လျှင်
ပေးထားသော ဆေးအမျိုးအစားနှင့် မကျပ်အောင် ကြိုတင်၍
ပေးထားသော ကာကွယ်ဆေး အမျိုးအစားတို့ဖြစ်သည်။ ကျပ်လာလျှင် ပေးသောဆေးများကို သောက်ဆေးလည်း
တိုက်၍ရသည်။ ရှူဆေးလည်းရှိသည်။ ရှူဆေးက ပိုကောင်း၍ ပိုဘေးကင်းသည်။ သို့သော်
ဈေးပိုကြီးသည်။ ကလေးအငယ်များတွင် မရှူတတ်မှာ စိုး၍ အလယ်က
ပလတ်စတစ်ပြောင်းတစ်ခု ခံရသေးသည်။ အဲဒီပြောင်းက ပို၍ ဈေးကြီးသေးသည်။ ပြီးတော့ စနစ်တကျရှူတတ်အောင်
လေ့ကျင့်ပေးရသည်။ သိပ်ကျပ်သည့် အချိန်မှာတော့ Nebulizer ခေါ် ရေနွေးငွေ့ စက်ငယ်ဖြင့် မှုတ်ပေးရသည်။ ထိရောက်မှု အားကောင်းသော်လည်း
ဆေးပမာဏက ရှူဆေး ရိုးရိုးထက် ၁၀ ဆခန့်များသည်။ နည်းနည်းကျပ်ရုံမျှဖြင့်တော့
မသုံးသင့်။ ကာကွယ်ဆေးတွေကတော့ ရှူဆေးချည်း သက်သက်လိုပါပဲ။ ဟိုတုန်းက Ketasma ခေါ် သောက်ဆေးတစ်မျိုး
ပေါ်ဖူးသည်။ အန္တရာယ်သိပ်မရှိသဖြင့် ကျွန်တော်တို့ ယခုထက်ထိ သုံးနေကျ တုန်းပါပဲ။
Montelukast ကတော့ ယခုမှ စမ်းသပ်ဆဲဖြစ်သည်။
ခဏခဏမကျပ်အောင်
ဆေးနှင့် ကာကွယ်ရတာ များမှာစိုးလျှင် ကျပ်စေသည့် အကြောင်းတရားများကို
ရှောင်ရမည်။ ဒါကလည်း အမြဲတော့ မဖြစ်နိုင်ပါ။ နိုင်သလောက်တော့ လုပ်သင့်သည်။
Ref:
မမွေးဖွားမီမှ အရွယ်ရောက်သည်အထိ ကလေးပြုစုစောင့်ရှောက်နည်းများ
ပါမောက္ခ ရဲမြင့်ကျော် (ဒေါက်တာရဲ)
ကလေးအထူးကုဆရာဝန်ကြီး စာအုပ်မှ ကောက်နုတ်တင်ပြပါသည်။
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
