HIV/AIDS ရောဂါဖြစ်နေသူနှင့် ဘယ်လိုနေထိုင်ရမလဲ
02-May-2019တကယ်တော့ HIV ပိုးရှိတဲ့သူနဲ့ တစ်အိမ်ထဲ နေရတာဟာ ပိုးမရှိသူနဲ့
နေရတာနဲ့က ဘာမှ သိပ်မထူးလှပါ။ ဒီအချက်ကို The Body: The Complete HIV Resource သုတေသနက
ပြောတာ ဖြစ်ပါတယ်။ ပုံမှန်-သာမန် ထိတွေ့မှုတွေကြောင့်တော့ ဒီရောဂါပိုး ကူးတယ်ဆိုတာ မရှိဘူး
ပြောရလောက်အောင် စိုးရိမ်စရာ ကင်းပါတယ်။ ဒါပေမဲ့
အရမ်းကာရောတော့ မဟုတ်ဘူး။ တကယ်မကူးအောင်
Communication အချင်းချင်း ဆက်သွယ်မှု နဲ့ Education အသိပညာတွေက သော့ချက်တွေ ဖြစ်ပါတယ်။
သံမဏိစည်းကမ်း ၁ ကနေ ၅ အထိ ပြောပါမယ်။
၁။ အခြေအနေမှန်ကို ရှင်းရှင်းသိနေကြအောင် ပွင့်ပွင့်လင်းလင်း
ပြောပါ။ စိုးရိမ်တာ ရှိသမျှ ထုတ်ပြောပါ။ တစ်ယောက်အပေါ် တစ်ယောက် ရိုးသားပါ။ ကိုယ်ထင်တာကို
တရားသူကြီးလုပ် ဆုံးဖြတ်ချက် မချပါနဲ့။
၂။ အကြောက် မလွန်ပါနဲ့။ မီးဖိုနဲ့ အိမ်သာ အတူသုံးရတာနဲ့
ပိုးက ကိုယ့်ဆီ ကူးမလာနိုင်ပါ။ အတူနေလေ့ရှိကြတဲ့ ညီအကိုလို၊ မောင်နှမလို၊ သားအမိ-သားအဖလို၊
အခန်းကို (ရှယ်) လုပ်နေလေ့ရှိတဲ့ သူငယ်ချင်းလို နေကြတာက စိုးရိမ်စရာ နတ္ထိပါ။
၃။ HIV အကြောင်း ကျန်းမာရေး-လူမှုရေး သုတတော့ လေ့လာထားပါ။
တိတိပပ ပြောပါ့မယ်၊ “သွေး၊ မိခင်နို့၊ ကျား-သုတ်ရည်၊ မ-ဗဂျိုင်းနားက အရည်၊ ” ဤလေးမည်ကနေသာ
ကူးပါတယ်။ လက်ခြင်းထိ၊ ပါးခြင်းအပ်၊ ကျောခြင်းကပ်ယုံနဲ့ လုံးဝမကူးပါ။ သွားထိလို့ ဓါတ်လိုက်မှာလား
ကြောက်စရာ မထားပါနဲ့။ စာအတူ ဖတ်ပါ၊ တီဗွီအတူ ထိုင်ကြည့်ပါ။ ထမင်း တစ်စားပွဲထဲ ထိုင်စားပါ။
ညောင်းလို့ နှိပ်နင်းပေးလဲ ရောဂါ မရပါ၊ ကုသိုလ်သာ ရပါမယ်။
၄။ စည်းကမ်း-ကလနား သတ်မှတ်ထားပါ။ ကိုယ့်ပစ္စည်း လာသုံးတာကို
အပြတ်ငြင်းပါ၊ အားမနာပါနဲ့။ ဆောရီး လောက်နဲ့ မရပါ။ ပိုးရှိသူကနေ ချတဲ့ စည်းကမ်းကိုလည်း
တခြားလူတွေက လိုက်နာကြပါ။
၅။ သူ့ အတွင်းရေး-လုံခြုံမှုကို လေးစားပါ။ တစ်စိမ်းတစ်ရံတွေကို
“သူကရောဂါသည်” လို့ မလိုအပ်ဘဲနဲ့၊ နှိမ်ချင်တဲ့သဘောနဲ့ မပြောပါနဲ့။
HIV ပိုးရှိနေတဲ့ ကိုယ်ဝန်ဆောင် မိခင်ကနေ မွေးလာမဲ့ ကလေးကို
ကူးစက်နိုင်တဲ့ အခွင့်အလမ်း ၂ဝ-၄၅% ရှိတယ်။ ကူးနိုင်တဲ့ နည်းတွေက (၁) ကိုယ်ဝန်ဆောင်နေတုံး၊
(၂) မွေးဖွားဖြစ်စဉ် ဖြစ်နေတုံး နဲ့ (၃) နို့တိုက်နေတုံး၊ သုံးခုလုံးကနေ ဖြစ်နိုင်တယ်။
“နိုင်” ပြောတာပါ။ သက်သာအောင် လုပ်နည်းရှိပါသေးတယ်။ ကိုယ်ဝန်ဆောင်နေတုံး အချင်းကနေ
သန္ဓေသားဆီ များသောအားဖြင့် မရောက်ပါ။ မိခင်ကကျန်းမာရေး ကောင်းနေရင် အချင်းက အကာကွယ် ပေးရာတောင် ကျသေးတယ်။ ဒါ့ကြောင့်
(၁) မိခင်လောင်းက အစာအာဟာရ ကောင်းဘို့လိုတယ်။ (၂) တခြားရောဂါ (ငှက်ဖျား၊ တီဘီ၊ ဆီးအောင့်၊)
မဝင်အောင် ဂရုစိုက်ရမယ်။ (၃) မိခင်က HIV ဆေးကုနေရင် ကလေးကို ကူးစရာအခွင့်အလမ်း ၂% ဘဲ
ရှိလို့ ဆေးကုနေပါ။
အမေရိကားမှာ Zidovudine (ZDV, AZT, Retrovir®) ဆေးကို
စသုံးခဲ့တယ်။ အခု တခြားဆေးနဲ့ တွဲပေးနေတယ်။ ZDV ဆေးကို ကိုယ်ဝန် ၃ လနောက်ပိုင်းမှာ
ပေးရတယ်။ မွေးပြီးတဲ့အထိပါ။ ဘာ အကာအကွယ်မှ လုပ်မထားရင်
ကလေး ဖွားနေတုံးမှာ မိခင်ကနေ ကလေးကူးဘို့ ၁ဝ-၂ဝ% ရှိတယ်။ သွေးနဲ့ ရေမြွှာရည်နဲ့ ထိရင်ကူးတယ်။
ဒါ့ကြောင့် ဆရာဝန်-ဆရာမကနေ ရေမြွှာအိတ်ကို စောပြီးဖောက် မွေးမပေးရဘူး။
မွေးလမ်းချဲ့ မွေးတာလည်း ရှောင်ရမယ်။ LSCS ခွဲမွေးနည်းက
ကူးစရာလမ်း နည်းစေတယ်။ အရင်က ဆေးပေးမထားရသေးရင် မွေးတော့မဲ့ အချိန်မှာ ZDV နဲ့ 3TC
or Nevirapine ဆေး ပေးရတယ်။
မွေးပြီးတာနဲ့ ကလေးကိုလည်း ZDV ဆေး ၁ လခွဲအထိ ပေးရမယ်။
ပိုးရှိမိခင်က နို့တိုက်လို့ ကလေးကူးရတာ ၁၅% ရှိတယ်။
နို့စောစော ဖြတ်သင့်တယ်။ နို့မတိုက်လေ ကူးဘို့အခွင့် နည်းလေ။ မကြာသေးခင်ကဘဲ HIV ပိုးရှိသူ
မိခင်တွေက နို့တိုက်တာကို WHO က တားမြစ် လိုက်ပါတယ်။ မအေကို ဆေးကုသမှုခံဘို့နဲ့ ကလေးမှာ
ရောဂါပိုး ရှိ-မရှိ စောနိုင်သမျှ စောပြီး (၆ ပတ်အတွင်း) ဆေးစစ်ဘို့ပါ အကြံပြုတယ်။ ကလေးက
ရောဂါပိုးရှိလို့ စောစော ဆေးမကုရင် ၂ နှစ်ထက် အသက်မရှည်ဘူးလဲ
ဆိုပါတယ်။ တစ်အိမ်သားလုံး ပိုးရှိ-မရှိ စစ်ပါ။
ပိုးရှိနေသူရဲ့ နှာရည်၊ သွားရည်၊ ဝမ်း၊ ဆီး၊ တံတွေး၊ ချွေး၊ အန်ဖတ်တွေမှာ သွေးမပါရင်
မကူးစေပါ။ တစ်အိမ်လုံး လက်အိတ် သုံးပါ။ ပိုးရှိသူမှာ အနာအဆာ၊ ဒဏ်ရာရရင် အမြဲ ပလာစတာ-ပတ်တီးစည်းထားပါ။
လူတိုင်းက လက်ဆေးတဲ့အကျင့် လုပ်ကြပါ။ ပိုးမရှိတဲ့သူ ဒဏ်ရာရရင် အထူးဂရုစိုက်ပါ။ ပိုးမရှိတဲ့သူ
နေထိုင်
မကောင်း ဖြစ်ရင် ရှိသူနဲ့ အနေဝေးပါစေ။ သွားတိုက်တံ၊ သွားကြားထိုးတံ၊
မုတ်ဆိတ်ရိတ်ဒါး၊ လက်သည်းညှပ်၊ နားကပ်၊ စတာတွေ လုံးဝ လဲတာ၊ ငှားသုံးတာ၊ အတူသုံးတာ မလုပ်ရပါ။
သွေးထွက်နိုင်တဲ့ ဆော့ကစားတာမျိုး ရှောင်ပါ။ ကွန်ပြူတာ-ဂိမ်း ကစားလို့တော့ ရပါတယ်။
မိခင်နဲ့ ကလေး လက်ပွန်းတတီး နေယုံနဲ့တော့ ရောဂါမရပါ။ ကလေးချစ်လို့ မွှေးမွှေး များများ
ပေးနိုင်ပါတယ်။ ပိုးရှိထား သူတွေ နိုင်ငံလှည့်ပြီး၊ ကမ္ဘာလှည့်ပြီး၊ ရောဂါကာကွယ်ရေး
အသိပေးသူတွေ မနည်းတော့ပါ။ ဒီလိုအစာမျိုး ရောဂါက
ဆရာဝန်မှ မဟုတ်ပါ၊ အလွန်တော်တဲ့၊ အင်မတန် စိတ်ထားမြင့်တဲ့ “ဆိုရှယ်-ဝပ်ကား” တွေ ဖြစ်နိုင်ကြပါတယ်။
HIV Prevention ကာကွယ်ရေး
• HIV ကို သုတေသနတွေအများကြီးလုပ်နေပါတယ်။ အခုနောက်ဆုံး
သတင်းကတော့ ဥရောပမှာ စမ်းသပ်နေတဲ့ ကာကွယ်ဆေးသောက်နည်းဖြစ်ပါတယ်။ pre-exposure
prophylaxis (PrEP) ပိုးနဲ့ မတွေ့ခင် ဆေးကြိုတင်သောက်နည်းဖြစ်တယ်။
• လူတယောက်ဟာ HIV ကူးစက်နိုင်တဲ့လိင်အပြုအမူရှိမယ်လို့ထင်တာတဲ့
ဆေးသောက် လိုက်တာပါ။
• သံသယရှိတဲ့ လိင်မှုပြုမယ်ဆိုသူတိုင်း Truvada
(tenofovir + emtricitabine) ဆေး ၂ ပြားကို ၂၄ နာရီ ကြိုတင် သောက်ထားလိုက်ပါ။ တကယ်ပဲအဲလိုအမှုပြုပြီးရင်
တရက် ၁ လုံး၊ ၂ ရက်ဆက် သောက်လိုက်ပါ။
• အခုလေ့လာမှုကို IPERGAY trial လို့ခေါ်ပါတယ်။ ပြင်သစ်နိုင်ငံမှာ
၆ေ နရာနဲ့ ကနေဒါမှာ ၁ နေရာ စမ်းသပ်ခဲ့ပါတယ်။ သိသိသာထိရောက်တယ်လို့ ကောက်ချက်ချပါတယ်။
• ဆန်းစစ်မှုရလဒ်ကို ထုတ်ပြန်ဘို့တော့ စောပါသေးတယ်။ ၂ဝ၁၅
နှစ်ဦးပိုင်းလောက်မှာ ထွက်လာစရာရှိပါတယ်။
Credit : ဒေါက်တာတင့်ဆွေ
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။