Print

Anthrax ဒေါင့်သန်းရောဂါ

  08-May-2019
Preview Image


• ဒေါင့်သန်းရောဂါဖြစ်ပါမယ်။ Bacillus anthracis ပိုးကနေ ကူးစက်တယ်။ တိရစ္ဆာန်တွေမှာဖြစ်တယ်။ လူကိုလည်း ကူးစက်နိုင်တယ်။ ဆိုးတယ်။ သေနိုင်တယ်။ ရှားတော့ရှားပါတယ်။ လူ-လူချင်းတော့ ကူးစက်တယ်လို့ မတွေ့သေးပါ။

• ရောဂါဖြစ်နေတဲ့ အကောင်ရဲ့အသားကို ကိုင်မိရာကနေဖြစ်တာများတယ်။ ထိကိုမိတဲ့ရောမှာ အနာတွေပေါက်မယ်။ အနာက အလယ်မှာမဲနေမယ်။ ဘေးမှာရဲဖေါင်းကြွနေတယ်။ ဘေးမှာ ရောင်မယ်။ သိပ်မနာပါ။ တက်စေ့တွေရောင်မယ်။

• စားမိရာကနေ အစာလမ်းမှာလဲ ဖြစ်မယ်။ ပျို့-အန်ချင်မယ်။ ဗိုက်နာမယ်။ ခေါင်းကိုက်မယ်။ အစားပျက်မယ်။ ဖျားမယ်။ သွေးဝမ်းသွားမယ်။ လည်ချောင်းနာမယ်။ လည်ပင်းရောင်မယ်။

• ပိုးရဲ့ (စပိုး) ကို ရှူမိလို့ဖြစ်ဖြစ်ကနေ ကူးစက်တယ်။ ရှူမိလို့ အဆုပ်ထဲရောက်တာက အကုရခက်ခဲ့တယ်။ သေနိုင်တယ်။ ဖြစ်ကာစမှာ တုပ်ကွေးလိုခံစားရာကနေစမယ်။ နောက် ဖျား၊ အားယုတ်မယ်။ ကြွက်သားတွေ နာမယ်။ ရင်ပတ်အနေရခက်မယ်။ အသက်ရှူခက်မယ်။ ပျို့အန်မယ်။ မြိုချရင်နာမယ်။ ချောင်းဆိုးမယ်။ သွေးပါနိုင်တယ်။ ပိုဆိုးလာရင် အဖျားပိုကြီးလာမယ်။ အသက်ရှူပိုခက်လာမယ်။ (ရှော့ခ်) ရမယ်။ ဦးနှောက်အဖုံးလွှာရောင်မယ်။

• မူးယစ်ဆေးထိုးသုံးသူတွေ ဆေးထိုစရာထဲကနေ ဒေါင့်သန်းရောဂါကူးတာလည်းတွေ့လာရတယ်။ ဆေးထိုးတဲ့နေရာမှာ နီရဲရောင်လာမယ်။ (ရှော့ခ်) ရမယ်။ အထဲအင်္ဂါတွေ အလုပ်မလုပ်နိုင်ဖြစ်လာမယ်။ ဦးနှောက်အဖုံးလွှာရောင်မယ်။

• ကုသနည်း = ပိုးသေဆေး ရက်ပေါင်း ၆ဝ ပေးရတယ်။ Ciprofloxacin (Cipro) or Doxycycline (Monodox, Vibramycin) တမျိုးမျိုးသုံးတယ်။ levofloxacin (Levaquin) ဆေးလည်းသုံးတယ်။ လိုအပ်ရင် ဆေးတမျိုးမက ပေးတယ်။

• ၂ဝဝ၁ ကစပြီး ယူအက်စ်မှာတော့ Antitoxin အဆိပ်ဖြေဆေးသုံးတယ်။

• Anthrax vaccine ကာကွယ်ဆေးပေါ်နေပြီ။ ကလေးတွေနဲ့ အသက်ကြီးသူတွေကို ထိုးမပေးပါ။

• မြို့သာမှာ တာဝန်ကျတုံးက အဲလိုလူနာတွေကို ကုသပေးခဲ့ရတယ်။ အခုပြောတဲ့ဆေးတွေ မပေါ်သေးလို့ Injection Streptomycin ထိုးဆေးနဲ့သာ ကုပေးရမယ်။ ရှင်ကြပါတယ်။


Ref:
ဒေါက်တာတင့်ဆွေ

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18