Print

မိန်းမကိုယ်အဖြူဆင်းခြင်း

  11-May-2019
Preview Image

အဖြူဆင်းတာ သဘာဝအလျောက် ဆင်းတာရှိသလို ရောဂါကြောင့်ဆင်းတာလည်းရှိပါသည်။ သဘာဝအလျောက် ဆင်းတာတွေကတော့ ကြည်လင်မယ်၊ ဖြူမယ်၊ အဏုကြည့် မှန်ပြောင်းနှင့်ကြည့်ရင် မိန်းမကိုယ်နံရံက ဆဲလ်တွေ၊ သဘာဝအလျောက် လူကို ဘာဒုက္ခမှမပေးတဲ့ ပိုးတွေပဲ တွေ့ပါမယ်။ သန္ဓေတားဆေးထက် ဒါမှမဟုတ် သားအိမ်တွင်း ပစ္စည်းထည့်ထားတာပဲဖြစ်ဖြစ် သွေးပေါ်တဲ့ရက်တွေရဲ့ တစ်ဝက်မှာပိုပြီး ဆင်းတတ်ပါတယ်။ ရောဂါကြောင့်ဆိုရင် အရောင်၊ အနံ့ ပမာဏတွေ ပြောင်းလဲပါမယ်။ မိန်းမကိုယ် ယားယံခြင်း၊ ဆီးသွားရင်ပူလောင်မယ်၊ ရာသီပေါ်ရက်မတိုင်ခင် သွေးဆင်းမယ်၊ စပ်ယှက်တဲ့အခါ နာကျင်မယ်၊ ဆီးစပ်တွေ နာကျင်မယ်၊ မိန်းမကိုယ်မှာဖြစ်တဲ့ရောဂါ (Candidiasis, Trichomoniasis နဲ့ Bacterial Vaginosis) သားအိမ်ခေါင်းမှာ ဖြစ်တဲ့ရောဂါ၊ (ဂနိုရောဂါ၊ Chlamydia ရောဂါ)၊ မိန်းမကိုယ်နှင့် သားအိမ်ခေါင်းတွဲပြီးဖြစ်တဲ့ ရောဂါဆိုပြီး ရှိကြပါသည်။ အဖြူဆင်းခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးမှာ ဂနိုရောဂါနဲ့ Chlamydia ရောဂါကြောင့် အဖြူ ဆင်းတာဆိုရင် ဆီးစပ်ထဲရှိ ကလီစာရောင်ရမ်းခြင်း၊ သားသမီးမရနိုင်ခြင်း၊ မျိုးဥပြွန်တွင် သန္ဓေတည်ခြင်း၊ HIV ရောဂါပျံ့နှံ့လွယ်ခြင်း၊ မွေးလာတဲ့ကလေးတွင် မျက်စိနာခြင်း၊ မျက်ဝတ်ထွက်ခြင်းနှင့် အဆုတ်ရောင်ခြင်းတို့
ဖြစ်တတ်ပါသည်။ အမျိုးသမီးနှင့် ပတ်သက်တဲ့လူမှာ ရောဂါလက္ခဏာ ပြနေမယ်၊ ကာလသားရောဂါကို မကြာခင်က ကုသမှုခံယူထားခြင်း၊ လူနာသည် လိင်အပျော်အပါး လုပ်ဆောင်နေသူ၊ လွန်ခဲ့တဲ့ ၃ လက တစ်ယောက်ထက်ပို၍ လိင်ဆက်ဆံဖူးခဲ့သူ၊ လူသစ်နှင့် လိင်ဆက်ဆံခဲ့ဖူးသူ၊ မိမိရဲ့ လိင်ဆက်ဆံသူသည် ခရီးခဏခဏ ထွက်ဖူးသူ စသည်တို့တွင် ပို၍ သတိထားရပါမည်။


Credit : အေးကမ္ဘာ ဒေါက်တာချစ်

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18