အမျိုးသမီးအတွက် နေ့စဉ် စားသုံးပေးသင့်သော အစားအစာငါးမျိုး
12-May-2019
အမျိုးသမီးများအတွက် ဆီးသီးဖျော်ရည်ဟာ ၎င်းတို့ရဲ့ ဆီးလမ်းကြောင်းရောဂါများကို
သက်သာစေတယ်လို့ သိလာပြီးတဲ့နောက်မှာ အမျိုးသမီးများအတွက် နေ့စဉ် စားသုံးသင့်သော အစားအစာ
ငါးမျိုးကို ဖော်ပြလိုက်ရပါတယ်။
(၁) သင်္ဘောသီး
လိမ္မော်သီး တစ်လုံးမှာပါတဲ့ ဗီတာမင်စီဓာတ်ထက် သင်္ဘောသီးမှာပါတဲ့ ဗီတာမင်စီက
နှစ်ဆပိုများပါတယ်။ ကျောက်ကပ်ရောဂါအတွက် ကောင်းမွန်တယ်။ အမေရိကန် ဆန်ဖရန်စစ္စကို
တက္ကသိုလ် သိပ္ပံပညာရှင်များက သွေးကို သန့်စင်ရာမှာ ဗီတာမင်စီ ပမာဏနည်းပါးတဲ့
အမျိုးသမီးများဟာ ကျောက်ကပ်ရောဂါ ဖြစ်နိုင်တဲ့ အလားအလာကောင်းကြောင်း တွေ့ရတယ်။
ဗီတာမင်စီ ၁၈ဝ မီလီဂရမ်ပါတဲ့ အလတ်စား သင်္ဘောသီးတစ်လုံးဟာ ဗီတာမင်စီ သာမက
ကိုယ်စိတ်နှစ်ပါးကိုပါ လန်းဆန်းစေပါတယ်။
(၂) လျှော်စေ့
မုန့်ဖုတ်ရာတွင် စေးပျစ်မှုရှိစေဖို့ လျှော်စေ့ကို သုံးကြတယ်။ သို့သော် သိပ္ပံပညာရှင်များက
အီစတြိုဂျင် ဟော်မုန်းဓာတ်ပေါင်း ကြွယ်ဝတဲ့ ဤအနီရောင် အစေ့များဟာ ရင်သားကင်ဆာ
ကာကွယ်ရေး လက်နက်ကောင်း တစ်ခုအဖြစ် ရှုမြင်ကြပါတယ်။ ရင်သားကင်ဆာရှိတဲ့
အမျိုးသမီးရဲ့ အစာထဲမှာ လျှော်စေ့ ဖြည့်စွက်ပေးရင် ကင်ဆာကို ထိရောက်စွာ
ဟန့်တားနိုင်တယ်လို့ဆိုတယ်။ လျှော်စေ့ကို ပေါင်မုန့်နှစ်လုံး ဖုတ်တဲ့အခါ ထည့်သွင်း
အရသာ ဖြည့်ပေးမယ်ဆိုရင် အီစတြိုဂျင် ထွက်လာပြီး ရင်သားကင်ဆာ ကင်းဝေးစေပါတယ်။
(၃) တို့ဟူး
ပရိုတိန်းမြင့်မားတဲ့ ပဲပိစပ် တို့ဟူးဟာ ကိုလက်စထရော နှိမ့်ချပေးပြီး ဓမ္မတာ
လာချိန်မှာ အဖြူ ဆင်းမှုကို နည်းစေပါတယ်။ အရိုး သန်မာစေတယ်။ အရိုးကို အကျိုးပြုဖို့
ပရိုတိန်းဓာတ် တစ်နေ့ ၂၅-၃၅ မီလီဂရမ် လိုအပ်တယ်။
(၄) ဝက်သား
အမျိုးသမီးများဟာ သူတို့ရဲ့ ဓမ္မတာအရ လေးလံထိုင်းမှိုင်း တတ်တဲ့အတွက် သွေးတွင်းသံဓာတ်
နည်းပါးခြင်းကြောင့် ပြင်းထန်စွာ ပင်ပန်းနွမ်းနယ် တတ်ကြပါတယ်။ သံဓာတ်ရရှိစေဖို့
ဝက်သာ စားသင့်တယ်။ ဝက်သားမှာ သံဓာတ်များပါလို့ အလွယ်တကူ အဆီများဖယ်ရှား
စားသောက်နိုင်တယ်။ စင်ကာပူနိုင်ငံ အစားအစာနဲ့ ပြန်ကြားရေးဌာန အဆိုအရ ဝက်သားတစ်တုံးမှာ
သံဓာတ် ၁ ဒသမ ၄ မီလီဂရမ်ပါတဲ့အတွက် အမျိုးသမီးတိုင်း ဝက်သားစားသင့်တယ်။
(၅) ဂေါ်ဖီထုပ်
ဂေါ်ဖီထုပ်ဟာ အမျိုးသမီး အများအပြား အသက်ကြီးရင် ဖြစ်တတ်တဲ့ သွေးဆုံးမီးယပ်ရောဂါ
တိုက်ဖျက်ရာမှာ အထောက်အကူ ပြုနိုင်တယ်။ ပါဝင်တဲ့ ကယ်လ်ဆီယမ်နဲ့ ဗီတာမင်ဒီ
လုံလောက်စွာမရရင် အဆစ်များ နာကျင်စေတယ်။ ကယ်လ်ဆီယမ်နဲ့ ဗီတာမင် ဒီအပြင်
ဗီတာမင်အေဟာ အရိုးကို ကာကွယ်နိုင်တဲ့ အစွမ်းရှိတယ်။ အမျိုးသမီးများအဖို့ ဗီတာမင်
ကြွယ်ဝတဲ့အစာ စားဖို့လိုပါတယ်။ နေ့စဉ် ဗီတာမင် ၁ဝ၉ မိုက်ခရိုဂရမ် မစားသုံးတဲ့
အမျိုးသမီးဟာ စားသုံးသူထက် ၁ဝ နှစ်တာ အတွင်းမှာ ခါးဆစ်ရိုးကျိုးခြင်းနဲ့ လေနာရောဂါ
ခံစားရနိုင်တယ်။ ဂေါ်ဖီထုပ်ဟာ ဗီတာမင် အကောင်းဆုံး ဟင်းသီးဟင်းရွက် ဖြစ်လို့ နေ့စဉ်
စားသုံးသင့်တယ်။ အစာလည်းဆေး၊ ဆေးလည်း အစာဆိုသလို လူတို့ကျန်းမာ ရေး ပြည့်ဝဖို့
အစားအစာကောင်း များ ရွေးချယ်စားသုံးဖို့ လိုပါတယ်။
Credit : Myawady Health
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
