နှလုံးရောဂါနှင့်ပတ်သက်၍ သတိပြုရမည့် လက္ခဏာများ
13-May-2019နှလုံးဆိုသောအရာသည် နေစဉ်မရပ်မနား လှုပ်ရှားပေးနေသောကြောင့်
အံ့သြဖွယ် စက်ကလေးနှင့် တူသည်။ ထို့အတူ ချိန်ကိုက်ဗုံး တစ်လုံးနှင့်လဲတူပါသည်။ အန္တရယ်ကို
ကြိုမမြင်နိုင်။ တစ်ခါတစ်ရံ ထထဖောက်နိုင်သည်။ အချိန်လွန်မှသိလျှင် အသက်ဆုံးရှုံးနိုင်ချေပိုများသည့်အတွက်
အောက်ဖော်ပြပါ လက္ခဏာများ ခံစားရလျှင် နီးစပ်ရာ ကျန်းမာရေးဌာနသို့သွား၍ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှု
ခံယူသင့်ပါကြောင်း တိုက်တွန်းအကြံပြုပါတယ်။
1- ရင်ဘတ်ထဲတွင်အောင့်၍ မူးဝေအော့အန်ခြင်း၊ ချွေးစေးများထွက်ခြင်း
2- ရင်ထဲတွင် တစ်ခုခုဖြင့် အဖိခံထားရသလို လေးလံတင်းကျပ်နေခြင်း
3- နောက်ကျောအပေါ်ဘက်ခြမ်းတွင် စုတ်ဖြဲနေသကဲ့သို့နာခြင်း
4- နေ့စဉ်အလုပ်များ လုပ်ရာ၌ ပင်ပန်းလွယ်ခြင်း
5- သာမန်လမ်းလျှောက်ရုံဖြင့် မောပန်းလွယ်ခြင်း
6- ရင်ဘတ်မှစ၍ ဘယ်ဘက်လက်မောင်းတစ်လျှောက် ထုံကြင်၍ နာခြင်း
7- အစာမကြေ သလိုရင်ခေါင်းထဲ ပြည့်နေခြင်း
8- နှလုံးခုန်မမှန်ခြင်း၊ နှလုံးခုန်မြန်ုခြင်းတို့နှင့်အတူ
မူးဝေသတိလစ်ခြင်းများဖြစ်လျှင် နှလုံးနှင့်ပတ်သက်၍ အရေးကြီးသော လက္ခဏာများ ဖြစ်သည့်အတွက်
ပေါ့ပေါ့ဆဆမနေဘဲ ဆေးစစ်မှုခံယူကြပါရန် အသိပေးဝေမျှလိုက်ပါတယ်။
Credit : Dr.Marie
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။