ဂွမ်းစောင်ပေါ်က သိန်းသောင်းပေါင်းများစွာသော ပိုးမွှားများကို ဖြေရှင်းန...
13-May-2019အိမ်ထောင်စု တော်တော်များကတော့ ဂွမ်းစောင်ကို နေပူလှန်းလိုက်တာနဲ့ စိတ်ရှုပ်စရာ
ဒီအကောင်တွေ သေဆုံးသွားမှာပဲလို့ ထင်နေကြတယ်။ ဒါပေမယ့် နေပူထဲ လှန်းရုံနဲ့
ဒီပိုးမွှားတွေကို အမြစ်ဖြုတ်အသေ မသတ်နိုင်ပါဘူး။ မှန်ဘီလူးနဲ့ အကျယ်ချဲ့ကြည့်လိုက်ရင်
နေပူကျဲကျဲမှာ လှန်းထားတဲ့ ဂွမ်းစောင်ထဲမှာ ဒီပိုးမွှားတွေကို တွေ့နေရဦးမှာပဲ။
နေလှန်းချင်တဲ့ ဂွမ်းစောင်၊ အကျႌ ၊ အရုပ်၊ ကောဇောစသဖြင့် ကို အမဲရောင် ကျွတ်ကျွတ်အိတ်နဲ့
(အမဲရောင်နော်) အသေအချာ ထုတ်ပိုးပြီးထားပါ။ နေရောင်ပြင်းပြင်းအောက်မှာ 1-2 နာရီ
ထားပါ။ အမဲရောင်က အပူကို ပိုစုပ်ယူတဲ့အတွက် အိတ်ထဲက ပစ္စည်းများကို အပူချိန်ပိုမြင့်စေပါတယ်။
ပိုးမွှားတွေဟာ အပူချိန် 50 ဒီဂရီရောက်ရင် သေဆုံးကုန်ပါတယ်။ ကျွန်တော်တု့ိ မျက်စိနဲ့
မမြင်နိုင်ပေမယ့်၊ မှန်ဘီလူးနဲ့ နောက်ထပ်တစ်ခါအကျယ်ချဲ့ ကြည့်လိုက်ရင်တော့
ဒီပိုးမွှားတွေ သေဆုံးကုန်တာကို တွေ့ပါလိမ့်မယ်။ တကယ်ကောင်းတဲ့ နည်းပါ။
Credit : Myawady
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။