Hepatitis C Treatment and Management အသည်းရောင် (စီ) ဘယ်လိုကုသမလဲ
14-May-2019လိင်ကတဆင့်ကူးတဲ့ HIV ပါရှိနေသူဆိုရင် Acute
infection စောစောပိုင်းကတည်းက ကုရင်ကောင်းတယ်။ Mild liver disease အသဲရောဂါ နည်းနည်းလေးသာရှိနေသူတွေ ဆေးမလိုသေးပါ။ Moderate liver damage အသဲရောဂါ အသင့်အတင့်
ဆိုးလာသူတွေက Cirrhosis အသဲခြောက်တာ ဆက်ဖြစ်စရာများလို့
ဆေးကုသရမယ်။ ဆေးရဲ့ဘေးထွက်-ဆိုးကျိုးနဲ့ ရမဲ့အကျိုး
ချိန်ဆရမယ်။ စောင့်ကြည့်နေရမယ်။ Decompensated cirrhosis အသဲခြောက်နေပြီဆိုရင်
Liver transplant အသဲအစားထိုး
တာတစ်ခုဘဲ လုပ်နိုင်တယ်။
Pegylated interferon (PEG interferon) နဲ့ Ribavirin (RBV) ဆေး ၂ မျိုးကိုသုံးတယ်။ PEG Interferon က ၂ မျိုး ရှိတယ်။ (၁) alpha-2a (Pegasys) နဲ့ (၂) alpha-2b (PegIntron or ViraferonPeg) ထိုးဆေးတွေဖြစ်တယ်။ Ribavirin (Copegus, Rebetrol and Ribasphere) ဆေးက HIV ရှိနေသူတွေအတွက် အသုံးမကျဘူး။ သူတမျိုးထဲမရလူး PEG interferon နဲ့ တွဲပေးရတယ်။ စားဆေးဖြစ်တယ်။ တစ်နေ့ ၂ ကြိမ်ပေးရတယ်။
HIV-positive ဆိုရင် ဘယ် genotypes ဖြစ်ဖြစ် တစ်နှစ်ကြာပေးတယ်။ Genotypes 2 နဲ့ 3 ကို အချိန်တိုပြီး၊ 1 နဲ့ 4 တွေကို တစ်နှစ်မက ပေးတာလဲရှိတယ်။ ဆေးကုသရခြင်းရဲ့ ရည်ရွယ်ချက်က ပိုးတွေကို ရှင်းချင်လို့ဖြစ်တယ်။ ဆေးပေးပြီးနောက် ၆ လမှာ သွေးထဲမှာ ပိုးမရှိတော့ရင် Sustained virological response (SVR) ခေါ်တယ်။ ကောင်းတယ်။ ပိုးကင်းသွားပြီ။ Liver cirrhosis အသဲခြောက်တာ၊ Liver cancer အသဲကင်ဆာနဲ့ Liver failure အသဲအလုပ်မလုပ်နိုင်တော့တာတွေ ဖြစ်ဘို့ အခွင့်အလမ်း အတော်ကြီးနည်းတယ်။ ပိုးနည်းနည်းလေးသာ ကျန်တော့တာလဲ ကောင်းတယ်။ တချို့မှာ ဆေးကုလို့ ထင်သလောက် မကောင်းတာလဲရှိတယ်။ HIV ရှိနေသူတွေကို ဘယ်လို CD4 count is 200 cells/mm3 ထက်နည်းလာရင် ဆေးပေးတယ်။ 200-350 cells/mm3 ဆိုရင်ပေးတာလဲလုပ်တယ်။
Credit : ဒေါက်တာတင့်ဆွေ
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။