အဆိပ်သောက်ထားသူကို အချိန်မီ ဘယ်လိုကယ်ရမလဲ
25-May-2019အဆိပ်သောက်မိပြီဆိုရင် အဆိပ်ကို မျိုချမိတာကြောင့် လမ်းကြောင်းတစ် လျှောက်ရှိ
ပါးစပ်၊ ခံတွင်းနဲ့ အစာခြေ လမ်းကြောင်းတစ်လျှောက် ယိုယွင်းပျက်စီးပြီး အသက်ကိုပါ
ရန်ရှာတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ အဆိပ်ဆိုတဲ့ နေရာမှာယနေ့ ကျေးလက်တွေမှာ အလွယ်တကူ
ရနိုင်နေတဲ့ ပိုးသတ်ဆေးများအပြင် မြို့ရှိ မီးဖိုချောင်သုံး အရောင်ချွတ်ဆေး၊
ကြွေကြေးချွတ်ဆေး၊ ဆေးဆပ်ပြာရည်စတဲ့ ဓာတုပစ္စည်း အပြင်းစား အရည်တွေ ပါဝင်ပါတယ်။
အဆိပ်သင့်၊ အဆိပ်မိပါက အများအားဖြင့် ပျို့အန်ပြီး ရင်ခေါင်း၊ ဝမ်းခေါင်းထဲက
ပူလောင်ခြင်းကို ခံစားရ တတ်ပါတယ်။ အဲဒီနောက်မှာ
သတိလစ်သွားပြီး အသက်ပါသေဆုံး တတ်ပါတယ်။ အဆိပ်သင့်တဲ့ သူကိုတွေ့ရင် နီးစပ်ရာဆေးရုံ၊
ဆေးခန်းကို ကြိုတင်ဆက် သွယ်ပါ။ (သက်ဆိုင်ရာ မြို့နယ်ဆေးရုံ ဖုန်းနံပါတ်ကို
ကြိုတင်သိထား၊ စုထားသင့် ပါတယ်) ဆေးရုံကို အကြောင်းကြားပြီး လူနာတင် ယာဉ်ခေါ်ပါ။
လူနာတင်ယာဉ် ခေါ်နေတဲ့စပ်ကြားမှာ လုပ်ဆောင်သင့်တာကတော့ ဘယ်လို အဆိပ်သောက်
လိုက်တယ်။
ဘယ်လောက်များများ သောက်လိုက်တယ်ဆိုတာကို သိဖို့ပါပဲ။ အနီးအနားမှာရှိတဲ့
ပုလင်းလွတ်၊ ဘူးခွံ အပါအဝင် အဆိပ်သောက်သူ အသုံးပြုထားတဲ့ ပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို
ရှာဖွေသိမ်းဆည်း ပြီး ဆေးရုံရောက်ရင် ဆရာဝန်က ပြန်ပြရပါမယ်။ အဆိပ်ရည် စွန်းပေနေတဲ့
အဝတ်အထည်များကို ချွတ်ပစ်ပါ။ ပါးစပ်နဲ့ နှုတ်ခမ်း တဝိုက်မှာစွန်းပေနေတဲ့ အဆိပ်အစအန
အကြွင်းအကျန်များကို သုတ်ပစ်ပါ။ လဲလှယ်တဲ့ အခါမှာ အဆိပ်မထိ သေးတဲ့နေရာ သို့မဟုတ်
အရေပြားပေါ်မှာ အဆိပ်တွေ မစွန်းပေဖို့ဂရုစိုက်ပါ။ အန်အောင် ပြုလုပ်ခြင်းကြောင့်
လည်ချောင်းတစ်လျှောက်က ပြန်တက်လာတဲ့ အစာများကတစ်ဆင့် လည်ချောင်းကို ထပ်မံလောင်စေ
စားစေတဲ့အတွက် အန်အောင်မလုပ်သင့်ပါ။ လောင်စေ စားစေတတ်သည့် ဓာတုပစ္စည်းတွေ
နှုတ်ခမ်းကို လောင်ပါက ပါးစပ်၊ အာခံတွင်းနဲ့ လည်ချောင်းအတွင်း အလောင်၊ အပူလျော့ပါးစေရန်
နို့အေး သို့မဟုတ် ရေအေးအေး အနည်းငယ် တိုက်သင့်ပါတယ်။ ကာယကံရှင်ကိုလည်း
နှစ်သိမ့်ဖျောင်းဖျပေးပါ။ အရက်(မက်သနော) ဆိပ်သင့်သူဆိုရင်တော့ အအေးမမိစေရန်
စောင်ခြုံပေးပါ။ အဆိပ်သောက်သူ သတိလစ်သွားပါက တစောင်းထားပါ။ လက်ကောက်ဝတ်
သွေးခုန်နှုန်း အသက်ရှူပုံကို စောင့်ကြည့်ပေးပါ။ အသက်ရှူလမ်းကြောင်း လွယ်ကူစေရန်
ဆောင်ရွက်ပေးပါ။ လိုအပ်လျှင် ရှေးဦး သူနာပြုစုနည်းနဲ့ ကယ်ရမှာပါ။ အထက်ပါ
အချက်တွေကို သေချာစွာ မှတ်သားထားမှသာ အဆိပ်သောက် သူကို ကယ်တင်နိုင်မှာ ဖြစ်ပါတယ်။
Credit - Good Health
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။