သွားဖြူစေတဲ့နည်း
29-May-2019သွားအရောင်က သွားရဲ့ကြွေလွှာမှာမဟုတ်ဘူး။ အပေါ်ဆုံးကြွေလွှာ enamel ရဲ့အောက်က သွားအရိုးသားလွှာ
dentin မှာ စွဲနေတဲ့အရောင်က ကြွေလွှာကိုဖောက်ပြီးမြင်နေရတဲ့သဘောပါ။ ဒီတော့သွားရဲ့အရောင်ကိုဖြူဖို့
ဒင်တင်ဆိုတဲ့ သွားအရိုးသား မှာစွန်းထင်းနေတဲ့အရောင်တွေကို ချွတ်နိုင်ရမှာ..။
သွားအရောင်ဖြူလာဖို့ နည်းကောင်းတစ်ခုက မုန်ဖုတ်ဆော်ဒါထဲ
လီမွန်သံပုရာသီးညှစ်ထည့်ပြီး မွှေပေးလို့ရလာတဲ့ သွားတိုက်ဆေးလို အနှစ်တွေနဲ့ သွားကိုပွတ်ပေးဖို့ပဲ။
ပထမပိုင်းမှာ အမြုပ်တွေထလာမယ်။ ငြိမ်အောင်စောင့်ပြီး မှသုံးပါ။
ခပ်ကြာကြာနေပြီးမှ ပလုပ်ကျင်းပြီးထွေးထုတ်ပါ။
Credit : Myanmar Health Tips
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။