စိတ်ရောဂါနှင့် မှတ်သားထားသင့်သည့် အကြောင်းအချက်များ
29-May-2019စိတ်ရောဂါသည် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်တတ်ကြောင်း သိခဲ့ကြပါပြီ။
သို့ရာတွင် အဓိကမှတ်သားထားသင့်သည့် အကြောင်းအချက်အချို့ကို အနှစ်ချုပ်၍
တင်ပြလိုပါသည်။
(၁)။ မျိုးရိုးဗီဇ
စိတ်ရောဂါအချို့သည် မျိုးရိုးဗီဇကြောင့် ဖြစ်တတ်သဖြင့် အိမ်ထောင်ဖက်ရွေးချယ်ခြင်း၊
အိမ်ထောင်ပြုခြင်း၊ သားသမီးယူခြင်း စသည့် လူမှုကိစ္စများအတွက် ထည့်သွင်း
စဉ်းစားသင့်ပါသည်။
(၂)။ ကိုယ်ရည်ကိုယ်သွေးနှင့် ကလေးဘဝအတွေ့အကြုံ
ကောင်းသော ပတ်ဝန်းကျင်၌ ချစ်ခင်ကြင်နာမှုနှင့် လုံခြုံနွေးထွေးမှုသည် ကလေးတစ်ယောက်၏
စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု ( ကိုယ်ရည်ကိုယ်သွေးကောင်းမွန်စေမှု) အတွက်
အရေးကြီးပါသည်။ နုနယ်သော ကလေးအား ခါးသီးနာကျင်စေမည့် အဖြစ်များကို
ရှောင်ကြဉ်သင့်ပါသည်။
(၃)။ ဦးနှောက်ကို တစ်နည်းနည်းဖြင့် ထိခိုက်ခြင်း
ဦးနှောက်ရောဂါများကို စနစ်တကျကုသမှု ခံယူသင့်ပါသည်။ ဥိးနှောက်ကို
ထိခိုက်စေနိုင်သည့် အရက်အလွန်အကျွံ သောက်ခြင်းနှင့် မူးယစ်ဆေးဝါးများ
သုံးစွဲခြင်းမျိုး ရှောင်ကြဉ်သင့်ပါသည်။
(၄)။ လောကဓံဖိစီးမှုကို ခံနိုင်ရည်ရှိအောင် ကြိုးစားခြင်း
လောက၏ သဘာဝအရ လောကဓံဖိစီးမှုများ ကြုံတွေ့လာလျှင် “သတိ” ထားပြီး “အသိ” နှင့်
ဆင်ခြင်တုံ့ပြန်နိုင်အောင် မိမိစိတ်ကို ကြိုးစားလေ့ကျင့်ထား သင့်ပါသည်။
အဆွေခင်ပွန်းကောင်းလိုအပ်ပါသည်။ မိမိကိုးကွယ်သည့် ဘာသာရေးကို လိုက်စားသင့်ပါသည်။
(၅)။ တတ်ကျွမ်းသော ပုဂ္ဂိုလ်များနှင့် စောစီးစွာကုသခြင်း
စိတ်ရောဂါဖြစ်ပြီဆိုလျှင် တတ်ကျွမ်းသော ပုဂ္ဂိုလ်များထံ စောစီးစွပြသ၍
ထိရောက်စွာကုသရန် လိုပါသည်။ စိတ်ရောဂါအထူးကု ဆရာဝန်၏ အကြံပေးချက်
ညွှန်ကြားချက်များကို လိုက်နာသင့်ပါသည်။
Credit: ဒေါက်တာဟန်စိန်
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။