အကြောတက်ခြင်းနှင့် ကန်စွန်းရွက်
30-May-2019မကြာခဏ ဇက်ကြောတက်ကြသူများ၊ ဇက်တောင့်တင်းခြင်း၊ ကိုယ်ငွေ့နွေးနွေးနှင့် ဖျားချင်
သကဲ့သို့ ဖြစ်ပြီး ကိုယ်လက်များ လေးလံခြင်း၊ ချွေးငုပ်ခြင်းများ ခံစားရပါက
သိန္ဓောဆား အနည်းငယ်မျှကို ကန်စွန်းရွက် ကြိတ်ညှစ်ရည် စပ်ပေးပါ။ ထိုဆေးရည်ကို
လူကြီး ဆေးတစ်ခွက်စာအတွက် ဟင်းစာ စတီးဇွန်းနှင့် တစ်ခွန်းကို နံနက်တစ်ကြိမ်၊
နေ့လယ်တစ်ကြိမ်၊ ညတစ်ကြိမ်တစ်နေ့ သုံးကြိမ် တိုက်ကျွေးပေးပါ။
အဆိုပါ လက္ခာဏာများအတွက် ဤဆေးရည် တစ်စက်ကို သန့်ရှင်းသော ရေဆယ်စက်နှင့် ရောစပ်၍
မျက်စဉ်း ဆေးရည်အဖြစ် ခပ်ပေးနိုင်ပါသည်။ ဟင်းလျာတစ်ခွက် ကျန်းမာရေးအတွက် လတ်ဆက်သည့်
ကန်စွန်းရိုးနီ၊ ရွက်ကျပန်းလိန်ရွက်ကို
ရေးနွေးနှင့် ဖျောပါ။ ထို့နောက် ပါးပါးလှီး ဖြတ်တောက်၍ ငါးကျည်းခြောက်၊ ငရုတ်၊
ကြက်သွန်နီ၊ ဆီ၊ ဆားထည့်၍ သံပရာရည် ဆမ်းကာ အသုပ်အဖြစ် စားသုံးပေးခြင်းဖြင့်
အူလမ်းကြောင်းတွင် ဖြစ်ပေါ်နိုင်သော ဝမ်းကိုက ရောဂါ၊ သွေးဝမ်းကိုက်ရောဂါ၊ အမျိုးသမီးတို့တွင်
ဖြစ်ပေါ်တတ်သော မီးယပ်သွေးပုပ် ကျန်သောရောဂါ၊ မီးယပ် သွေးမမှန်သောရောဂါ၊
သားအိမ်လျှောကျသောရောဂါ၊ သားမြတ်နာ (နို့အုံနာ)၊ နို့ထွက်နည်းခြင်း၊
ဇက်ကြောထိုးခြင်း၊ ဇက်ကြောတက်ခြင်း၊ ချောင်းဆိုးခြင်း၊ အသားအရေနှင့် ပတ်သက်သော
အရေပြားရောဂါများ၊ အသံဝင် အသံပျက် ရောဂါအပြင် ဆီးအိမ်နှင့် ပတ်သက်သော
ရောဂါတို့တွင် ကုသရာ၌ အသုံးဝင် စပါသည်။ ကျန်းမာရေး မကြာခဏ ကန်စွန်းရွက်ကို
စားသုံးပေးခြင်းဖြင့် ကျန်းမာမှုကို မြှင့်တင်ပေးနိုင်ပြီး ခွန်အား ဗလရှိခြင်း၊
ဝမ်းတွင်းရောဂါကို သန့်စင်ပေးခြင်း၊ အပူဒဏ်၊ အအေးဒဏ်ကို ခံနိုင်ရည် ရှိစေခြင်း၊
ရောဂါ တစ်စုံတစ်ရာ လွယ်ကူစွာ ဝင်ရောက်မှုကို တားဆီးကာကွယ်စေနိုင်ပါသည်။ ထိုကဲ့သို့
အသုံးဝင်သော ကန်စွန်းရွက်နှင့်တိုင်းရင်းဆေး ခေါင်းစဉ်ဖြင့် စာဖတ်
ပရိသတ်များထံသို့ ရေးသား တင်ပြလိုက်ရပါသည်။
Credit : Health Digest
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။