အိပ်စက်မှု ပုံစံကြောင့် သက်ရောက်နိုင်သော ကျန်းမာရေး အခြေအနေ
26-May-2019သင်က အိပ်ခန်းထဲက
မီးကို မှိတ်အပြီး အိပ်ရာထဲ ဝင်အိပ်တဲ့အခါမှာ ပက်လက်အိပ်တတ်သူလား၊ စောင်းအိပ်တတ်သူလား၊
မှောက်အိပ်တတ်သူလား။သင့်ရဲ့အိပ်စက်မှုအနေအထားက သင့်ကို ခါးနာစေတာ၊ ဟောက်သံထွက်စေတာနဲ့
အိပ်ရာက မကြာခဏ နိုးစေတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် သင်ဟာ ဘယ်လိုလူစားမျိုးလဲဆိုတာကိုပါ
ပြောပြနိုင်ပါတယ်။
မှောက်အိပ်သူ
မှောက်အိပ်တတ်သူတွေက
မကြာခဏအိပ်ရာထဲမှာ လူးလှိမ့်နေတတ်တဲ့ အတွက် သက်တောင့်သက်သာမရှိလှပါဘူး။ ဇက်ကြောတက်တာနဲ့
ခါးနာတာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုသာ အိပ်ကျင့်ရှိသူဖြစ်ရင် ဇက်ကြောမတက်အောင် ခေါင်းအုံးပျော့ပျော့
သုံးတာ ဒါမှ မဟုတ် ခေါင်းအုံးမသုံးဘဲ အိပ်စက်သင့်ပါတယ်။
လွတ်လွတ်လပ်လပ်
မှောက်အိပ်သူ
ခုနစ်ရာခိုင်နှုန်းလောက်က
ဒီအနေအထားမျိုးနဲ့ အိပ်တတ်ပါတယ်။ မှောက်လျက်အိပ်ပြီး သင့်လက်တွေကို ခေါင်းအုံးအောက်မှာ
ထားကာ ဦးခေါင်းတစ်ဖက်စောင်း အိပ်တတ်သူတွေပါ။ ဒီလိုအိပ်စက်တတ်သူတွေဟာ စိတ်ထားမှာရှိတာတွေကို
ထုတ်ပြောတတ်သူ၊ အပေါင်းအသင်းဆံ့သူတွေ ဖြစ်ကြပါတယ်။
ပက်လက်အိပ်သူ
ပက်လက်အိပ်တတ်သူတွေက
ခါးနောက်ကျောနာကျင်တဲ့ဝေဒနာခံစားရတတ်ပါတယ်။ အိပ်ပျော်ရင် ဟောက်တတ်တာ၊ အိပ်ရင်း တစ်ရေးနိုးတာတွေလည်း
ဖြစ်တတ်ပါတယ်။
လက်လှန်ပြီး
ပက်လက်အိပ်တတ်သူ
ငါးရာခိုင်နှုန်းလောက်
ဒီအနေအထားနဲ့ အိပ်တတ်ပါတယ်။ ပက်လက်အိပ်ပြီး လက်မောင်းတွေကို ဦးခေါင်းနေရာဘက် ထား ထားတတ်သူတွေဖြစ်ပါတယ်။
များသောအားဖြင့် ပြောစကားနားထောင်တတ်သူတွေဖြစ်ပြီး အများအာရုံစူးစိုက်မှုကို မခံချင်သူတွေ
ဖြစ်ပါတယ်။
လက်ဘေးချပြီး
တောင့်တောင့်ပက်လက်အိပ်သူ
ရှစ်ရာခိုင်နှုန်းလောက်က
ဒီအနေအထားအတိုင်း အိပ်တတ်ပါတယ်။ လက်နှစ်ဖက်ကို ခန္ဓာကိုယ်နဲ့ ကပ်လျက်အနေအထား အိပ်သူတွေပါ။
နှုတ်ဆိတ်နေတတ်သူ၊ မျှော်လင့်ချက်ကြီးသူတွေ ဖြစ်ကြပါတယ်။
ဘေးစောင်းအိပ်သူ
ဘေးစောင်းအိပ်တတ်သူတွေဟာ
ပုံစံမျိုးစုံနဲ့အိပ်တတ်ကြပေမယ့် သက်သောင့်သက်သာ အရှိဆုံးအနေအထားက ဒူးနှစ်ချောင်းကို
ရင်ဘတ်ဘက် အနည်းငယ်ကွေးပြီး အိပ်တဲ့ပုံစံပါ။
သစ်တုံးကဲ့သို့
ဘေးစောင်းအိပ်သူ
လက်နှစ်ဖက်စလုံးကို
ခန္ဓာကိုယ်ဘေးဘက်ကို ချပြီးဘေးစောင်းအိပ်တတ်သူပါ။ ဒီပုံစံအိပ်သူက ၁၅ ရာခိုင်နှုန်းရှိပါတယ်။
လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးနေသူတွေ ၊ အပေါင်းအသင်းဆံ့သူတွေဖြစ်ကြပါတယ်။
သန္ဓေသားပုံစံအိပ်သူ
၄၀ ရာခိုင်နှုန်းကျော်က
ဒီပုံစံနဲ့ အိပ်တတ်ပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် ဒီပုံစံအိပ်စက်သူ နှစ်ဆပိုရှိပါတယ်။
ပိုပြီးနွေးထွေးမှုရှိတာ၊ ဖော်ရွေတတ်တဲ့ လူစားမျိုးဖြစ်ပြီး သင့်ဘေးနားမှာ သင့်ကို ကာကွယ်မယ့်သူတွေလည်း
ရှိနေတတ်ကြပါတယ်။
ဘယ်လိုပုံစံအိပ်ရင်
အကောင်းဆုံးလဲ
သင်က ခါးနောက်ကျောနာကျင်တတ်သူဖြစ်ရင်
ဘေးစောင်းအိပ်ပါ။
ဒါ့အပြင် သင်ရဲ့ တင်ပါးနဲ့ ခါးနောက်ကျောပေါ်မှာ ဖိအားကျရောက်မှုနည်းအောင် ခြေထောက်နှစ်ခုကြား
ဖက်လုံးခွအိပ်ပါ။ ပက်လက်အိပ်တတ်သူဖြစ်နေရင် သင့်ခါးရိုးရဲ့ သဘာဝအကွေးအတိုင်းဖြစ်ဖို့အတွက်
သင့်ရဲ့ ဒူးခေါင်းအောက်မှာ ခေါင်းအုံးတစ်လုံးခံထားပေးပါ။
သင်က အိပ်ရင်
ဟောက်သံထွက်သူဖြစ်ရင်
ဘေးစောင်းအိပ်တာ
အကောင်းဆုံးပါ။ ပက်လက်အိပ်တတ်သူဖြစ်ရင် ခေါင်းအုံးမြင့်မြင့်နဲ့အိပ်ပါ။ သင့်ဟောက်သံကြောင့်
အိပ်ရာက တစ်ရေးနိုးတာဖြစ်ရင် ဒါမှမဟုတ် သင်နောက်တစ်နေ့မှာ မောပန်းနေတာဖြစ်ရင် ဆရာဝန်နဲ့ပြပါ။
သင်ဟာ ကိုယ်ဝန်ဆောင်ထားသူဖြစ်ရင်
ဘယ်ဘက်စောင်းအိပ်ပါ။
ဒါမှ ကလေးငယ်အတွက် သွေးနဲ့အာဟာရတွေ ပိုရရှိနိုင်ပါမယ်။ ခါးနာတတ်သူဖြစ်ရင် သင့်ရဲ့ ကိုယ်အလေးချိန်ကို
ထောက်ပံ့ဖို့အတွက် ချက်အောက်နေရာမှာ ခေါင်းအုံးခံထားပေးပါ။
ဘယ်ဘက်စောင်းအိပ်သည်သာအကောင်းဆုံးဖြစ်
အဆိပ်အတောက်သန့်စင်စနစ်ကောင်းမွန်ခြင်း
ဘယ်ဘက်စောင်းအိပ်တာက
ပြန်ရည်ကြောစနစ်ရဲ့ လုပ်ငန်းဆောင်တာအတွက် အကောင်းဆုံးဖြစ်တယ်လို့ လေ့လာမှုအရ သိရပါတယ်။
ဒီစနစ်ဟာ ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ အာဟာရဓာတ်တွေကို ပို့ဆောင်ပေးပြီး ခန္ဓာကိုယ်အတွက်
အဆိပ်အတောက်ဖြစ်စေတဲ့ အညစ်အကြေးတွေကို စွန့်ထုတ်ပေးပါတယ်။ ဒီအညစ်အကြေးတွေက ခန္ဓာကိုယ်ရဲ့
ဘယ်ဘက်ခြမ်းကို စီးဆင်းသွားတဲ့အတွက် ဘယ်ဘက်စောင်းအိပ်တာက အညစ်အကြေးသန့်စင်ဖို့ အတွက်
အလွန်အထောက်အကူရရှိစေနိုင်ပါတယ်။
အစာခြေစနစ်ကောင်းမွန်နိုင်
ညာဘက်ကို
စောင်းအိပ်တာက အစာအိမ်အက်စစ်တွေက အစာရေမျိုပြွန်ကို ဆန်တက်ဖို့ လွယ်ကူပြီး ရင်ပူနာရရှိစေနိုင်ပါတယ်။
ဘယ်ဘက်စောင်းအိပ်တဲ့အခါမှာ အစာအိမ်အက်စစ်တွေက အစာမျိုပြွန်ကို ဆန်မတက်နိုင်တာဟာ အက်စစ်တွေက
အစာအိမ်ရဲ့ ညာဘက်အခြမ်းက ထွက်ရှိလာတာကြောင့်ပါ။
ဗေလုံးအပေါ်
ဖိအားသက်ရောက်မှုနည်းနိုင်
ဗေလုံးကလည်း
ခန္ဓာကိုယ်ရဲ့ ဘယ်ဘက်အခြမ်းမှာ တည်ရှိပါတယ်။ သူက သွေးသန့်စင်တဲ့ တာဝန်ရှိပါတယ်။ ပြန်ရည်ကြောစနစ်က
သယ်ဆောင်လာတဲ့ အညစ်အကြေးတွေက ဗေလုံးကို ရောက်ရှိပြီးမှ သူကတစ်ဆင့် ခန္ဓာကိုယ်က စွန့်ထုတ်တဲ့အတွက်
ဘယ်ဘက်စောင်းအိပ်တာက သူရဲ့ လုပ်ငန်းဆောင်တာအပေါ်မှာ ထိရောက်ကောင်းမွန်စေနိုင်ပါတယ်။
နှလုံးကျန်းမာရေး
ပိုမိုကောင်းမွန်နိုင်
ဘယ်ဘက်စောင်းအိပ်တာက
နှလုံးမှ သွေးတွေ ခန္ဓာကိုယ်အနှံ့ ရောက်ရှိဖို့ ညှစ်ထုတ်ရတာ ပိုမိုလွယ်ကူနိုင်ပါတယ်။
သွေးကြောမကြီးဖြစ်တဲ့ Aorta က ဘယ်ဘက်ကို ကွေးနေတဲ့အတွက်ကြောင့်ပါ။ ညာဘက်စောင်းအိပ်တာက
သွေးတွေကို ကမ္ဘာကြီးဆွဲငင်အားရဲ့ ဆန့်ကျင်ဘက်ကို ညှစ်ထုတ်ပေးရသလို ဖြစ်နေတာကြောင့်ပါ။
ခန္ဓာဗေဒရဲ့
သဘောသဘာဝအတိုင်း အလုပ်လုပ်နိုင်
အစာအိမ်နဲ့
မုန့်ချိုအိတ်က ခန္ဓာကိုယ်ရဲ့ ဘယ်ဘက်ခြမ်းမှာ တည်ရှိပါတယ်။ ညာဘက်စောင်းအိပ်တဲ့အခါမှာ
သူတို့က ကမ္ဘာဆွဲငင်အားကို ဆန့်ကျင်ပြီး အလုပ်လုပ်ရပါတယ်။ ဒါ့အပြင် အစာအိမ်နဲ့ မုန့်ချိုအိတ်
ပေါ်မှာ ဖိအားတွေ သက်ရောက်မှု များတဲ့အတွက် သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေအပေါ်မှာ အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။
Credit :
ဒေါက်တာ ခင်မိုးမိုး