Fish bone in the throat လည်ချောင်းထဲ ငါးရိုးစူးရင်
01-Jun-2019လည်ချောင်းထဲ ငါးရိုးစူးရင် နာမယ်၊ အနေရခက်မယ်၊ တံတွေး များလာမယ်။ အမြိုရခက်မယ်။
ကိုယ့်ဖာသာ လက်နဲ့ထုတ်လေ ပိုဆိုးလေဖြစ်တတ်တယ်။ ENT clinics
နား-နှာခေါင်း-လည်ချောင်း ဆေးခန်းတွေမှာ မကြာခဏ တွေ့နေရတယ်။ ဖြစ်တဲ့သူကို ရေအရင်သောက်ခိုင်းပါ။
ရေမြိုနိုင်ရင် ပေါင်မုံ့-ထမင်း နဲနဲစား-မြိုကြည့်ပါ။ ဒါနဲ့လဲ ရသွားတတ်တယ်။
လူနာကို အထိုင်ခိုင်းပြီး Tongue depressor လျှာကိုဖိကြည့်ရတဲ့ ကရိယာသုံးပြီး
ရှာကြည့်ပါ။ အရိုးတွေ့နိုင်တယ်။ Abrasions ပွန်းပဲ့နေတာ ရှိရင်လဲမြင်နိုင်မယ်။
ဆရာဝန်ကနေ Headlamp mirror ခေါင်းတပ်မှန်သုံးပြီး Hypopharynx အာခေါင်နေရာကို
စစ်ဆေးမယ်။ Base of the tongue လျှာရဲ့အခြေ၊ Tonsils အာသီးတွေနဲ့ Vallecula
နေရာကို အသေအခြာ စစ်ဆေးမယ်။
လျှာကို ထုတ်နိုင်သလောက် ပတ္တီးစ (အဝတ်စ) သုံးပြီး
ဆွဲထုတ်ရမယ်။ အောက် ရှေ့သွားတွေနဲ့ မထိခိုက်စေနဲ့။ လိုအပ်ရင် Soft palate အာခေါင်ပြော့
နဲ့ Posterior pharynxနောက်ပိုင်းနေရာတွေကို (10% Lidocaine spray) ထုံဆေး ပန်းဆေး
ပေးပါ။ Xylocaine viscous ထုံဆေးကို ပလုပ်ကျင်းခိုင်းတာလဲ လုပ်ခိုင်းနိုင်တယ်။
သတိထားဘို့က ထုံဆေး သုံးလို့ မနာတော့ပေမဲ့ မရှိတော့တာ ဖြစ်ချင်မှဖြစ်တယ်။
လိုအပ်ရင် Soft tissue lateral x ray of the neck ဓါတ်မှန်ရိုက်ရမယ်။ ဒါပေမဲ့
ဓါတ်မှန်မှာ ပေါ်ချင်မှပေါ်တယ်။ ငါးရိုးတို့ Aluminum pop tops အလူမီနီယမ်
ပုလင်းပိတ်အစတို့က ဓါတ်မှန်မှာ မပေါ်ဘူး။ ဒါပေမဲ့ ဆက်တွဲဖြစ်တာမျိုးရှိရင်
မြင်နိုင်တယ်။ Retropharyngeal abscess အနာဖြစ်တာ နဲ့ Severe cervical spondylosis
လည်ပင်းရိုး ကျီပေါင်းတက် တာတို့ကို ဆိုလိုတယ်။
Lateral soft-tissue x rays ရိုက်တာက
အခွဲရခက်တာမျိုးတွေ ရှိနိုင်တယ်။ Ligaments အရွတ်၊ Cartilage အရိုးနုတို့နဲ့
မှားတတ်တယ်။ Plain x ray ရိုးရိုးဓါတ်မှန်မှာ Calcification of Laryngeal and
Hyoid cartilages အရိုးနုတွေက ထုံးဓါတ်ပြောင်းလဲတာနဲ့ လွဲတတ်တယ်။ ဓါတ်မှန်ရိုက်ရင်
လည်ပင်းရိုး (၇ ရိုး) အားလုံးကို မြင်ရအောင် ရိုက်သင့်တယ်။ Barium
swallow-Contrast study ဆေးရည် မျိုချပြီးမှ ရိုက်တဲ့ဓါတ်မှန် လုပ်ရတာလဲ ရှိတယ်။
ငါးအမျိုးအစား မတူရင် ငါးရိုးကို ဓါတ်မှန်မှာ မြင်ရတာ မတူကြဘူး။ ကြက်ရိုးက
လူ့လက်ချောင်းနဲ့ ဆင်တယ်။ Trout နဲ့ Mackerel ငါးတွေက သိပ်မြင်သာဘူး။
Salmon ငါးက မြင်သာတယ်။ ငါးရိုးတွေကို
ချက်-ကြော်ပေမဲ့ ဓါတ်မှန်မှာမြင်ရတာ ပြောင်းမသွားတတ်ဘူး။ အစိမ်းနဲ့ အတူတူဘဲ
မြင်ရတယ်။ ၇၅% ကို မြင်ရတယ်။ Base of the tongue လျှာအောက်ခြေ နဲ့ Hypopharynx
နေရာတွေ မှာဖြစ်နေရင် Mirror မှန်ဖြစ်ဖြစ် Indirect laryngoscope ကရိယာကိုဖြစ်ဖြစ်
သုံးရတယ်။ Fiber optic nasopharyngoscopy ကရိယာရှိရင်တော့ အကောင်းဆုံး ဖြစ်မယ်။ Endoscopy
လည်ချောင်းထဲ ကရိယာထည့်ကြည့်တာလဲ လုပ်နိုင်တယ်။ Rigid laryngoscopy, Esophagoscopy
နဲ့ Bronchoscopy ဆိုတာတွေကိုတော့ မေ့ဆေးနဲ့လုပ်ရတယ်။
• ငါးရိုးက သိပ်ငယ်ရင် မြင်ရဘို့ ခဲရင်းတယ်။
• တွေ့ရရင် Tilley forceps ညှပ်နဲ့ ဆွဲနုတ်ပါ။
• တချို့လူနာတွေကိုသာ Antibiotic ဆေးပေးဘို့လိုတယ်။ ရှာကြည့်တာလဲမမြင်၊
ဓါတ်မှန်မှာလဲ မတွေ့၊ ဒါပေမဲ့ လူနာက ကိုယ်ပူတာ နဲ့ နာတာပါရောဖြစ်နေရင် Broad
spectrum antibiotic ဆေးပေးသင့်တယ်။
• ထိခိုက်သွားတဲဒဏ်ကြောင့် နာနေတာမျိုးက တကယ် အရိုးမရှိပေမဲ့လဲ ဖြစ်နိုင်
တယ်။ နောက်ရက်ဆို ကောင်းသွားမယ်။ မကောင်းရင်တော့ Endoscopy ထပ်လုပ်
ရမယ်။
• ငါးရိုးက ရက်နဲနဲလောက်ကြာရင် Cervical esophagus အစာမျိုပြွန်ကို ဖေါက်သွားနိုင်
တယ်။
• Batteries ဓါတ်ခဲတစ်ဆို့နေတာမျိုးကို သတိထားရမယ်။ အထဲက Alkali ကြောင့်
Liquefactive necrosis တစ်ရှူးတွေ သေစေနိုင်တယ်။
• Tetracycline ဆေးတောင့်ကိုမျိုရင် တစ်မနေအောင် သတိထားပါ။ Irritating ulcer
အနာဖြစ်စေတတ်တယ်။
• အရပ်နည်းတွေလဲ ကြားဘူး၊ လုပ်ဘူးကြမှာပါ။ တချို့က ထမင်းပူပူကို အဆုပ်ကလေး
လုပ်ပြီး မဝါးဘဲ မျိုစေတယ်။ သူများနိုင်ငံတွေမှာ ပေါင်မုံ့၊ (ခရက်ကာ)၊ Oat (အုတ်)
အစားခိုင်းတယ်။
• လိမ်မော်ရည်သောက်ခိုင်းတာက Citric acid ပါလို့ အရိုးကို ပျော်စေမယ်။
• ငါးရိုးမဟုတ်ဘဲ တခြားလည်ချောင်းရောဂါရှိနေတာလဲ သတိထားရမယ်။ ၂ဝ% မှာ
ငါးရိုးမဟုတ်တာ တွေ့ရတယ်။
Credit : Dr. တင့်ဆွေ
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။