သတိလစ်၊ မူးမေ့လျှင်
07-Jun-2019သတိလစ်လှဲကျသောလူကို
- နာမည်ခေါ် နှိုးကြည့်ပါ။
- ခေါ်မရရင် အသက်ရှူလမ်းကြောင်းပွင့် မပွင့်၊ အသက်ရှူမရှူ၊ နှလုံးခုန်မခုန် စတာတွေ
စစ်ဆေးပါ။ (A.B.C) စတာတွေ အလုပ်မလုပ်တော့ရင်တော့ C P R (Cardia Pulmonay
Resuscitation) နှလုံးအသက်ကယ် စလုပ်ပါတော့ အရေးကြီးတဲ့အရာတွေ အလုပ်လုပ် နေသေးတယ်ဆိုရင်တော့
ဆေးရုံအမြန်ပို့ဖို့ပြင်ဆင်ပါ။ လမ်းတစ်လျှောက်မှာလည်း A, B, C စတာတွေကို ၅
မိနစ်တစ်ခါ စစ်ဆေးသွားပါ။ ဖြစ်ခါစမှာ အသက်ရှူလမ်းပွင့်သေးတယ်
သွေးခုန်သေးတယ်ဆိုပေမယ့် အချိန်မရွေးရပ်သွားနိုင်ပါတယ်။ ထို့ကြောင့် မကြာမကြာ
စစ်ဆေးပေးရပါတယ်။ ထိုသို့ ဆေးရုံကိုသယ်ပို့ရာတွင် လူနာကိုထားရမယ့် ပုံစံလည်း
အရေးကြီးပါတယ်။
ဘယ်အချိန်တွေမှာ ဆေးရုံကားခေါ်မလဲ
(ဆေးရုံကားခေါ်ပါ) လူနာက သတိလစ်နေတယ် ပြီးတော့
- တစ်မိနစ်အတွင်းမှာ သတိပြန်မလည်လာဘူး အမြင့်ကပြုတ်ကျတယ်။ သွေးထွက်နေ
တယ်။
- ဆီးချိုးရှိတယ်။
- တက်နေတယ်။
- ဝမ်းမနိုင်၊ ဆီးမနိုင်ဖြစ်နေတယ်။
- အသက်မရှူဘူး။
- ကိုယ်ဝန်ရှိတယ်။
- အသက် ၅၀ ကျော်
(ဆေးရုံကားခေါ်ပါ) လူနာသတိပြန်လည်လာတယ်။ ဒါပေမယ့်
- ရင်ဘတ်အောင့်နေတယ်၊ ဖိထားသလိုဖြစ်နေတယ်။ နှလုံးခုန်အမှန်ဘူး၊
- စကားမပြောနိုင်၊ မမြင်နိုင်၊ လက်ခြေမလှုပ်နိုင်
Credit : ရှေးဦးသူနာပြု
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။