မူးမေ့ခြင်း သတိလစ်ခြင်းမဖြစ်အောင်
19-Jun-2019- သွေးတွင်း၊ အချိဓာတ်အရမ်းနည်း သွားတာမျိုးမဖြစ်အောင်၊ အစာမစားဘဲနေတာ၊ အစာကိုကြေညက်အောင်
မစားတာ (မြန်မြန်စားတာ) ရှောင်ပါ။
- ခဏခဏ မူးမေ့သတိလစ်တတ်သူဆိုရင် တစ်နေရာတည်းမှာ မလှုပ်ရှားဘဲ အကြာကြီးရပ်နေတာမျိုး ရှောင်ကြဉ်ပါ။
- ပူတဲ့ရာသီမှာ ရေများများသောက်ပါ။
- ကိုယ့်ကိုယ်ကို မူးမေ့တော့မယ်ထင်ရင် မျက်လုံးတွေပြာလာတာမျိုးဖြစ်ရင် လှဲချလိုက်ပါ။
သို့မဟုတ် ဒူးနှလုံးကြားခေါင်းထားပြီး ထိုင်လိုက်ပါ။ သတိလစ်နေသောသူကို တစ်ယောက်တည်းမထားခဲ့ရပါ။
သတိလစ်နေသူကို သောက်စရာ၊ စားစရာမကျွေးပါနှင့် (နင်တတ်ပါသည်) ပက်လက်ထားရင်
ခေါင်းအောက်မှာ ခေါင်းအုံးမထားပါနှင့်။ မျက်နှာကိုရေနဲ့ ပက်နှိုးတာ၊
ပါးကိုပုတ်နှိုးတာမလုပ်ပါနဲ့။ မူးမေ့မလိုဖြစ်ခါနီးပြီထင်တယ်ဆိုရင်
လူနာကိုလှဲအိပ်ခိုင်းပြီး ခြေထောက်ကို မြှင့်ထားပါ။ မူးမေ့မလိုဖြစ်တာက သကြားဓာတ်နည်းတာနဲ့
တူတယ်ထင်ရင် အချိုတစ်ခုခု တိုက်ပါ၊ ကျွေးပါ။
Credit : ရှေးဦးသူနာပြု
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။