ကိုယ်ဝန်ဆောင်စဉ် မထိုးသင့်သောကာကွယ်ဆေးများ
09-Jul-2019ကာကွယ်ဆေးအမျိုးအစားဟာ live, attenuated viruses ဗိုင်းရပ်အရှင် ဒါမှမဟုတ်
အာနည်းအောင်လုပ်ထားတဲ့ ဗိုင်းရပ်စ် ကနေထုတ်လုပ်ထားတာမျိုးကိုကိုယ်ဝန်ဆောင်မှာ မထိုးသင့်ပါ။
အဲ့လိုကာကွယ်ဆေးနဲ့ အနည်းဆုံး ၄ ပတ်ခြားပြီးမှသာ ကိုယ်ဝန်ယူသင့်တယ်။ တချို့က ၃
လအထိ ခြားခိုင်းတယ်။
ကိုယ်ဝန်ဆောင်စဉ် မထိုးသင့်သော ကာကွယ်ဆေးများ
၁။ MMR (Measles, Mumps and Rubella) Vaccine ဝက်သက် + ပါးကျိတ်ရာင် +
ဂျာမန်ဝက်သက်ကာကွယ်ဆေး
၂။ Varicella (Chickenpox) Vaccine ရေကျောက်ကာကွယ်ဆေး
၃။ Live, Attenuated Influenza Vaccine တုပ်ကွေးကာကွယ်ဆေး
၄။ Oral Poliovirus Vaccine ပါးစပ်ကနေတိုက်တဲ့ ပိုလီယိုကာကွယ်ဆေး
၅။ Yellow Fever Vaccine အဝါရောင်အဖျားရောဂါကာကွယ်ဆေး
၆။ Typhoid Vaccines တိုက်ဖွိုက်ရောဂါကာကွယ်ဆေး
၇။ BCG Vaccine တီဘီကာကွယ်ဆေး
၈။ Vaccinia (Smallpox) Vaccine ကျောက်ကြီးရောဂါကာကွယ်ဆေး (အခုမထိုးတော့ပါ)
၉။ HPV vaccine သားအိမ်ဝကင်ဆာကာကွယ်ဆေးကို သက်ရှိပိုးကနေထုတ်လုပ်တာ မဟုတ်ပေမယ့်
ဆေး ၃ ကြိမ် ထိုးတာမပြည့်ခင် ကိုယ်ဝန်ရှိသွားရင် ကျန်တာကို ကလေးမီးဖါွးပြီးမှာသာ
ဆက်ထိုးပါ။
Credit : ဒေါက်တာတင့်ဆွေ
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။