အအေးကိုက်နာ
10-Jul-2019 ခြေချင်းဝတ်နှင့် ခြေဖမိုးတို့ဖြစ်ပါတယ်။
စိုးရိမ်ရပါသလား
မစိုးရိမ်ရပါ၊ သို့သော် နေထိုင်ရခက်ပါတယ်။
ရောဂါလက္ခဏာများ
- ဖြူဖျော့၍ ထုံကျင်နေခြင်း။ (အထူးသဖြင့် လက်ဖဝါးများနှင့်
ခြေချောင်းများမှာ ပိုမိုခံစားရပါတယ်။)
- ပူနွေးလာတဲ့အခါ ထိုနေရာတွေမှာ နီရဲရောင်ရမ်းလာပြီး ယားယံလာခြင်း။
သင်ပထမဆုံးဘာလုပ်သင့်သလဲ
၁။ ကလေးကို ရာသီဥတုအေးနေတဲ့ အချိန်တွင် အပြင်သို့ အဝတ်လုံခြုံအောင်
မဝတ်ဘဲ ခေါ်သွားမိလို့ ယားယံလာခဲ့ရင် အရေပြားထဲ ဝင်ရောက်သွားနိုင်တဲ့ ပေါင်ဒါတစ်မျိုးမျိုး
လိမ်းပေးခြင်းဖြင့် ယားယံမှုပျောက်ကင်း သက်သာစေနိုင်ပါတယ်။
၂။ ကလေးကို အဝတ်လုံလုံခြုံခြူံ ဝတ်ပေးခြင်း၊ ခြေအိတ်၊
လက်အိတ်စွပ်ထားပေးခြင်းတို့ဖြင့် အရေပြားကို အအေးနဲ့ မတွေ့ထိစေအောင် ကာကွယ်ပေးပါ။
ဆရာဝန်နဲ့ပြသဖို့လိုသလား
ကလေးကြည့်ရတာ မသက်မသာဖြစ်နေရင် ဆရာဝန်ထံပြသပါ။
ဆရာဝန်က ဘာလုပ်ပေးမှာလဲ
သွေးကြောများပွင့်ကာ သွေးစီးဆင်းမှု ကောင်းစေမယ့် လိမ်းဆေးတစ်မျိုးမျိုးကို
ဆရာဝန်ကညွှန်ကြား ပေးပါလိမ့်မယ်။
သင်ဘာလုပ်ပေးသင့်သလဲ
- အေးပြီး စိုစွတ်တဲ့ ရာသီမှာ ကလေးကို လုံလုံခြုံခြုံ
ဝတ်ဆင်ပေးထားပါ။
- ကလေးခြေဖျားမအေးအောင် အတွင်းခံအနွေးဓာတ်ထိန်း ရှူးဖိနပ်မျိုးကို
စီးပေးသင့်ပါတယ်။
Credit : ဒေါက်တာမာမာဆွေ
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။