Print

သွားအလှ ပြုပြင်ထိန်းသိမ်းနည်း

  01-Mar-2017
Preview Image

အခုခေတ်ပေါ် နည်းစနစ်များအရ ချွတ်ယွင်းမှုရှိတဲ့ သွားတွေကို နုတ်ပစ်ဖို့ မလိုအပ်ဘဲ နဂို သွားပုံစံအတိုင်းလှအောင် ကုသပြုပြင်လို့ ရနေပြီဖြစ်ပါတယ်။ သွားအလှပြုပြင်ရာမှာ ယေဘုယအားဖြင့် ကုသမှုလေးမျိုး ရှိပါတယ်။

 

(၁) သွားများကို သဘာဝအတိုင်း ပြန်ဖြစ်စေရန် ဆေးကပ်၍ ရောင်ခြည်ဖြင့် ကုသခြင်း
(၂) အစွပ် စွပ်ပေးခြင်း
(၃) သွားညှိကုသပေးခြင်း
(၄) သွား မျက်နှာပြင်ပေါ်သို့ ပုံစံကိုက် ပြုလုပ်ထားသော ကြွေအလွှာပြား ကပ်၍ပြုပြင်ခြင်း

 

ပထမနည်း သုံးမျိုးကို ဆရာဝန်တိုင်းလိုလို အသုံးပြုပေးနေကြပါပြီ။ သို့ပေမယ့် စတုတ္ထနည်းကတော့ ပစ္စည်းအခက်အခဲကြောင့် တချို့ဆရာဝန်တွေသာ အသုံးပြုနိုင်ကြပါသေးတယ်။ ပထမနည်းက ပိုးစားနေတဲ့ သွားများ၊ ထိခိုက်ဒဏ်ရာရတဲ့အတွက် ပဲ့သွားတဲ့ သွားများ၊ အရောင်မလှတဲ့သွားများ၊ ကျဲနေသောသွားများနှင့် မွေးရာပါ သွားမျက်နှာပြင် ချွတ်ယွင်းနေသူများကို အချိန်အနည်းငယ်အတွင်းမှာ ပြုပြင်ပေးနိုင်တဲ့ နည်းဖြစ်ပါတယ်။

 

ဒုတိယနည်းအနေနှင့် သွားပိုးစားထားလို့ အပေါက်ဖြစ်နေခြင်း၊ သွားဖာထားတဲ့ နေရာ အလွန်များနေခြင်းနှင့် အကြောထုတ် ကုသမှု ခံယူထားသူတွေကို မူအရွယ်အစားနှင့် အရောင်အတိုင်း ဖြစ်စေဖို့ စွပ်ပေးခြင်း နည်းပါးပဲ။တတိယ နည်းကတော့သွားများ ခေါနေခြင်း၊ ထပ်နေခြင်း၊ ကျဲနေခြင်းနှင့် မညီမညာ မလှမပ ဖြစ်နေခြင်းများကို ညှိပြီး ပြုပြင်ကုသပေးတဲ့ နည်းဖြစ်ပါတယ်။ သွားမလှလို့ စိတ်ပျက်အားငယ်နေသူတွေ လူပုံအလယ်မှာ ရဲရဲဝ့ံဝ့ံ ပြုံ့ရယ်နိုင်ပြီလည်း ဖြစ်ပါတယ်။ဒါကြောင့် ခံတွင်းကျန်းမာမှ တစ်ကိုယ်လုံး ကျန်းမာမှာ ဖြစ်ပြီး တစ်ကိုယ်လုံး ကျန်းမာမှလည်း အလှအပများ ပိုမိုဝင့်ကြွား တောက်ပလာနိုင်မှာ မဟုတ်ပါလား။


Credit:
နန်အိအိဇာ
လှသည်ထက်လှမယ်ဆိုရင် စာအုပ်မှကောက်နုတ်ထားပါသည်။


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18