ဆံပင်ဖြူခြင်း
28-Jul-2019ဆိုပါသည်။
ဤဆံပင်ဖြူ တွေ့ရှိနိုင်မှုသည် ကျား၊ မနှင့် မူလဆံပင်အရောင်ပေါ် မူတည်ပြီးမရှိပါ။ အမျိုးသားများတွင်
ဆံပင်ဖြူခြင်းသည် နားထင်မွေးများတွင် စတင်လေ့ရှိပါသည်။ အမျိုးသမီးများတွင် ဆံစပ်များတွင်
စဖြူလေ့ရှိပါသည်။ ဆံပင်ဖြူနှုန်းသည် မျိုးရိုးဗီဇပေါ်တွင် တည်မှီပါသည်။ လူဖြူများတွင်
အသက် ၂ဝ မတိုင်မီနှင့် လူမည်းများတွင် အသက် ၃ဝ မတိုင်မီ ဆံပင်ဖြူလျှင် ဆံပင်စောစောဖြူခြင်းဟု
ယူဆနိုင်ပါသည်။ ဆံပင်စောစောဖြူခြင်းသည် မျိုးရိုးလိုက် တတ်ပါတယ်။ ဆံပင်ဖြူခြင်းသည်
ဆံပင်များအတွင်းရှိ ရောင်ခြည်ပစ္စည်းများ မရှိတော့၍
ဖြစ်ကြောင်း နားလည်ထားကြသော်လည်း ဆဲလ်များနဲ့ မော်လီကျူးဆိုင်ရာ
အသေးစိတ် ဖြစ်စဉ်များကို အတိအကျ မသိကြသေးပါ။ ဆံပင်များ၏ အရောင်သည်မယ်လနိုဆိုက်များမှ
ထုတ်လုပ်သော မယ်လနင်ရောင်ခြည် ပစ္စည်းပေါ်တွက် အဓိကတည်မှီပါတယ်။
ဤမယ်လနင်ရောင်ခြည် ပစ္စည်းထုတ်လုပ်မှုသည် ရှုပ်ထွေးသော ဇီဝဓာတုဖြစ်စဉ်ဖြစ်ပြီး
tyrosinase အင်ဇိုင်းသည် ထိုဖြစ်စဉ်တွင် အဓိကကျပြီး ထုတ်လုပ်မှုနှုန်းကိုလည်း ထိန်းပေးပါသည်။
ဆံပင်ဖြူများတွင် မယ်လင်နင်ထုတ်လုပ်သော မယ်လနိုဆိုက်များ သိသိသာသာ လျော့နည်းနေကြောင်း
တွေ့ရှိထားကြသည်။ မယ်လနိုဆုန်း (melanosome) များ မရှိ၊ (သို့) လျော့နည်းနေကြောင်း
တွေ့ရှိရပါသည်။ ဤဖြစ်စဉ်သည် oxidative stress ၏ ရလဒ် ဖြစ်နိုင်သည်ဟု ယူဆမှုများရှိပါသည်။
အချို့သော ဖြစ်ရိုးဖြစ်စဉ်မဟုတ်သည့် မယ်လနင်ထုတ်လုပ်မှု ဖြစ်စဉ်များအတွင်းတွင် လွတ်နေသော
ဓာတ်တိုးပစ္စည်းများ ထွက်ရှိနိုင်ပြီး ၎င်းတို့ကို ထိထိရောက်ရောက် မဖယ်ရှားနိုင်ပါက စုမိလာပြီး
oxidative stress ကို ဖြစ်စေနိုင်သည်ဟု ယူဆကြပြီး ဖြစ်ပါသည်။ Antioxidant system သည်
အသက်အရွယ် ရလာသောအခါ ယိုယွင်းလာခြင်းလည်း ဖြစ်နိုင်ပါသည်။
ဆံပင်ဖြူခြင်းသည် အရောင်ရှိသော ဆံပင်များထက် ပိုကြမ်းပြီး
ဖြီးသင်ရ ပိုခက်ပါသည်။ ဆံပင်ပုံသွင်းရန်လည်း ပိုခက်ပြီး အရောင်းဆိုးရလည်း ပိုခက်ပါသည်။
ထို့ကြောင့် ဆံပင်ဖြူများတွင် ဆံမျှင်များအတွင်း တည်ဆောက်ပုံ အနည်းငယ်ပြောင်းသွားနိုင်သည်ဟု
ခန်းမှန်းကြပါသည်။ ထိုအချက်သည် မယ်လနိုဆိုက်များ အတွင်းမှ မယ်လနင်များကို ဆံပင်ဆဲလ်များအတွင်း
လွှဲပြောင်းမှုကိုလည်း ထိခိုက်စေပါသည်။ ဖြစ်နိုင်ခြေတစ်ခုမှာ မယ်လနင်များကို ဆံပင်ဆဲလ်များအတွင်း
လွှဲပြောင်းမှုသည်။ ဆံပင်ဆဲလ်များ၏ ပွားနှုန်းကို လျော့နည်းစေပြီး ၎င်းတို့ကို သက်တမ်းရှည်စေခြင်း
ဖြစ်ပါသည်။ ဤအချက်ကို ဆံဖြူများသည် ဘေးနားရှိ အရောင်ရှိဆံပင် များထက် ၄ ဆခန့် ပို၍ရှည်မြန်ကြောင်း
တွေ့ရှိမှုက ထောက်ခံပါတယ်။
အသက်ကြီးသူများ၏ ဆံပင်ဖြူများတွင် အတွင်းသားများ
(medulla) များနေခြင်းကိုထောက်၍ အသက်အရွယ်ရလာသောအခါ hair follicles (ဆံပင်ထုတ်ရာ ဆဲလ်အစုအဝေးများ)
သည် မိမိဘာသာ ပြောင်းလဲပြင်ဆင်ပြီး ဆံပင်ဆဲလ်များကို ထုတ်လုပ်လာကြသည်ဟုလည်း ယူဆစရာ
ရှိပါတယ်။
ဆံပင်များ အိုမင်းရင့်ရော်လာခြင်းအတွက် ဆေးဝါးများနှင့်
အခြားနည်းလမ်းများ-
ဆံပင်ဖြူခြင်းအတွက် ဆောင်ရွက်ဖွယ်ရာများ
p-aminobenzoic acid ထိုးခြင်းသည် ဆံပင်ကို ယာယီ ပြန်မည်းစေနိုင်ပါသည်။
ဆေးထိုးပြီး ၂ လ မှ ၄လ တွင် ဆံပင်များ ပြန်မည်းလာခြင်းမှာ သိသာသော်လည်း ဆေးထိုးခြင်း
ရပ်လိုက်ပြီး ၂ ပတ်မှ ၄ ပတ်အတွင်း ပြန်ဖြူသွားသည်ဟု ဆိုပါသည်။ ဆံပင်များ ဖြူခြင်း၊
မည်းခြင်းဖြစ်စဉ် ဖြစ်ပွားပုံကိုအသေးစိတ်နား မလည်ကြသေးပါ။ ဘေးထွက်ဆိုးကျိုးများပြီး
အစာအိမ်နှင့်ပတ်သက်သော ပြဿနာများမှာ အဓိကဖြစ်ပါသည်။ ဆံပင်ဖြူများကို သဘာဝအတိုင်း ပြန်မည်းအောင်
မလုပ်နိုင်ကြသေးပါ။ ထို့ကြောင့် ယခုအချိန်ထိ ဆံပင်ဆိုးဆေးများသည် ဆံပင်ဖြူခြင်းအတွက်
အဓိကအားကိုးစရာများ ဖြစ်ပါသည်။ ဆံပင်ဆိုးဆေးများကို ယာယီဆိုးဆေးများ၊ (အဝတ်အထည်ဆိုးဆေးများ)၊
သဘာဝအရောင်ဆိုးဆေး၊ (henna ခေါ်ဟင်္သာပြဒါး)၊ ရာသက်ပန်တစ်ပိုင်း ဆိုးဆေးများ (low
molecular wight direct dyes) နှင့် ရာသက်ပန်ဆိုးဆေးများ (aromatic amines) ဟု ခွဲခြားနိုင်ပါသည်။
ယာယီဆိုးဆေးများသည် ဆံပင်များ၏ cuticle လွှာကို ထိုးဖောက်ဝင်ရောက်ခြင်းမပြူပါ။ အရောင်များမှာလည်း
ခပ်ဖျော့ဖျော့သာဖြစ်သဖြင့် ဆံပင်ဖြူများကို လုံးဝမည်းနက်အောင် ဖြစ်စေနိုင်စွမ်း မရှိပါ။
အစမ်းသဘောစမ်းကြည့်ရာတွင် သုံးနိုင်ပါသည်။ ခေါင်းလျှော်လိုက်လျှင် ဆိုးဆေးများ ကျွတ်သွားပါသည်။
Henna သည် သစ်ပင်မှရသော ဆိုးဆေးတစ်မျိုးဖြစ်ပါသည်။ အနီရောင်ရှိသဖြင့် ဆံပင်များကို
ဆိုးလိုက်သောအခါ ဆေးဆိုးပြီးနောက် လိမ္မော်ရောင် ဖြစ်စေပါသည်။ ရာသက်ပန်တစ်ပိုင်းဆိုးဆေး
များသည် cuticle လွှာကို ထိုးဖောက်ဝင်ရောက်ပါသည်။
Credit : ဒေါက်တာခိုင်ခိုင်ဇော်
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။