လိုင်စင်ရ အသံတိတ် လူသတ်သမားများ
31-Jul-2019ကြောက်လန့်စိတ် အတော်ကြီးမားသွားသည်။ ယင်းကြောင့် လက်ရှိသုံးစွဲနေသော
အသားမှုန့်များ၊ အချိုမှုန့်များ နေရာတွင် မည်သည့် ဟင်းခတ်ပစ္စည်း အစားထိုးရမည်ကို ဒေါ်တင်တင်ဌေး
တစ်ယောက် စဉ်းစားကြည့်သော်လည်း အဖြေမထွက်ခဲ့ချေ။ အစားအစာများ ချက်ပြုတ် ကြော်လှော်ရာတွင် သုံးစွဲနေသော အသားမှုန့်များတွင်
အချိုမှုန့်များ၏ ပါဝင်ပစ္စည်းအတိုင်းသာ ပါဝင်ကြောင်း၊ အထူးသဖြင့်
အချိုမှုန့်၊ အသားမှုန့်များသည် အချိုအရသာ ရရှိရန်
အသုံးပြုသော်လည်း ယင်းတို့၏ပါဝင် ပစ္စည်းများသည်
အငန်ဓာတ်သာ ဖြစ်သောကြောင့် ရေရှည်စားသုံးမည် ဆိုပါက ကျန်းမာရေးကို ထိခိုက်နိုင်ကြောင်း
မြန်မာနိုင်ငံရှိ စားသုံးသူ ကာကွယ်ရေး တာဝန်ရှိသူများနှင့် ဆေးပညာရှင် အသိုင်းအဝိုင်းက
ပြောကြားထားသည်။
အချိန်ကာလ အတန်ကြာကတည်းက အချိုမှုန့်သုံးစွဲနေခဲ့ရာမှ မြန်မာနိုင်ငံတွင်
ပြည်ထဲရေးဝန်ကြီးဌာနက ၂၀၀၀ ပြည့်နှစ် ဝန်းကျင်တွင် ယင်းအချို့မှုန့်များ
တင်သွင်းခွင့် စတင်ပိတ်ပင်ခဲ့ပြီး ယခုနှစ်ပိုင်းတွင်မှ တရားဝင် တင်သွင်းခွင့် ပြုခဲ့ရာ
လက်ရှိအချိန်တွင် ပြည်ပမှ အထူးသဖြင့် ထိုင်းနိုင်ငံမှ အချိုမှုန့်၊အသားမှုန့်များသာမက
ပြည်တွင်းထုတ် အသားမှုန့်များလည်း အိမ်ရှင်မတိုင်း၏ မီးဖိုခန်းတွင် နေရာယူလျက် ရှိသည်။
အချိုမှုန့်အန္တရာယ်ကို သိရှိပြီးနောက် အစားထိုးသုံးနိုင်သည့်
အသားမှုန့်များကြောင့် လက်ရှိအချိန်တွင် အသားမှုန့် သုံးစွဲသူ ရာခိုင်နှုန်းသည် အချိုမှုန့်
သုံးစွဲသူများထက် ပိုများနေလိမ့်မည် ဖြစ်သည်။ အသားမှုန့်၏ ကျန်းမာရေး ဆိုးကျိုးများသည်
အချိုမှုန့်၏ ဆိုးကျိုးအတိုင်း ဖြစ်လာမည်ကိုမူ စားသုံးသူများ ကျယ်ကျယ်ပြန့်ပြန့် မသိကြသေးချေ။
လူ့ကျန်းမာရေးအတွက် တိတ်တဆိတ် အန္တရာယ်ပေးနေသော အချိုမှုန့်၊
အသားမှုန့်များသည် မြန်မာနိုင်ငံအတွင်းသို့ နေ့စဉ် ဝင်ရောက်နေပြီး နေ့စဉ် စားသုံးနေသည့်အစား
အစာတိုင်းတွင် နေရာယူကြီးစိုးလျက် ရှိသည်။ရေရှည် သုံးစွဲလာသော
အချိုမှုန့် ပြဿနာကို အသားမှုန့် အန္တရာယ်ထက် ပိုမိုရင်ဆိုင်နေရသည်မှာ အသားမှုန့်ထက် ဈေးနှုန်းသက်သာသော
အချိုမှုန့်များကို စားသောက်ဆိုင် အများစုတွင် အသုံးပြု နေခြင်းဖြစ်ပြီးပြည်သူ့ကျန်းမာရေး
ကဏ္ဍအတွက် စိန်ခေါ်မှုကြီး တစ်ရပ်လည်း ဖြစ်နေသည်။ အစားအသောက်နှင့်
ဆေးဝါး ကွပ်ကဲရေးဌာန၏ တရားဝင် ခွင့်ပြုချက် လိုင်စင်နှင့်ရောင်းချနေသော အချိုမှုန့်များ
ရှိသော်လည်း တရားမဝင် သွင်းယူလာသော အချိုမှုန့် အန္တရာယ်က ရှိနေသေးသည်။ တရားမဝင် အချိုမှုန့်များတွင်
တရုတ်နိုင်ငံရှိအသေးစား တစ်နိုင်တစ်ပိုင် လုပ်ငန်းတို့မှ
အချိုမှုန့် တံဆိပ်အတုများ ပြုလုပ်ကာ တင်သွင်းမှုများ ရှိသည့်အပြင် တံဆိပ်မပါသော အချိုမှုန့်
အိတ်ကြီးများ ဖြင့်လည်း ဝင်ရောက်လျက် ရှိကြောင်း ရန်ကုန်မြို့ရှိ ဈေးဆိုင်များထံမှ
စုံစမ်းသိရှိရသည်။
၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ
၁၆ ရက်နေ့အထိ ကာလအတွင်း ထိုင်း-မြန်မာနယ်စပ်မှ အချိုမှုန့် တန်ချိန် ၄၀ နီးပါး တရားဝင်
တင်သွင်းခဲ့ဖူးကြောင်း၊ တစ်ဖက်တွင်လည်း အဆိုပါ နှစ်လအတွင်း တရားမဝင် သွင်းလာသော အချိုမှုန့်
တန်ချိန် ၁၀ ခန့် ဖမ်းဆီးထားပြီ ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန
နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။ယင်း ပမာဏသည် အချိုမှုန့် ပမာဏသာဖြစ်ပြီး တရားဝင် ဖြန့်ဖြူး ရောင်းချနေသည့်
အသားမှုန့်၏ ပမာဏကို ထည့်သွင်းထားခြင်း မရှိသေးချေ။ မြန်မာနိုင်ငံရှိ လူဦးရေသန်း ၆၀
ကျော်တွင် လွယ်လင့်တကူ ဝယ်ယူရရှိနိုင်သော အချိုမှုန့်၊ အသားမှုန့်များ၏ အန္တရာယ်ကို သိလျက်နှင့်
တိုးဝင်နေကြရသူ အများအပြား ရှိနေသည်။ “အခုအချိုမှုန့်၊ အသားမှုန့် အစားထိုး ရွှန်းတိုးတိုးကို
သကြားနဲ့ တွဲသုံးတယ်။ ကျန်တာတွေလည်း မသုံးရဲဘူး” ဟု အသက် ၄၀ ကျော်အရွယ် အိမ်ရှင်မတစ်ဦးက
ပြောကြားသည်။ ယင်းမှာ ပြည်တွင်းထုတ် အသားမှုန့်တစ်မျိုး ဖြစ်သည်။
ကောင်းတယ်” ဟု ရန်ကုန်မြို့နေ အသက် ၅၀ ကျော် အိမ်ရှင်မတစ်ဦးဖြစ်သူ
ဒေါ်ခင်အေးက ပြောဆိုသည်။
သို့သော် လတ်တလော ရေကျိုငါးပိတွင် ဓာတ်မြေသြဇာ ထည့်သွင်းထားသော
သတင်းများ ပေါ်ထွက်ပြီး နောက်ပိုင်း ငါးပိ ရောင်းအားများလည်း ကျဆင်းသွားခဲ့ပြီး ငါးပိကို
ယုံကြည်စွာ သုံးစွဲခဲ့သူများ ဟင်းပွဲတိုင်းတွင် ထည့်သွင်းရန် ကြောက်လန့်
သွားခဲ့သည်။ ယင်းထက် ဆိုးရွားသည်မှာ အချိုမှုန့်၊ အသားမှုန့်များ
ပိုသုံးစွဲလာသည့်အတွက် ကလေးသူငယ်များတွင် ငယ်ရွယ်စဉ် ကတည်းက နှလုံးရောဂါ ၊ ဆီးချိုရောဂါနှင့်သွေးတိုး
လက္ခဏာများ ဖြစ်နိုင်ကြောင်း၊ ယင်းအပြင် အချိုမှုန့်ကို ရေရှည်စားသုံးပါက မှတ်ဉာဏ် အားနည်းလာကာ
ပါကင်ဆန် ရောဂါနှင့် အယ်ဇိုင်းမားရောဂါတို့ ဖြစ်လာနိုင်ကြောင်း ပြည်တွင်း အထွေထွေရောဂါကု
ဆရာဝန်များထံမှ သိရသည်။ ယင်းအပြင် အချိုမှုန့်ကို
နေ့စဉ် စားသုံးခြင်းကြောင့် အဝလွန်ခြင်း၊ မျက်လုံး ထိခိုက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပင်ပန်း နွမ်းနယ်ခြင်း၊ စိတ်ဓာတ်ကျခြင်းတို့
ဖြစ်စေနိုင်သည့်အပြင် အခြားဘေးထွက် ဆိုးကျိုးများအဖြစ် ခြေဖျားလက်ဖျား ထုံကျင်ခြင်း၊
ပူနေခြင်း၊ မျက်နှာတင်းနေခြင်း၊ ရင်ဘတ် အောင့်ခြင်းနှင့် အသက်ရှူရ ခက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊
ရင်တုန်ခြင်း၊ ပျို့အန်ခြင်းတို့ ဖြစ်စေနိုင်ကြောင်း ရန်ကုန်မြို့ရှိ အထွေထွေရောဂါကု
ဆရာဝန်တစ်ဦးက The Voice သို့ ပြောကြားသည်။
Credit : လဲ့ရည်မြင့်၊ သင်းရတနာဆု
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။