Sperm life span သုက်ပိုးတွေ ဘယ်လောက်ကြာကြာရှင်နေနိုင်သလဲ
09-Aug-2019ယောကျ်ားလေးရဲ့ သုက်ရည်ထဲက သုက်ပိုးဟာ ခန္ဓာကိုယ်အပြင်ဘက်မှာ အချိန်ဘယ်လောက်ကြာကြာ နေနိုင်ပါသလည်း။
တကယ်လို့ သုက်ပိုးဟာ ခနွာကိုယ်အပြင်ဘက်ရောက်ပြီး အချိန်နည်းနည်းကြာမှ
မိန်းမအင်္ဂါထဲကို လက်ကနေတဆင့် အနည်းငယ် ကပ်ပါသွားခဲ့ရင်ရော
ကိုယ်ဝန်ရနိုင်ပါသလားခင်ဗျာ။
• Sperm သုက်ပိုးက ဘယ်မှာနေတာလဲ သိရမယ်။ သူတို့နေစရာအပါ်မှာမူတည်ပြီး
ဘယ်လောက်ကြာကြာ ရှင်နိုင်သလဲ ကွာခြားတယ်။
• သုက်ရည်ကို အမျိုသမီးရဲ့ ဗဂျိုင်းနားထဲမှာ ထုတ်လွှတ်ရင် အကြာဆုံး အသက်ရှင်နေနိုင်တယ်။
ဗဂျိုင်းနား၊ သားအိမ်အဝနဲ့ သားမအိမ်ထဲ၊ သားအိမ်ပြွန်နေရာတွေမှာ ၃ ရက်ကနေ ၅ ရက်အထိ
ရှင်နေကြမယ်။
• ဒါကြောင့် အမျိုးသမီးတွေဟာ တလမှာ တစ်ရက်တည်းမှာသာ မျိုးဥကထွက်ပေမဲ့
မျိုးဥမထွက်ခင် သုက်ပိုးတွေက အရင်ရောက်နေလို့ ရှင်နေသေးရင် ကိုယ်ဝန်ရနိုင်မယ်။
• အလားတူ မျိုးဥထွက်ပြီးနောက် မျိုးဥရှင်နေချိန်အတွင်း
သုက်ပိုးနဲ့တွေ့ဆုံပေါင်းစပ်ရင်လဲ ကိုယ်ဝန်ရစေနိုင်တယ်။
• လူ့ကိုယ်ခန္ဓာပြင်ပမှာ သုက်နေရရင် သုက်ပိုးနဲ့အတူထွက်တဲ့ Semen (စီမင်)
အရည်ထဲမှာဆိုရင် ရှင်နေနိုင်သေးတယ်။ နာရီအနည်းငယ်လို့ ပြောနိုင်တယ်။
• (စီမင်) ကို အေးအောင်ထားရင် ပိုကြာကြာထားနိုင်တယ်။ ခဲအောင်လုပ်ထားရင်
နှစ်နဲ့အထိထားနိုင်တယ်။
• လူ့ကိုယ်ခန္ဓာပြင်ပမှာ သုက်ပိုးတွေက မိနစ် ၂ဝ ကနေ ၁ နာရီအထိရှင်နိုင်တယ်။
သုတေသန်တချို့က မိနစ် အနည်းငယ်မှ ၁-၂ ရက်လို့ပြောတယ်။
• ဘာမှာကွာသလဲဆိုရင် အပူချိန်၊ အစိုဓါတ်၊ ပါတ်ဝန်းကျင်အခြေအနေတွေပေါ်မှာ မူတည်တယ်။
အက်စစ် အခြေအနေ၊ ဖိအား၊ စိုထိုင်းဆစတာတွေ။
• ကိုယ်ဝန်ရမှာစိုးရိမ်ရင် သုက်ရည်ကို ဗဂျိုင်းနားနဲ့ ဝေလေကောင်းလေ ဥပဒေသကိုလိုက်နာသင့်တယ်။
• တကယ်တန်း သုက်လွှတ်ခြင်းဖြစ်စဉ် မတိုင်ခင်မျာ စိုစွပ်မှုပေးတဲ့ လိင်စိတ်ကနေဖြစ်စေတဲ့
အရည်ထဲမှာ သုက်ပိုးပါနေ-မနေ ကံသေကမ္မပြောမရပါ။ ရာခိုင်နှုန်းနည်းနည်းတော့
ပါနေနိုင်တယ်။
• ပုဝါအစိုထဲ၊ အဝတ်စိုထဲ၊ ရေထဲ၊ ရေချိုးကန်ထဲမှာ ပိုနေနိုင်မယ်။
• မျိုးဥသက်တမ်းက ပိုတိုတယ်။ သူ့ကိုယ်ထဲမှာသာရှိနေပေမဲ့ မျိုးဥအိမ်ကနေ ထွက်လာပြီးနောက်မှာ
၁၂ နာရီကနေ ၂၄ နာရီသာ ရှင်တယ်လို့ သုတေသနအများစုက ဆိုတယ်။ တချို့ကတော့ ၇၂ ကနေ ၁၂ဝ
နာရီအထိ နေနိုင်တယ်လို့ ပြောတယ်။
• ရှားပါးပေမဲ့ ဖြစ်နိုင်သေးတာက အမျိုးသမီးဟာ တလတည်းမှာ မျိုးဥနှစ်ခုကို ၂၄
နာရီအတွင်းမှာ ထွက်နိုင်တယ်။ တစ်ရက်ကျော်မှထွက်တာလဲ ပြောမရဘူး။ ထွက်လာရင် ၂ ရက်အထိရှင်နိုင်တယ်လို့
ဆိုတာလဲရှိပါတယ်။
• ဒါကြောင့် အများဆုံးရက်တွေကို စုပေါင်းလိုက်ရင် တလမှာ ကိုယ်ဝန်ရနိုင်ခြေက
သုက်ပိုးအသက် ၅ ရက်နဲ့ မျိုးဥအသက်၂ ရက်ဖြစ်လို့ (၅ + ၂ = ၇) ရက် ဖြစ်တယ်။
• အကောင်းဆုံး ကိုယ်ဝန်ရစေနိုင်တဲ့ရက်ဟာ အမျိုးသမီး မျိုဥမထွက်ခင် ၁ ရက်မှာ ယောက်ျားသုက်ပိုး
ဝင်လာစေတာ ဖြစ်တယ်။
Credit : ဒေါက်တာတင့်ဆွေ
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။