Print

မျက်စိလေ့ကျင့်ခန်း

  01-Mar-2017
Preview Image

ကျန်းမာရေးအတွက် လေ့ကျင့်ခန်းများကို မျက်စိလေ့ကျင့်ခန်းဖြင့် ကာကွယ်သွားနိုင် သည်။ မျက်စိကျန်းမာရေးအတွက်လည်း လေ့ကျင့်ခန်းများ လုပ်ဆောင်နိုင်ပါသည်။

 

• မျက်စိကို လက်ဖဝါးဖြင့် အုပ်ကာ မျက်လုံးအိမ် နာရီလက်တံ ရွေ့လျားမှုအတိုင်း လှုပ်ရှားပေးပါ။ ပြီးလျှင် နာရီလက်တံ ရွေ့လျားမှုနှင့် ဆန့်ကျင်၍ ရွေ့လျားမှုပြုပါ။ လက်ဖဝါးကို မျက်စိပေါ်တွင် တင်ရုံသာ တင်ထားရန်ဖြစ်ပြီး ဖိအားပေးရန် မဟုတ်ပါ။

 

• ဆက်လက်လုပ်ဆောင်ရန် လေ့ကျင့်ခန်းမှာ မျက်စိကို အနီးရှိအရာဝတ္ထုကို အာရုံစိုက်ကြည့် ပါ။ တစ်ဖန်အဝေးရှိ အရာဝတ္ထုကို အာရုံစူးစိုက်ကြည့်ပါ။

 

• လေ့ကျင်ခန်းများကို နေ့စဉ်လုပ်ဆောင်သင့်သည်။ သို့သော် အချိန်ကြာဖို့ မလိုပါ။

 

• အပြေးလေ့ကျင့်ခြင်းသည် မျက်စိကျန်းမာရေးအတွက် ကောင်းမွန်သည်။ အပြေးလေ့ကျင့် မှုကြောင့် မျက်စိတိမ်စွဲခြင်းမှ ကင်းဝေးစေနိုင်သည်ဟုဆိုသည်။ ထို့ပြင် အသက်အရွယ်ကြီး ရင့်မှုကြောင့်ဖြစ်သော မျက်စိအမြင်အာရုံခံလွှာ မက်ကျူတလာ ယိုယွင်းပျက်စီးမှုကိုလည်း မှန်မှန်အပြေးလေ့ကျင့်မှုကြောင့် အန္တရာယ်လျော့နည်းစေနိုင်မည်ဖြစ်သည်။

 

• နေ့စဉ် ၄ ကီလိုမီတာမျှ ပြေးပေးနိုင်လျှင် မက်ကျူလွှာ ယိုယွင်းမှုကို ၅၄ ရာခိုင်နှုန်း ထိ လျော့နည်းစေနိုင်သည်။

 

• မျက်တော်ခတ်ပေးခြင်းသည် မျက်စိကျန်းမာရေးအတွက် အရေးကြီးကြောင်းတွေ့ရသည်။ အလုပ်များကို အချိန်ကြာမြင့်စွာ အာရုံစူးစိုက်လုပ်ဆောင်လျှင် အမြင်အာရုံဝေဝါးလာနိုင် မည်ဖြစ်သည်။ အမြင်အာရုံကြည်လင်မှု မရှိတော့ခြင်းမှာ မျက်စိညောင်း လာခြင်းကြောင့် ဖြစ်သကဲ့သို့ မျက်စိခြောက်သွေ့လာမှုကြောင့်လည်း ဖြစ်သည်။

 

မျက်စိကို ကြာရှည်စွာ ဖွင့်ထားလျှင် မျက်စိ၏ မျက်ကြည်လွှာမှ ရေအငွေ့ပြန် မှုကြောင့် ခြောက်သွေ့မှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။ မျက်တောင်ခတ်ခြင်းဖြင့် မျက်စိ၏ မျက်ကြည်လွှာကို စိုစွတ်စေမည်ဖြစ်သည်။ မျက်ကြည်လွှာခြောက်သွေ့ခြင်းကြောင့် ယားယံခြင်းနှင့် အလွယ်တကူ ပိုးမွှားများ ဝင်ရောက်နိုင်သည်။ ကွန်ပျူတာကို အချိန်ကြာမြင့် စွာ အသုံးပြုသူများ အထူးသတိထားသင့်ပါတယ်။ မျက်တောင်ခတ်ပေးခြင်းဖြင့် မျက်စိ ကျန်းမာရေးအတွက် လေ့ကျင့်ခန်းတစ်ခုပင် ဖြစ်ပါသည်။

 

Credit:
ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)
ကျန်းမာရေးနှင့်ပတ်သက်သော အယူအဆအမှားများနှင့် သိမှတ်ဖွယ်ရာများ စာအုပ်မှကောက်နုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18