ရေခဲကပ်ရမလား၊ ရေနွေးကပ်ရမလား
01-Sep-2019အားကစားလုပ်ရင်းဖြစ်စေ.. တခြားကြောင့်ဖြစ်စေ.. ဖြစ်သောဒဏ်တွေကို အမြန်သက်သာအောင်
ရေခဲကပ်ခြင်း အပူအိတ်ကပ်ပေးခြင်းများ လုပ်လေ့ရှိကြပါတယ်။ ဘယ်ဒဏ်ရာမှာ ဘာလုပ်ရင်ပိုကောင်းလဲဆိုတာ
ပြောပြပေးချင်ပါတယ်။
ရေခဲကပ်ပေးသင့်သော ဒဏ်ရာများ
- ခြေဆစ်လွဲခြင်း။ (sprain)
- အကြော၊ အဆစ်မျက်ခြင်း။ (Strain)
- ယောင်ယမ်းခြင်း၊ ဖူးယောင်ခြင်း၊ အဖုဖြစ်ခြင်း။ (Inflammation, Swelling)
- သွေးခြေဥခြင်း။ (Bruising)
- ရုတ်တရက် အဆစ်နာခြင်း။ (Acute Joint pain)
- လေ့ကျင့်ခန်းလုပ်ပြီးပြီးချင်း ကြွက်သားများဒဏ်ဖြစ်ခြင်း။ (Pulled Muscles after
exercise)
ရေနွေးအိပ်ကပ်ပေးသင့်သော ဒဏ်ရာများ
- ခဏခဏဖြစ်တတ်သော အရွတ်နာခြင်း (Repititive tendon pain)
- လေ့ကျင့်ခန်းမလုပ်မီ ကြွက်သားတောင့်တင်းနာကျင်ခြင်း (Tight muscles before
exercise)
- ကြွက်သားများရုတ်တရက် နာကျင်စွာကျုံ့ခြင်း (muscle spasm)
- နာတာရှည် ကြွက်သား၊ အဆစ်အမြစ် နာကျင်ခြင်း (chronic muscle/join pain)
လေ့ကျင့်ခန်းလုပ်ပြီး ၁ရက်၂ရက်အကြာ ကြွက်သားများ နာနေခြင်းကိုတော့
ရေခဲရောရေနွေးရောသုံးပေးနိုင်ပါတယ် (sore muscles a day or two after exercise)
Credit : Readers’ Digest July 2015
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။