မိမိကိုယ်ခန္ဓာကို လှပခြင်းမရှိဟု ထင်သည့် စိတ်ဝေဒနာ (Body Dysmorphic Di...
11-Oct-2019Body Dysmorphic Disorder (BDD) ဆိုတာ စိတ်ပိုင်းဆိုင်ရာ ဝေဒနာ တစ်မျိုးပဲဖြစ်
ပါတယ်... ဒီဝေဒနာ ခံစားရတဲ့သူတွေဟာ ရုပ်ပိုင်းဆိုင်ရာ ကောင်းမွန်နေပေမယ့်
သူတို့ရဲ့ စိတ်ထဲမှာ ရုပ်ရည်မပြည့်စုံဘူးလို့ထင်ပြီး မိမိကိုယ်ကို မကျေနပ်
မနှစ်သက်တဲ့ ဝေဒနာ ခံစားရတာဖြစ်ပါတယ်... ရှင်းရှင်းပြောရရင် မိမိကိုယ်ကို
ရုပ်ဆိုးတယ်လို့ သတ်မှတ်ကာ လူတွေနဲ့ အရောတဝင် မနေလိုတဲ့ စိတ်မျိုး ဖြစ်ပေါ်နေကြသူများ
ဖြစ်ပါတယ်...
Body Dysmorphic Disorder (BDD) ရောဂါရှိသူတွေဟာ အခြား အဝလွန်မှာ
စိုးရိမ်စိတ်လွန်ကဲရောဂါ (Anorexia Narvosa)၊ စိုးရိမ်စိတ်
လွန်ကဲရောဂါတမျိုးဖြစ်တဲ့ (Obsessive-Compulsive disorder) တို့နဲ့
ရောဂါလက္ခဏာပုံစံ ဆင်တူပါတယ်... ဘာကြောင့်လဲ ဆိုတော့ ဒီဝေဒနာရှင်တွေဟာ Anorexia
Narvosa လိုပဲ မိမိရဲ့ ရုပ်ပိုင်းဆိုင်ရာ မကျေနပ်မှု စိတ်အခြေခံရှိနေတတ်သလို၊
Obsessive-Compulsive disorder လို မိမိမကျေနပ်မနှစ်သက်တဲ့ ကိုယ်ခန္ဓာ
အစိတ်အပိုင်းကို ပြုပြင်ဖို့ ပုံစံမျိုးစုံ ကြိုးစားတတ်ကြလို့ ဖြစ်ပါတယ်...
ကွာခြားတာကတော့ BDD ဝေဒနာရှင်တွေက မိမိရဲ့ ကိုယ်ခန္ဓာ တစ်ခုလုံးကို
စိတ်မနှစ်မြို့ခြင်းမဟုတ်ဘဲ ကိုယ်ခန္ဓာ အစိတ်အပိုင်း တစ်ခုခု (ဥပမာ-
နှာခေါင်းမလှဘူးထင်တာ၊ နဖူးပြောင်နေတယ်ထင်တာ စသဖြင့်) ကိုသာ မနှစ်မြို့ခြင်း
ဖြစ်တာ များပါတယ်... ဒီလို စိတ်ခံစားမှုကနေတဆင့် မိမိကိုယ်ကို ရုပ်ဆိုးတယ်လို့
သတ်မှတ်ကာ စိတ်ဓါတ်ကျလာပြီး ပတ်ဝန်းကျင်၊ အလုပ်အကိုင်၊ လူမှုဘဝတွေမှာပါ
ထိခိုက်လာတတ်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်...
BDD ရောဂါဟာ နာတာရှည် ရောဂါတစ်ခုဖြစ်ပြီး ကျား၊ မ မရွေးခံစားရနိုင်ပါတယ်...
များသောအားဖြင့် ဆယ်ကျော်သက်အရွယ်နဲ့ လူပျို အပျို ဖြစ်စမှာ စတင်ခံစားရတတ်ပါ
တယ်... ဒီဝေဒနာရှင်တွေ အများဆုံး စိတ်မနှစ်မြို့မှု ဖြစ်ပေါ်စေတဲ့ ကိုယ်ခန္ဓာ အစိတ်
အပိုင်း၊ နေရာတွေကတော့-
- အရေပြားဆိုင်ရာ လှပခြင်းမရှိဟု ခံစားရခြင်း - ဥပမာ မျက်နှာ အရေးအကြောင်း၊
အမာရွတ်၊ ဝက်ခြံ စသည်များ
- မျက်နှာ လှပတင့်တယ်မှုမရှိဟု ခံစားရခြင်း- များသောအားဖြင့် နှာခေါင်းမလှဘူးလို့
ထင်တတ်ကြပါတယ်... နှာခေါင်း ကြီးနေတယ်ထင်တာ၊ ပုံစံ မလှဘူးထင်တာ စသဖြင့်
- ကိုယ်ခန္ဓာ အလေးချိန်နှင့် ပတ်သက်ပြီး ခံစားရခြင်း- အဝလွန်နေတယ် သို့မဟုတ်
ပိန်လွန်းတယ် စသဖြင့် ခံစားရခြင်း
- ဆံပင်၊ ကိုယ်ခန္ဓာမှ အမွေးအမျှင်များနှင့် ပတ်သက်၍ ခံစားရခြင်း- ဥပမာ
ထိပ်ပြောင်နေ
သည်ဟု ထင်ခြင်း၊ ဆံပင်ကောက်လွန်းသည်ဟု ခံစားရခြင်းစတာတွေပဲ ဖြစ်ပါတယ်...
ဒါက အတွေ့ရအများဆုံး ပြဿနာတွေပါ...တခြား တွေ့ရတတ်တာတွေက ကြွက်သား၊ ပေါင်၊ ရင်သား၊
တင်၊ လိင်အင်္ဂ ါ အရွယ်အစား၊ ကိုယ်ခန္ဓာမှ ထွက်သည့် အနံ့ စသဖြင့် တခုခုကို မနှစ်မြို့ခြင်း
ခံစားရသူတွေလည်း ရှိပါတယ်...
ရောဂါ လက္ခဏာများ
BDD ရောဂါ ရှိတယ်လို့ ယူဆနိုင်တဲ့ လက္ခဏာတွေကတော့-
- မကြာခဏ (သို့) အချိန်ကြာမြင့်စွာ မှန်ကြည့်ခြင်း၊ မိမိ မနှစ်မြို့သော နေရာကို
ဖုံးကွယ်ခြင်း သို့မဟုတ် ပြုပြင်ရန် ကြိုးစားနေတတ်ခြင်း
- ထိုမနှစ်မြို့သော အရာကို မသိသာဘူးမလား? အရမ်း ရုပ်မဆိုးဘူးမလား? မမြင်ရဘူးမလား ?
စသည်ဖြင့် အနီးနားမှသူများကို မကြာခဏမေးမြန်းကာ စိတ်ဖြေသိမ့်တတ်ခြင်း
- မကြာခဏ ထိုနေရာကို ထိကိုင်ခြင်း၊ စိတ်ရောက်နေခြင်း
- အာရုံစူးစိုက်မရဖြစ်ပြီး ကျောင်း၊ အလုပ်၊ လူမှုဆက်ဆံရေးများတွင်
အဆင်မပြေဖြစ်လာခြင်း
- မိမိကိုယ်ကို အားမရမှုကြောင့် လူအများကြား မသွားဝံ့ခြင်း၊ ရှက်ရွံ့နေတတ်ခြင်း
- ထို အင်္ဂ ါ အစိတ်အပိုင်းကို ပြုပြင်ရန် နည်းမျိုးစုံ ကြိုးစားခြင်း (ဥပမာ Plastic
Surgeons, အရေပြားအထူးကု ဆရာဝန်များထံ မကြာခဏသွားတတ်ခြင်း)
ရောဂါဖြစ်ပွားရသော အကြောင်းရင်း
ဘာကြောင့် ဒီရောဂါ ဖြစ်ရသလဲဆိုပြီး တိကျသေချာတဲ့ အကြောင်းရင်းတော့ ခုချိန်ထိ
မသိကြသေးပါဘူး... ဒါပေမယ့် သီအိုရီအဆိုတစ်ခုအရတော့ ဦးဏှောက်အစိတ်အပိုင်းတွေထဲက
တစ်နေရာရာဟာ ကောင်းစွာ မဖွံ့ဖြိုးမှုကြောင့် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်...
ဒီရောဂါဟာ အခြား စိတ်ရောဂါများဖြစ်တဲ့ စိတ်ကျရောဂါ၊ အစိုးရိမ်လွန်ကဲရောဂါ၊
စတဲ့ရောဂါ ဖြစ်တတ်တဲ့သူတွေမှာ ပိုအတွေ့များပါတယ်...
BDD ဝေဒနာကို ဖြစ်ပေါ်စေတဲ့ ဒါမှမဟုတ် ပိုဆိုးစေတဲ့ တခြားအချက်တွေကတော့-
- ငယ်စဉ်ကလေးဘဝတွင် စိတ်ဒဏ်ရာ တမျိုးမျိုး ခံစားခဲ့ရဖူးခြင်း
- မိမိကိုယ်ကို ယုံကြည်မှု မရှိခြင်း
- မိဘနှင့် ပတ်ဝန်းကျင် အသိုင်းအဝိုင်းမှ ရုပ်ပိုင်းဆိုင်ရာ လှောင်ပြောင်မှုကို
ခံစားရဖူးခြင်း
စတဲ့ အရာတွေပဲ ဖြစ်ပါတယ်...
ယနေ့ခေတ် လူမှု အသိုင်းအဝိုင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ အမြင်နဲ့ ဆက်ဆံတတ်၊
လူကဲခတ်တတ်ကြတဲ့ အလေ့အကျင့်တွေကလည်း BDD ရောဂါ ဖြစ်ပေါ်စေတဲ့ အကြောင်းအရင်း
တစ်ရပ်အဖြစ် သတ်မှတ်နိုင်ပါတယ်...
ကုသခြင်း
စိတ်ပိုင်းဆိုင်ရာ ကုသခြင်း (Psychotherapy) - ဝေဒနာရှင်ရဲ့ အတွေးအမြင်၊
အမူအကျင့်ကို ပြုပြင်ပြောင်းလဲလာအောင် (cognitive therapy, behavioral therapy)များဖြင့်
နှစ်သိမ့်ဆွေးနွေး စကားပြောခြင်း (အဓိကအားဖြင့် မနှစ်မြို့ခြင်း ဖြစ်နေတဲ့ အပေါ်
စိတ်သက်သာရာရအောင် ပြုလုပ်ပေးခြင်းမျိုးဖြစ်ပါတယ်...)
ဆေးဝါးဖြင့် ကုသခြင်း (Medication) - selective serotonin reuptake inhibitors
(SSRIs), olanzapine, aripiprazole, pimozide အစရှိတဲ့ ဆေးတွေဟာ BDD ကိုကုသရာမှာ
အထိုက်အလျောက် အကျိုးရှိတဲ့ ဆေးတွေလို့ ဆိုပါတယ်...
အသင်းအဖွဲ့၊ မိသားစုများနှင့် ဆွေးနွေးခြင်း (Group and/or family therapy) -
မိသားစုရဲ့ အားပေးကူညီမှုဟာ ကုသရေးမှာ အောင်မြင်ဖို့ အလွန်အရေးပါပါတယ်... ဒါကြောင့်
ဝေဒနာရှင်ရဲ့ မိသားစုဝင်တွေအနေနဲ့ BDD ရဲ့ လက္ခဏာတွေ ရောဂါအကြောင်းတွေကို
နားလည်သိရှိထားဖို့ လိုအပ်ပါတယ်...
ရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများ
BDD မှာ အဓိကတွေ့ရတဲ့ နောက်ဆက်တွဲပြဿနာကတော့ မိမိကိုယ်ကို ယုံကြည်မှုလျော့နည်းပြီး
လူအများကြားကို မသွားချင်ဘဲ အထီးကျန်ဆန်ဆန် ဖြစ်လာတတ်မှုပဲဖြစ်ပါတယ်... ဒါကြောင့်
ကျောင်း၊ အလုပ် စတဲ့ နေရာတွေမှာပါ အကျဖက်ကို ရောက်ရှိလာတတ်ပါတယ်... နောက်ထပ်
နောက်ဆက်တွဲပြဿနာကတော့ မကြာခဏ ခွဲစိတ်ခံခြင်းဖြစ်ပါတယ်... မိမိမနှစ်သက်တဲ့
ကိုယ်ခန္ဓာ အစိတ်အပိုင်းကို မကြာခဏ ပြုပြင်ဖို့ ကြိုးစားကြတတ်တာ ဖြစ်ပါတယ်... BDD
ဝေဒနာရှင်တွေဟာ စိတ်ကျရောဂါ Major Depression ကိုခံစားရဖို့လည်း
အခွင့်အလမ်းများပြီး ဒီလို ရောဂါ ၂ခုတွဲဖြစ်ခဲ့ရင် မိမိကိုယ်ကို သေကြောင်းကြံမှု
Suicide ပြုလုပ်ကြတတ်တာကို သတိပြုရပါမယ်...
နိဂုံးချုပ်အနေနဲ့ ပြောရရင် ဒီရောဂါဟာ ကြိုတင်ကာကွယ်လို့ မရပါဘူး... ရောဂါဖြစ်တဲ့
လက္ခဏာတွေကို တွေ့ရှိခဲ့ရင် စောစီးစွာ ပြသပြီး ကုသသင့်ပါတယ်... BDD ရောဂါဟာ ဆရာဝန်၊
မိသားစု၊ ဝေဒနာရှင်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ဝိုင်းဝန်းဖေးမကူညီပြီး ကုသရင်
ရေရှည်မှာများစွာ အကျိုးရှိပါတယ်... ဒါကြောင့် ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့
ဒီလိုဝေဒနာရှင်တွေကို စာနာနားလည်ပြီး ဝိုင်းဝန်းဖေးမကြပါလို့ တိုက်တွန်းလိုက်
ရပါတယ်...
Credit : ကြယ်မင်းတာယာ