ဂီတနှင့် ကလေးကျန်းမာရေး
04-Oct-2019ဂီတနှင့်လှုပ်ရှားမှုသည် ဒွန်တွဲလျက်ရှိသည်။ ကလေးများသည် ဂီတကို နည်းမျိုးစုံဖြင့်
အလိုက်သင့် တုန့်ပြန်ကြသည်။ ဥပမာ လက်ခုပ်တီးခြင်းအားဖြင့်၎င်း၊ နို့ဗူးများနှင့်
စည်းလိုက်ခြင်းဖြင့်၎င်း၊ သူတို့ ၏ ခြေချောင်းများကို တွ့န့်လိမ်ခြင်း (သို့)
သူတို့၏ ခြေထောက်များကို လှုပ်ခါစည်းချက်လိုက်ခြင်းဖြင့်လည်းကောင်း၊
သူတို့၏ ဦးခေါင်းများ (သို့)
သူတို့ကိုယ်လုံးကို
လှုပ်ရမ်းခြင်းဖြင့်လည်းကောင်း သွက်လက်မြူးကြွသော တေးသီချင်းများမှ တဆင့် ပျော်ရွှင်ကြည်နှုူးမှုများက ပိုပြီးတွေ့ကြုံခံစားရသည်။
ထိုမှတစ်ဆင့် ရွေးချယ်ဆုံးဖြတ်တတ်ခြင်း၊ ညှိနိုင်းဆောင်ရွက်တတ်ခြင်း၊ နာခံတတ်ခြင်း အာရုံစိုက်လုပ်ဆောင်ခြင်းနှင့် ပြောဆို
ဆက်ဆံမှုကျွမ်းကျင်မှုရှိခြင်းတို့ ပိုမိုရရှိနိုင်သော ကြောင့်ဖြစ်သည်။ ထို့ကြောင့်
ကလေးတိုင်းအတွက် ဂီတနှင့်စောနိုင်သမျှ စောစောထိတွေ့စေရန်မှာ အလွန်အရေးကြီးလှပါသည်။
မိဘများကလည်း ၎င်းတို့၏ ကလေးများနှင့် အတူဂီတနှင့် လှုပ်ရှားမှု လုပ်ဆောင်ချက်အချို့တွင်
နေ့စဉ်ပါဝင်ရန်မှာလည်း အရေးကြီးလှပါသည်။
ဂီတနှင့် လှုပ်ရှားမှု လုပ်ဆောင်ချက်များ၏
အကျိုးကျေးဇူးအချို့ကို ဖော်ပြပေးထားပါသည်။
- ဂီတသည် ဘာသာစကား ဖွံဖြိုးတိုးတက်လာစေရန်နှင့်
လူမှုဆက်ဆံရေးကောင်းမွန်လာစေရန် လှုံ့ဆော်ပေးသည်။
- လှုပ်ရှားမှုသည် အချင်းချင်းပြောဆို
ဆက်ဆံရန်အတွက် လေ့ကျင့်မှုပုံစံများထဲမှ ပထမဆုံးတစ်ခုဖြစ်ပါသည်။
- လှု့ပ်ရှားမှုနှင့်
ကခုန်ခြင်းလုပ်ဆောင်မှုများသည် အဆက်အစပ်ရှိမှုနှင့် ဟန်ချက်ညီမှုကို
တိုးတိက်ကောင်းမွန်စေသည်။
- ဂီတသည် ကလေးမျာ၏ သဘောပေါက်နားလည်နိုင်မှုနှင့်
သတိပြန်လည်ဖော်ထုတ်နိုင်မှု အရည်အချင်းကို တိုးစက်စေသည်။
- ဂီတသည်လှုပ်ရှားမှု အစီအစဉ်များသည်
နားထောင်နိုင်စွမ်းနှင့် အာရုံစူးစိုက်နိုင်စွမ်းကို တိုးတက်စေနိုင်သည်။
- ဂီတသည် ဝေါဟာရပိုင်းဆိုင်ရာကို
တိုးပွားစေနိုင်သည်။
- ဂီတသည် ဖန်တီးတီထွင်နိုင်စွမ်းနှင့် ယဉ်ကျေးမှုဆိုင်ရာ
နားလည်သဘောပေါက်မှုကို တိုးပွားစေနိုင်သည်။
- ဂီတသည် တစ်ဦးနှင့်တစ်ဦးကြား ဆက်ဆံမှုကို နွေးထွေးစွာခိုင်မြဲစေသည်။ ဟန်ချက်ညီပြီး စည်းဝါးကိုက်သော
နရီစည်းကိုခံစားထိန်းသိမ်းထားနိုင်သည့် အရည်အချင်း က ကလေးတို့၏ သချာၤနှင့်
ပါက်သက်သော ယူဆချက်များတွင် ကျွမ်းကျင်ပိုင်နိုင်အောင် ကူညီသည်။
- ဂီတနှင့် လှုပ်ရျားမှုလုပ်ဆောင်ချက်များသည်
လူတို့ နေ့စဉ်ကြုံတွေ့နေရသော ကိစ္စများဖြစ်သည် သီချင်းဆိုခြင်းနှင့်
အသံထွက်စာဖတ်ခြင်း ၏ ကွာခြားမှု၊ နားထောင်ခြင်းနှင့် မိမိကပြောဆိုရခြင်းကွာခြားမှုကို
သဘာဝအလျောက် သတိထားသိမြင်တတ်လာစေသည်။ လှုပ်ရှားမှု လုပ်ဆောင်ချက်များက ငယ်ရွယ်သော
ကလေးများကို အခြေခံကျသည့်လှုပ်ရှားမှု ပုံစံများနှင့် ကျန်းမာသန်စွမ်းဖျတ်လတ်သော
လူနေမှုပုံစံများ ဖွံ့ဖြိုးလာအောင် ကူညီနိုင်သည်။ သင်ယူမှုကို လှုပ်ရှားမှုက
နှိုးဆွပေးသည် ဖန်တီးတီထွင်တတ်သော လှုပ်ရှားမှုက ကလေးများကို ပြိုင်ဘက်ကင်းသော၊
အောင်မြင်မှုကို တစိုက်မတ်မတ်ဦးတည်နိုင်ခြင်း၊ ဖန်တီးနိုင်စွမ်းရှိသော
အတွေ့အကြုံများ၊ ရရှိလာအောင် အခွင့်အလမ်းများ ဖြည့်ဆည်းပေးသည်။
ကလေးဘဝရဲ့ အစောပိုင်းအရွယ်သည် ဂိတ
ဆိုင်ရာဖွံ့ဖြိုးမှုတွေနှင့် ထိတွေ့နိုင်ရန် အလွန်အရေးကြီးပါသည်။ ဂိတကို
မှန်မှန်တီးခတ်သည့် (သို့ )
သီချင်းဆိုသည့် ကလေးများသည်
စာပေဗဟုသုတနှင့် သင်္ချာတွင်ပိုတော်ကြသည်။ ဂီတကို တီးမှုတ်ခြင်း၊ သီချင်းဆိုခြင်းနှင့်
ကခုန်ခြင်းတို့သည် ကိုယ်လက်လှုပ်ရှားမှု စွမ်းရည်ကို တိုးပွားစေပြီး လက်နှင့် မျက်စိ
အဆက်အစပ်ရှိမှုကို တိုးတက် ဖွံ့ဖြိုးအောင်
ကူညီပေးသောေြ့ကာင့်ကလေးများသည်။ သူတို့၏ ခန္ဒာကိုယ်များကို ပိုမိုကောင်းမွန်အောင်
ထိန်းချုပ်နိုင်စွမ်းရှိလာကြသည်။ ဂီတမှာ ပါဝင်လှုပ်ရှားကြသည့် ထိုကလေးများသည်
ကိုယ့်ကိုကိုယ်အထင်ကြီး လေးစားမှုရှိလာပြီး အများနှင့် ကစားရင်တွင်ပိုမိုအဆင်ပြေ ချောမွေ့စေနိုင်သည်။
ထို့ကြောင့်ကလေးတို့၏ ဘဝတွင် ဂီတနှင့် လှုပ်ရှားမှုကြွယ်ဝပေါများသော ပတ်ဝန်းကျင်
တစ်ခု ကို ဖြည့်ဆည်းပေး
ရန် ဂီတ နှင့် ဆိုင်သည့် ကိရိယာများကို
စူးစမ်းရှာဖွေခွင့်ပြုရန်နှင့် အမျိုးမျိုးသော စိတ်ဝင်စား
ဖွယ်ကောင်းသည့် ဂီတဆိုင်ရာ လုပ်ဆောင်မှု များစွာပါဝင်ရန်တို့မှာ
ကလေးသူငယ်ပြုစု
စောင့်ရှောက်ပေးသူများနှင့်
မူလတန်းကြိုဆရာမ ၏ အရေးကြီးသော တာဝန်ဖြစ်ပါသည်။ ECMMA
(Early Childhood Music & Movement Association) ကဲ့သို့သောအဖွဲ့အစည်း
များက နို့စို့အရွယ်ကလေးများနှင့်
လမ်းလျှောက်ကာစ ကလေးများအတွက် ဂီတဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို အားပေးရန်
နည်းလမ်းျားကို အောက်ပါအတိုင်းအကြံပေးထားသည်။
ကလေးသူငယ်ပြုစုစောင့်ရှောက်သူများနှင့် မူလတန်းကြိုဆရာ၊ ဆရာများက နရိစည်းချက်
များနှင့် အသံနေ အသံထားမျိုးစုံပါဝင်သော
သီချင်းများ ကာရန်များသီဆိုခြင်းနှင့် သံပြိုင်ရွတ်
ဆို ခြင်းများကို သင်ရိုးမာျးတွင်
ထည့်သွင်းသင်ကြားနိုင်ပါသည်။
ဂီတာတွင် နို့စို့အရွယ်ကလေးများနှင့်
လမ်းလျှောက်ခါစ ကလေးများအတွက်အသံ
အရင်းမြစ်မျိုးစုံ ကိုလည်း ထည့်သွင်း
ထားသင့်ခြင်း ရွေးချယ်ထားသည့် ဂီတနှင့် အလားတူ လက်တန်းသီချင်းများလည်း
ပါရှိသင့်ပါသည်။ ဂီတရွေးချယ်ရာတွင် လည်း ကွဲပြားခြားနား
မှုများရှိသင့်ပြီး
ကျယ်ပြန့်သောယဉ်ကျေးမှုနှင့် ဟန်ပန်အမူအရာမျိုးစုံပါဝင်သင့်သည်။ ထို့အပြင်
ဂီတဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကိုယ်တိုင်သီဆိုမှုများနှင့် ကက်ဆက်မှ နားဆင်မှု
နှစ်မျိုးလုံး ကို ထိတွေ့ နိုင်ရန် ဖန်တီးပေးသင့်ကြောင်း အကြံပေးထားပါသည်။
ယနေ့ကာလတွင် ကျွန်ုပ်တို့သည် ကလေးများကို
ဘယ်လိုသင်ကြားရမယ် ဘယ်လို
တိုးတက်အောင်လုပ်ရမယ်ဆိုတာတွေကို
အရင်ကထက်ပိုပြီးသိလာသည်။ “ဂီတသည် ဘဝမှာ မရှိမဖြစ်လိုအပ်သည်” ဆိုသော ကျွန်ုပ်တို့၏ ထင်မြင်ချက်ကို အတည်ပြုရန်
အချက်အလက်များကို ကျွန်ုပ်တို့တွင် ရှိပါသည်။ ကျွမ်းကျင်သူများသည် ဂီတနှင့်
လှုပ်ရှားမှု
၏ အကျိုးကျေးဇူးများနှင့် ပက်သက်ပြိး
ဘာတွေကို တွေးတယ်ဆိုတာကို ဖတ်ကြည့်လိုက်
ပါ။ ဂီတသည် လူသားများကို
အတူတကွပေါင်းစည်းပေးသသည်။ ကလေးများသည် အုပ်စုလိုက်ဂီတကို
အတူတကွတီးမှုတ်သီဆိုခြင်းဖြင့် ၎င်းအချင်းချင်း နားထောင်ခြင်းဖြင့်
၎င်း သူတို့ကိုယ်သူတို့ရော
အခြားသူများအကြောင်းကို ရော လေ့လာသင်ယူနိုင်သည်။ ကလေးများသည် အတူတူ
သီချင်းသီဆိုခြင်းအားဖြင့် (သို့)
အခြားတစ်ယောက်၏ သီဆိုမှုကို
ငြိမ်သက်စွာနားထောင်ရင်း မိမိ၏ စိတ်စွမ်းအားကိုမမျှော်လင့်ပဲ တွေ့ရှိသွားခြင်း
ဖြင့် ဖုံးကွယ်နေသော မိမိ၏ ရဲစွမ်းသတ္တိကို
ရှာဖွေတွေ့ရှိသွားနိုင်သည်။
Credit : Dr.အိအိခင်