ကလေးများ ဆီကြည်လွန်ကဲ အရေပြားရောင်ရမ်းခြင်းနှင့် ဗောက် ( Cradle Cap (S...
04-Nov-2019ကလေး၏ ဦးရေပြားတွင် အဆီပြန်ပြီး အဝါရောင် အနာဖေးများဖြစ်သည့် အနာဖြစ်သည်။
အရေပြားသည် နီမြန်းပြီး ယားယံသည်။ ကလေးခေါင်းကို ကောင်းကောင်းမလျှော်၍ လည်းကောင်း၊
ဦးထုပ်မချွတ်ဘဲထား၍ လည်းကောင်း အနာဖြစ်ရသည်။
ကုသနည်း
- နေ့တိုင်းခေါင်းလျှော်ပေးပါ။ ရနိုင်မည်ဆိုလျှင် ဆေးဆပ်ပြာသုံးပါ။
- ဒက်နှင့် အနာဖေးအားလုံးကို ညင်သာစွာ သန့်ရှင်းပေးပါ။
-အနာဖေးများကွာသွားစေရန် ရေနွေးဆွတ်ထားသည့်
မျက်နှာသုတ်ပဝါဖြင့် ခေါင်းကိုပထမဆုံး ပတ်ထားပါ။
- ကလေးခေါင်းကို ဘာမျှအုပ်မထားပါနဲ့။ လေနှင့်နေရောင် ရပါစေ။
ကလေးဦးခေါင်းကို ဦးထုပ် (သို့) အဝတ်ဖြင့် မအုပ်ပါနှင့် ခေါင်းကို
ဘာမျှအုပ်မထားပါနှင့် ဦးထုပ်ချွတ်ထားခြင်းသည် အကောင်းဆုံးဖြစ်သည်။
Ref: ဦးခင်မောင်တင် မြန်မာမှုပြုသည်။