ဘယ်လိုအသားက ကင်ဆာရောဂါနဲ့ အသက်အန္တရာယ်ဖြစ်စေနိုင်လဲဆိုတာ
24-Nov-2019
အသားက ပရိုတင်းဓာတ်ရဲ့ မူလအရင်း အမြစ်တစ်ခုဖြစ်ပါတယ်။ ကျွနု်ပ်တို့
ခန္ဓာကိုယ်ကြွက်သားများ လေ့ကျင့်ပြုပြင်ပေးရာမှာ မရှိမဖြစ် အရေးကြီးပါတယ်။
သို့ပေမယ့် အသားဆိုတိုင်း ခန္ဓာကိုယ်အတွက် မကောင်းတာ မဟုတ်ပါ။ မိမိကျန်းမာရေးကို
ထိခိုက်အန္တရာယ်ဖြစ်စေနိုင်လို့ ရှောင်ကြဉ်သင့်တဲ့ အသားတချို့ရှိပါတယ်။ ဘယ်လို
အသားမျိုး သင့်ကို အန္တရာယ်ဖြစ်စေလဲဆိုတာ လေ့လာကြည့်ပါ။
သိုးကလေးသား
သိုးကလေးသားက အထူးသဖြင့် သေချာစွာပြင်ဆင်ချက်ပြုတ်တဲ့အခါ အင်မတန် စားမြိန်ပါတယ်။
ဒါပေမယ့် မမိုက်မဲကြပါနဲ့။ ဒီလိုနီရဲတဲ့ အသားမျိုးမှာ အဆီပေါကြွယ်ဝပြီး အူမကြီး
ကင်ဆာဖြစ်စေနိုင်ပါတယ်။ European Prospective Investigation in Cancer and
Nutrition မှ မကြာသေးမီပြုလုပ်တဲ့လေ့လာမှု တစ်ခုမှာ သိုးသား နေ့စဉ် စားသုံးသူတွေ
အူမကြီးနဲ့ ဆက်စပ်တဲ့ ရောဂါများဖြစ်ဖို့ အလားအလာပိုများကြောင်း
ရှာဖွေတွေ့ရှိခဲ့တယ်။
အမဲသား
သွားရေယိုစရာ အမဲသားကင်ကို ဘယ်သူအောင့်ခံနိုင်မလဲဗျာ။ သိုးသားနည်းတူ အမဲသားလည်း
စားသုံးသူ အများစု အကြိုက်တွေ့တဲ့ အစားအစာတစ်ခုဖြစ်ပေမယ့် လေ့လာမှုများမှာ
ကင်ဆာရောဂါနဲ့ ပတ်သက်ဆက်နွယ်နေပါတယ်။ အမဲသားကို ကင်လိုက်တဲ့အခါ အမျိုးသားများရဲ့
ကပ္ပါယ်အိတ်ကင်ဆာရောဂါ ဖြစ်နိုင်ခြေ တိုးလာနိုင်တယ်။
ဝက်အူချောင်း
ဒါလည်း မစားသင့်တဲ့ လူကြိုက်များ အစားအစာတစ်ခုဖြစ်ပါတယ်။ ဝက်သားကိုယ်၌က အဆီနဲ့
ဖွဲ့စည်းထားတယ်။ ဝက်အူချောင်းအဖြစ် ပြောင်းလဲထုတ်လုပ်လိုက်တဲ့အခါ ဆိုးဆေးတွေ၊
အနံ့မွှေးစေမယ့်ပစ္စည်းတွေ ပေါင်းထည့်ရပြီး အသက်အန္တရာယ် ပိုလို့တောင်ဖြစ်စေတယ်။
ဝက်အူချောင်းဆိုတာ ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေတဲ့ အဆီနဲ့
ဓာတုပစ္စည်းတွေပေါင်းစပ်ထားတဲ့ အရာဖြစ်ပါတယ်။
ဝက်ဆားနယ်ခြောက်
ဝက်ဆားနယ်ခြောက်က အဆီအများဆုံး အသားထဲ ပါဝင်တယ်။ စားသုံးသူများ
ကင်ဆာရောဂါအန္တရာယ်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေ အသုံးပြုထားပါတယ်။
ယင်းဓာတုပစ္စည်းများထဲမှ တစ်ခုက လူ့အသက်သေစေနိုင်တဲ့ တာရှည်ခံဆေးတွေဖြစ်ပါတယ်။ ခု
အသက်အန္တရာယ်ဖြစ်စေနိုင် အသားတွေ သိပြီဆိုတော့ ဒီအရာတွေရှောင်ရှားနိုင်ပြီး
မိမိနေ့စဉ်အစားအစာကို အကောင်းဆုံး စီမံစားသုံးပါ။ အားလုံးနီးပါးမှာ အရသာနဲ့
ပြည့်စုံပြီး မက်မောစရာဖြစ်ပေမယ့် မိမိ ကျန်းမာရေးကို သတိပြုရပါမယ်။
မိမိခန္ဓာကိုယ်ကို ချစ်ရင် ဒီအသက်အန္တရာယ်ဖြစ်စေမယ့် အသားများ ကျောခိုင်းလိုက်ပါ။
Ref;
ကျန်းမာရေး, စားသောက်ဖွယ်, ဗဟုသုတ
ဖိုးသူတော်
Credit : Trend Myanmar
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
