ရေနွေးကြမ်း တစ်နေ့ ၅ ခွက်သောက်ခြင်းက လေဖြတ်ခြင်းနှင့် သွေးချိုကိုကာကွယ...
30-Dec-2019ရေနွေးကြမ်း တစ်နေ့ ၅ ခွက်နှုန်းနဲ့ ပုံမှန်သောက်ပေးခြင်းက သွေးပေါင်ချိန်ကို လျှော့ချပေးပြီး
လေဖြတ်ခြင်းနဲ့ သွေးချိုရောဂါတွေကို ကာကွယ်ပေးနိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက
ပြောခဲ့ပါတယ်။ ကျွန်တော်တို့ လူသားတွေဟာ တစ်နေ့ကို ရေနွေးကြမ်း ၃ ခွက်ကနေ ၅ ခွက်သောက်ပေးသင့်တယ်လို့
နယ်သာလန် ကျန်းမာရေးကောင်စီက အကြံပြုထားပါတယ်။ ဒက်ရှ်လူမျိုး ၄နှစ်သား ကလေးငယ်တွေကို
ကျောင်းမှာ နေ့လည်စာစားချိန်ဆိုရင် အအေးတိုက်မယ့်အစား ရေနွေးကြမ်းပဲ
တိုက်လေ့ရှိတယ်လို့လည်း သိရပါတယ်။ "၁၀နှစ်ကြာ လေ့လာပြုစုခဲ့တဲ့
သိပ္ပံစာပေထဲမှာ ကျွန်တော်တို့မှတ်သား
ခဲ့ရတာကတော့ ရေနွေးကြမ်းသောက်ပေးခြင်းက ကျွန်တော်တို့ ကျန်းမာရေးအတွက်
တကယ်ကောင်းတယ်ဆိုတာပါပဲ။ တစ်နေ့ကို ရေနွေးကြမ်း ၃ခွက်ကနေ၅ခွက်သောက်ပေးရင်
သွေးပေါင်ချိန်ကို လျှော့ချပေးပြီး သွေးချိုရောဂါနဲ့ လေဖြတ်အန္တရာယ်တွေကို
ကာကွယ်နိုင်ပါတယ်။" လို့ ကျန်းမာရေးကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ Eert
Schoten ကပြောခဲ့ပါတယ်။ လက်ဖက်ခြောက် ရေနွေးကြမ်းနဲ့လက်ဖက်စိမ်း ရေနွေးကြမ်းတွေကို
သောက်သုံးသင့်ကြောင်း ကျန်းမာရေး တာဝန်ခံတွေက အကြံပြုထားပါတယ်။
Credit : Skyler
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။