ဗီတာမင်စီလွန်ကဲခြင်း
12-Jan-2020- အစားအစာများမှရရှိသည့် ဗီတာမင်စီကြောင့် လွန်ကဲသွားသည်ဟု မရှိပါ။ သို့သော်
ဗီတာမင်စီဆေးပြားများကို အလွန်အကျွံသောက်သုံးခြင်းကြောင့် ဘေးထွက်ဆိုးကျိုးများ
ဖြစ်နိုင်ပါသည်။
- ဗီတာမင်စီကို နေ့စဉ် ၁၀၀၀ မီလီဂရမ်မှ ၂၀၀၀ မီလီဂရမ် သောက်သုံးခြင်းဖြင့်
ပျို့အန်ခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းပျက်ခြင်းတို့ ဖြစ်နိုင်ပါသည်။
- ဗီတာမင်စီသည် သံဓာတ်စုပ်ယူမှုကို အားပေးသဖြင့် ခန္ဓာကိုယ်အတွင်း သံဓာတ်များပြားနေသည့်
ရောဂါရှိသူများသည် ဗီတာမင်စီအမြောက်အမြား ပါဝင်သောဆေးများကို မမှီဝဲသင့်ပါ။
- ကျောက်ကပ်တွင် ကျောက် (Oxalate stone and urate sone) တည်သည့်ရောဂါရှိ
သူများသည်လည်း ဗီတာမင်စီ အမြောက်မြားပါဝင်သော ဆေးများကို မမှီဝဲသင့်ပါ။
- ဗီတာမင်စီ အများအပြားစားသုံးပါက ဆီးတွင် သကြားဓာတ်ပမာဏကို ဓာတ်ခွဲ စစ်ဆေးခြင်း၊
မစင်တွင် သွေး (Ocult blood) ပါ မပါ ဓာတ်ခွဲစစ်ဆေးခြင်း လုပ်ငန်းများမှ
မှားယွင်းသောအဖြေများ ထွက်နိုင်ပါသည်။
- ဗီတာမင်စီကို ရက်ရှည်လများ ကြာမြင့်စွာ အမြောက်အမြားစားသုံးနေရာမှ တိခနဲ
ရပ်လိုက်လျှင် Scurvy လက္ခဏာများ ဖြစ်လာနိုင်ပါသည်။ ထိုအခြေအနေကို Rebound scurvy
ဟု ခေါ်ပါသည်။
- ကိုယ်ဝန်ဆောင်မိခင်သည် ဗီတာမင်စီကို ရက်ရှည်လများ ကြာမြင့်စွာ အမြောက်အမြား
စားသုံးပါက မွေးလာသည့် ကလေးသည် မွေးကင်းစအရွယ်တွင် Rebound scurvy လက္ခဏာများ
ခံစားရနိုင်ပါသည်။
Credit : ဒေါက်တာလှကြည် (အာဟာရဆရာဝန်ကြီး)
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။