Print

အားကစားကြောင့် ထိခိုက်မှုတွေဖြစ်ရင် ဘယ်လိုကုသမှုပေးရပါသလဲ။

  13-Jan-2020
Preview Image

အားကစားကြောင့် အများအားဖြင့်ဖြစ်တဲ့ အရွတ်နည်းနည်းပြဲတာ (Sprain)၊ ပြတ်တာ၊ အသားကြောတာ (Contusion) စတာတွေက သိပ်မဆိုးလှဘူးဆိုရင် အိမ်မှာပဲ ကုသလို့ ရပါတယ်။


(၁) အနားပေးရပါတယ်။ RICE ကုသမှုလို့ ခေါ်ပါတယ်။
R-Rest - အနားယူပါ။ ခြေထောက်ထိခိုက်ရင် လမ်းသိပ်မလျှောက်ဖို့၊ လိုအပ်ရင် တုတ်၊ ချိုင်းထောက်နဲ့ လျှောက်ပြီး အနားယူပါ။ လက်ထိခိုက်ရင် လက်သိုင်းကြိုးစည်း ထားပေးရပါမယ်။

I-Ice - ရေခဲအုပ်တာဖြစ်ပါတယ်။ တခြားနိုင်ငံတွေမှာတော့ ရေခဲအိတ်လေးတွေ ရှိတယ်။ ဆရာတို့ဆီမှာ မရှိရင် ရေခဲတုံးသေးလေးကို ပလတ်စတစ်အိတ်ထဲထည့်ပြီး ပိတ်စပါးပါးလေးနဲ့ ထုပ်ပြီးကပ်ပေးရမယ်။ အများအားဖြင့် ၁၅ မိနစ်လောက် ကပ်ပေးပါ။ မိနစ် ၂၀ ထက်ကျော်လို့မကောင်းပါဘူး။ တစ်နေ့ကို ၅-၆ ခါလောက် ကပ်လို့ရပါတယ်။ ဒါပေမယ့် ရေခဲကပ်တာကို ထိခိုက်ဒဏ်ရာရပြီး ၂၄-၂၈ နာရီအတွက်းမှာပဲ လုပ်ပေးသင့်ပါတယ်။ တချို့လူနာတွေက ထိခိုက်ဒဏ်ရာရတာက ၅-၆ ရက်ကျော်နေပြီ။ ရေခဲကပ်နေတုန်းပဲ ရှိသေးတယ်။ ဒီအချိန်က ရေခဲကပ်ရမယ့်အချိန် မဟုတ်တော့ပါဘူး။

C-Compression-ထိခိုက်မိလို့ နာသွားတဲ့၊ ရောင်သွားတဲ့ နေရာတွေကို Elastic Bandage ပတ်တီးလေး စည်းပေးထားရတာ ဖြစ်ပါတယ်။ ပတ်တီးကို ကျပ်ကျပ်မစည်း ရပါဘူး။ ပတ်တီးကို တင်းတင်းလေး စည်းထားပေးတဲ့အတွက် ရောင်ရမ်းမှု သက်သာစေပါတယ်။ ကျပ်လွန်းရင် သွေးလှည့်ပတ်မှုကို ထိခိုက်စေနိုင်ပါတယ်။

E-Elevation-မြှင့်ထားပါ။ ဆိုလိုတာက ခြေထောက်ထိခိုက်မိတယ်ဆိုရင် ခြေထောက်ကို မြှောက်ထားဖို့လိုပါတယ်။ လက်ဆိုရင်လည်း သိုင်းကြိုးစည်းပြီး မြှောက်ထားပေးရပါမယ်။ ဒီလိုလုပ်ပေးတာကြောင့် တော်ရုံတန်ရုံ ထိခိုက်မှုတွေ သက်သာသွားပါလိမ့်မယ်။

Cerdit : ပါမောက္ခဦးနေဝင်း

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18