ဗာဒံစေ့နဲ့ကျန်းမာရေး
18-Jan-2020မြန်မာပြည်မှာ ဗန်ဒါပင် (ဗန်ဒါသီး) လို့ အလွယ်ခေါ်လေ့ရှိတာကြောင့်၊“ဗာဒံပင်” ဆိုတဲ့
သူ့မူလအမည် ပျောက်ကွယ်နေပါတယ်။ အင်္ဂလိပ်အမည်ကတော့ Indian Almond ပါတဲ့။ ဗာဒံစေ့နဲ
့ပတ်သက်ပြီးလူနဲ့တည့်တယ်၊ ကျန်းမာရေးကောင်းတယ်၊ အသားအရေကို ကောင်းစေတယ်စတဲ့အခြေခံ
ဗဟုသုတလောက်တော့ လူတိုင်းသိကြမှာပါ။ သို့သော် ဗာဒံစေ့နဲ့ပတ်သက်ပြီး၊
ကျန်းမာရေးအကျုးိကျေးဇူးတွေ ဘယ်လောက်တောင်များပြားတယ်ဆိုတာ သိနိုင်ကြပါစေရန်
မျှဝေရေးသားလိုက်ရပါတယ်။
ဗာဒံပင်ကအကြီးမြန်ပြီး၊ အရွက်တွေ ကလည်းတဆင့်ပြီးတဆင့် အတက်မြန်တာကြောင့်
မြန်မာနိုင်ငံမှာ အရိပ်ရအပင်အဖြစ် စိုက်ပျိုးလေ့ရှိကြပါတယ်။
အပင်ကိုပေါပေါများများမြင်တွေ့နေရတာရယ်၊ အပင်အောက်မှာ ကလေးငယ်အချို့ကြွေကျလာတဲ့
အသီးကို အုတ်နီခဲအကျိုးဖြင့် ထုခွဲစားနေကြတာရယ်ကြောင့် အရိပ်ရပင်မှရတဲ့အစေ့ရဲ့ကျန်းမာရေးတန်ဖိုးကို
သတိမမူမိကြပါဘူး။ ယနေ့နိုင်ငံ တကာမှာတော့ ဗာဒံစေ့နဲ့ ၎င်းမှရတဲ့အဆီကို
တန်ဖိုးထားစားသုံးနေကြပါပြီ။
ဗဟုသုတအနေဖြင့်
မျှဝေရပါလျှင် ဂရိနိုင်ငံရဲ့ မင်္ဂလာဆောင်တွေမှာ ဗာဒံစေ့ကို "wedding
sweets" အဖြစ်အထူးတလည် ဧည့်ခံနေကြပါတယ်။ အီရန်နိုင်ငံမှာတော့ NewYear
ပါတီပွဲတို့လို ထူးထူးခြားခြားနှစ်ပတ်လည် ဧည့်ခံပွဲတွေမှာပင်လယ်မှ
ဆားဖြင့်အငံဖောက်ထားတဲ့ ဗာဒံစေ့ လှော်နဲ့ဧည့်ခံလေ့ရှိပါတယ်တဲ့။ မော်ရော့ကိုနိုင်ငံရဲ
့ အရေးကြီးအခမ်းအနားများမှာ ဗာဒံစေ့မှုန့်ရောထားတဲ့ နွားနို့ကမပါလျှင် မပြီးပြန်ပါဘူး။
pasanda-style (ခေါ်) အိန္ဒိရိုးရာဟင်းလျာမှာလည်း ဗာဒံစေ့ကိုဟင်းခတ် အမယ်အဖြစ်
ထဲ့ချက်ပေးရပါတယ်တဲ့။ ဗာဒံစေ့ကအေးမြစေတဲ့ အစွမ်းသတ္တိရှိတာကြောင့်လည်း
ပူပြင်းခြောက်သွေ့တဲ့ ပါကစ္စတန်နိုင်ငံရဲ့နွေရာသီများမှာ ဗာဒံစေ့ နဲ
့ဖော်စပ်ထားတဲ့ Almond sherbet ဖျော်ရည်ကို summer drink အဖြစ်
အထူးတလည်သောက်သုံးကြတယ်လိုသိရပါတယ်။
ကမ္ဘာ့အသိအမှတ်ပြု USDA ရဲ့ ဓာတ်ခွဲစမ်းသပ်ချက်များအရ ၁ဝဝ ဂရမ်အလေးချိန်ရှိတဲ့ ဗာဒံစေ့ထဲမှာ၊
လူသားတို့ကျန်းမာရေးကို ကောင်းကျိုးဖြစ်စေတဲ့ ခွန်အား ၅၇၆ ကယ်လိုရီ၊ ကစီဓာတ်
၂၁.၆၉ ဂရမ်၊ ကော်ဓာတ် ဝ.၇၄ ဂရမ်၊ သကြား ၃.၈၉ ဂရမ်၊ ချေဖျက်လွယ်သော အမျှင်ဓာတ်
၁၂.၂ဝ ဂရမ်၊ အဆီဓာတ် ၄၉.၄၂ ဂရမ်၊ ပရိုတင်း ၂၁.၂၂ ဂရမ်၊ လိုင်စင်း ဝ.၅၈ ဂရမ်၊ ရေဓာတ်
၄.၇ ဂရမ်၊ ဗီတာမင်အေ ၁ IU၊ သီအာမင်(ခေါ်) ဗီတာမင်ဘီ(၁) ၁၈%၊ ရီဘိုဖလာဗင် (ခေါ်)
ဗီတာမင်ဘီ(၂) ၈၅%၊ နံအာစင်း (ခေါ်) ဗီတာမင်ဘီ(၃) ၂၃%၊ ဗီတာမင်ဘီ(၅) ၉%၊
ဗီတာမင်ဘီ(၆) ၁၁%၊ ဖောလိပ်(ခေါ်) ဗီတာမင်ဘီ(၉) ၁၃%၊ ချိုလင်း ၁၁%၊ ဗီတာမင်အီး ၁၇၅%၊
ကယ်လ်စီယမ် ၂၆%၊ သံဓာတ် ၂၉%၊ မဂ္ဂနီစီယမ် ၇၅%၊ မဂ္ဂနီးစ် ၁ဝ၉%၊ ဖော့စဖရက် ၆၉%၊
ပိုတက်စီယမ် ၁၅% နဲ့ ဇင့် ၃၂% တို့အသီးသီးပါရှိကြပါတယ်။
ဒါကြောင့်လည်း ဗာဒံစေ့တွေဟာ အသားအရေနုကို ပြန်လည်ပျိုစေကာ၊
မှတ်ဉာဏ်စွမ်းအားများလည်း ကောင်းစေလို့ကျား/မ အရွယ် (၃) ပါးအားလုံး
စားသုံးပေးကြရန် USDA က အကြံပြုထားပါတယ်။ အူသိမ်၊ အူမများနဲ့ အတွင်းပိုင်းအကျဆုံး
အူများ အားလုံးကို သန့်စေပါတယ်။ လူတစ်ယောက်ရဲ့အသားအရေဟာ သူစားသုံးလိုက်သော
အစာချေဖျက်အင်္ဂါ အဖွဲ့အစည်းရဲ့ အလုပ်လုပ်နိုင်စွမ်းအားနဲ့တိုက်ရိုက်အချိုးကျနေပါတယ်။
အစာချေဖျက် အင်္ဂါများ အားနည်းလာတဲ့အခါ ဝမ်းချုပ်ခြင်းကို ဖြစ်စေပြီး၊
ဝက်ခြံစို/ဝက်ခြံခြောက်တွေ ပေါက်လာစေပါတော့တယ်။ ဗာဒံစေ့ကို မှန်မှန်စားပေးခြင်းဖြင့်
အစာအိမ်ထဲရှိအကျိုးပြု ဗက်တီးရီးယားများကို လှုံ့ဆော်ပေးတာကြောင့် အစာချေဖျက်မှုကို
အားပေးကာ၊ ဝမ်းပုပ်များသက်စေပြီး၊ အစာချေအင်္ဂါ အဖွဲ့အစည်းသန့်စင်သွားတာကြောင့်၊
အသားအရေတွေလည်း မညစ်ညမ်းတော့ပါဘူး။ ဗီတာမင်အီး ရရှိရာအရင်းအမြစ်ကို ပြပါဆိုရင်
ဗာဒံစေ့ကိုသာ လက်ညှိးထိုးလိုက်ပါ။ ဝက်ခြံစို/ဝက်ခြံခြောက်/ဆားဝက်ခြံ အမျိုးမျိုးနဲ
့မျက်နှာပေါ်ရှိအမည်းစက်များ၊
အမာရွတ်များအတွက် ဘယ်လိုပင်မိတ်ကပ်ကောင်းကောင်းလိမ်းပါသော်လဲ မပျောက်နိုင်တဲ့အခါ
စိတ်ညစ်ရပြီး၊ ငွေကြေးတတ်နိုင်သူများလည်း အရေပြားအထူးကု ဆရာဝန်တွေနဲ
့ပြသကြည့်ကြရာ၊ ဆရာဝန်တိုင်းက အသားအရေကောင်းစေဖို့ ဗီတာမင်အီး ဆေးတောင့်လေးတွေ
တိုက်ကျွေးလေ့ရှိပါတယ်။ အဲဒီဗီတာမင်အီး ဆေးတောင့်တွေနဲ့ဗီတာမင်အီးဓာတ်ပါတဲ့
ဆေးတွေအားလုံးကို Alpha-Tocopherol ဓာတ် ပစ္စည်းနဲ့ ဖော်စပ်ထားတာကြောင့် အသားအရေကို
ကြည်လင်ဝင်းမွတ်တောက်ပလာစေပါတယ်။ ဗာဒံစေ့ဟာ ဗီတာမင်အီး ကြွယ်ဝရာ အရင်းအမြစ်ဖြစ်တာကြောင့် ဝက်ခြံပေါက်သူတွေသာမက၊
အရေပြားရောဂါရှိ သူများလည်း မဖြစ်မနေစားသင့်ပါတယ်။ အရွယ်နုပျိုဆေးသဖွယ်
အားကိုးထိုက်ပါတယ်။
ဗာဒံစေ့ကို မှန်မှန်စားတဲ့အပြင်၊ ဗာဒံစေ့ဆီနဲ့ပါမျက်နှာကို
အသာအယာနှိပ်နယ်ပေးခြင်းဖြင့် အရွယ်မတိုင်မီ မျက်နှာအရေးကြောင်းတွေ မဖြစ်စေတော့ပါဘူး။
အသားအရေလည်း ပိုညက်ညောလာပါတယ်။ မျက်ကွင်းညိုသူတွေ မျက်လုံးအောက်တဝိုက်
ဗာဒံဆီမှန်မှန် လိမ်းပေးခြင်းဖြင့် ရက်အနည်းငယ်အတွင်း မျက်ကွင်းညိုများသိသိသာသာ
လျော့ပါးသွားစေပါတယ်။ (မျက်လုံးထဲ ဆီမဝင်အောင် ဂရုစိုက်လိမ်းပါ) နှလုံးအတွက်
သူငယ်ချင်းကောင်းလို့ဆိုရမှာပါဘဲ။ အရိုးရှင်းဆုံးပြောရရင် ဗာဒံစေ့က
နှလုံးရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။ ဗာဒံစေ့ထဲမှာပါတဲ့ အမျှင်ဓာတ်တွေဟာ ခန္ဓာ
ကိုယ်က အစားအစာထဲမှာ ပါလာတဲ့ပြင်ပအဆီတွေ စုပ်ယူခြင်းကို ပိတ်ပင်ဟန့်တားပေးပါတယ်။
ဒါ့ပြင်ဗာဒံစေ့ထဲမှာ ဗီတာမင်အီး၊ ပြည့်ဝဆီများ၊ မဂ္ဂနီစီယမ် နဲ
့ခန္ဓာကိုယ်အကျိုးပြုဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ အလုံအလောက် ပါဝင်နေတာမို့နှလုံးသွေးလည်ပတ်
စီးဆင်းမှုအားကောင်းစေပါတယ်။
ဒါတင်မကသေးပါဘူး။သွေးထဲရှိ
ကိုလက်စထရောပမာဏကို ချပေးတာကြောင့် နှလုံးကျမ္မာလာစေပါတယ်။ မှတ်ဉာဏ်နဲ
့ကိုယ်ခံစွမ်းအားတွေ တိုးပွားစေပါတယ်။ အယ်လ်ဇိုင်းမား (ခေါ်) ဦးနှောက်ဇရာကြိုရောဂါ သက်သာဆေးများ၊
ကိုယ်ခံစွမ်းအားကောင်းဆေးနဲ့ မှတ်ဉာဏ်ကောင်းဆေးတွေကို ရီဘိုဖလာဗင်၊ မဂ္ဂနီစီယမ်ဓာတ်တွေနဲ့
ဖော်စပ်ထားခြင်း ဖြစ်ပါတယ်။ အဲဒီဓာတ်တွေ အလုံအလောက်ပါတဲ့ ဗာဒံစေ့ကိုစားပေး
ခြင်းဖြင့် တစ်နေကုန်လန်းဆန်းလာစေပါတယ်။ အယ်လ်ဇိုင်းမားဝေဒနာရှင်များ ဗာဒံစေ့ကိုဖြည့်စွက်စာအားဆေးအဖြစ်
မဖြစ်မနေ စားပေးသင့်ပါတယ်။ ဝဖြိုးခြင်း ကိုတားဆီးပေးပါတယ်။ ဗီတာမင်၊
သတ္တုဓာတ်၊ကစီဓာတ်တွေနဲ့ အာဟာရသိဒ္ဓိပြည့်ဝတဲ့ ဗာဒံစေ့ကိုစားလိုက်တဲ့အခါ၊
နောက်ထပ်အစာစားချင်စိတ်ကို ချိုးနှိမ်ပေးတာမို့အချိန်တော်တော်ကြာအောင်
အဆာခံနိုင်သွားပါတယ်တဲ့။ ဒါ့ပြင် ဗာဒံစေ့ထဲမှာပါရှိတဲ့ အကျိုးပြုပြည့်ဝဆီများက
ဗိုက်ခေါက်အဆီများကိုချပေးနိုင်တာကြောင့် ဝဖြိုးသူများနဲ့အဆီတွေ အိတွဲကျသူများ
ဗာဒံစေ့ကို စားပေးကြပါလို့ USDA ကအကြံပြုထားပါတယ်။
Credit : ပေါက်ပေါက်
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။