Print

ဆောင်းရာသီတွင်အဖြစ်များသော လည်ချောင်းနာခြင်းများအတွက် သဘာဝဆေးမြီးတိုမျ...

  01-Mar-2017
Preview Image

(၁) ကြက်သွန်နီကို ပျားရည်နှင့်စိမ်ပြီး သုံးစွဲပါ။

ပျားရည်ထည့်ထားတဲ့ ဖန်ပုလင်းထဲမှာ ကြက်သွန်နီ တစ်ဝက်ခန့် လှီးဖြတ်ပြီး သုံးရက်ခန့် စိမ်နှပ်ထားပေးပါ။ ဖန်ဘူးအဖုံးကို သေချာကျပ်နေအောင် ပိတ်ထားဖို့ လိုအပ်ပါတယ်။ လည်ချောင်းနာ သက်သာအောင် နာရီခြားပြီး ပျားရည် စိမ်ထားတဲ့ ကြက်သွန်နီဖတ် တစ်ဇွန်းခန့်ကို စားပေးနိုင်ပါတယ်။

 

(၂) သရက်သီးရည်နဲ့ ပလုတ်ကျင်းပါ

သရက်သီးဟာ ပန်းနာရင်ကျပ်ရှိသူတွေအတွက် အဖော်မွန်ကောင်း ဖြစ်ပြီး ့ ဗိုင်ရပ်စ်ပိုးများကို ခြေဖျက်နိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ်။ ထို့အပြင် သလိပ်ပျော်ဆေး တစ်မျိုးအဖြစ်ပါ သုံးစွဲကြပါတယ်။ အကောင်းဆုံးကတော့ သရက်သီး အခေါက်မှ ထုတ်ယူထားသော အရည် ၁၀ မီလီလီတာနဲ့ ရေ ၁၂၅ မီလီလီတာ ရောစပ်ပြီး လည်ချောင်းနာခြင်းများအတွက် ပလုတ်ကျင်းပေးနိုင် ပါတယ်။ နောက်တစ်နည်းကတော့ သရက်သီးရဲ့ အဆီအနှစ် သို့မဟုတ် သရက်သီးအခြောက်ကို ရေနွေးနဲ့ပြုတ်ပြီး ခဏအအေးခံပြီးမှ ပလုတ်ကျင်းပေးနိုင်ပါတယ်။ 

 

(၃) လည်ချောင်းနာခြင်းအတွက် နွားနို့ရည်

လည်ချောင်းနာခြင်းဟာ မပြုပြင်ရသေးတဲ့ အစိမ်းသက်သက် အစားအစာတွေကို စားသုံးမိလို့ အဖြစ်များတယ်လို့ဆိုပါတယ်။ တချို့သော သဘာဝ ဆေးမြီးတိုတွေ ထဲမှာ နွားနို့ကို ပါဝင်ထည့်သွင်းပြီး လည်ချောင်းနာ ပျောက်စေရန်အတွက် အသုံးပြုပါတယ်။ မီးအေးအေးမှာ နွားနို့ ၁၂၅ မီလီလီတာ၊ ပျားရည်တစ်ဇွန်းနဲ့ ထောပတ် တစ်ဇွန်း ထည့်မွှေပြီး ကျိုချက်ပြီး သောက်သုံးနိုင်ပါတယ်။ 

 

(၄) ဆားရည်နှင့် ပလုတ်ကျင်းပါ

ဒီနည်းကတော့ လူတိုင်းနီးပါး သုံးစွဲလေ့ရှိကြတဲ့ အလေ့အထ တစ်ခုပါပဲ။ ရေနွေးနွေးမှာ ဆားပျော်ဝင်အောင် မွှေပေးပြီး လည်ပင်းထဲနစ်ဝင်အောင် ဆားရည်ငုံကာ ပလုတ်ကျင်းပေးပါ။ မကြာခဏ ပလုတ်ကျင်းပေးပါ။ မကြာခဏ ပလုတ်ကျင်းပေးရင်းနဲ့ လည်ချောင်းနာ သက်သာလာစေပါတယ်။

 

(၅) နာကျင်မှု လျော့ပါးစေမယ့် ချင်းပြုတ်ရည်

ချင်းဟာ ဗိုင်းရပ်စ်ပိုးများကို ခြေဖျက် သုတ်သင်နိုင်စွမ်းရှိသလို အနာမန်းဝင်ပြီးရောင်ရမ်းခြင်းများအတွက်ပါ ကောင်းမွန်တဲ့ ဆေးဖက်ဝင်ပစ္စည်းပါ။ ချင်းမြစ်ကိုခြစ်တံနဲ့ခြစ်ယူပြီး ဆူအောင်ကျိုချက်ထားတဲ့ ရေတစ်ခွက်ထဲမှာ ၁၀ မိနစ်ခန့် နှပ်ထားပေးပါ။ လည်ချောင်းနာ သက်သာစေဖို့အတွက် အချိန်အားလပ်တဲ့အချိန်တိုင်းမှာ ချင်းပြုတ်ရည်ကို သောက်ပေးနိုင်ပါတယ်။ 

 

Credit:
Wellness magazine, January 2015, Pg.26



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18