ကျန်းမာရေးအတွက် မျက်နှာနှင့် ခန္ဓာကိုယ်ပေါ်တွင် နှိပ်နယ်နိုင်မည့်နေရာမ...
18-Jan-2020ခေါင်းကိုက်ဝေဒနာသက်သာစေရန်
• လက်ဖဝါးနှစ်ဖက်ကို ဦးခေါင်းရဲ့တစ်ဖက်တစ်ချက်မှာထားပါ။
• အတွင်းဘက်ကို ဖိပေးပါ။
• ဦးခေါင်းကို လက်ချောင်းတွေနဲ့ အသာအယာနှိပ်ပေးပါ။
နာကျင်တာနဲ့ ခေါင်းကိုက်တာတွေ သက်သာပြီး စွမ်းအင်သစ်တွေ ရရှိနိုင်ပါတယ်။
မှတ်ဉာဏ်ကောင်းမွန်စေရန်
• လက်ချောင်းတွေနဲ့ နောက်ကျောပြင်ကို ဖိနှိပ်ပေးပါ။
• တခြားတစ်ဖက်ရဲ့ လက်ဖဝါးနဲ့တံတောင်ဆစ်ကို တွန်းပေးပါ။
သွေးလှည့်ပတ်မှု ကောင်းမွန်စေပြီး စိတ်ခံစားမှု ကောင်းမွန်စေ တဲ့အတွက် မှတ်ဉာဏ် လည်း
ထက်သန်လာနိုင်ပါတယ်။
ဇီဝရုပ်ဖြစ်ပျက်မှုကောင်းစေရန်
• လက်မနဲ့ လက်ညှိုးကို အသုံးပြုပြီး လက်မောင်းပေါ်ကို ဖိထားပေးပါ။
ဇီဝရုပ်ဖြစ်ပျက်မှု ကောင်းမွန်နိုင်ပါတယ်။
အာရုံစူးစိုက်မှုကောင်းမွန်စေရန်
• မျက်နှာပေါ်လက်တင်ထားပြီး အပေါ်သို့ အသာအယာတွန်းတင်ပါ။
• စိတ်ထဲကနေ တစ်မှသုံးအထိ ရေတွက်ပါ။
• အောက်ဘက်သို့ပြန်ဆွဲချပါ။ သုံးကြိမ်ပြုလုပ်ပေးပါ။
ရှင်းရှင်းလင်းလင်း တွေးခေါ်မြော်မြင်နိုင်ပြီး အာရုံစူးစိုက်မှု
ကောင်းမွန်စေနိုင်ပါတယ်။
ဆုံးဖြတ်ချက်ချနိုင်ရန်
• နားထင်တစ်ဖက်စီပေါ်မှာ လက်ချောင်းလေးချောင်းစီတင်ထားပါ။
• လက်မဟာ မေးရိုးဘက်မှာ ရှိပါစေ။
• နားထင်နေရာကို အသာအယာနှိပ်ပေးပါ။
• သုံးကြိမ်ပြုလုပ်ပါ။
ပြဿ နာများကို ဆုံးဖြတ်ချက် မှန်မှန်ကန်ကန်နဲ့ ဖြေရှင်းနိုင်ပါတယ်။
စဉ်းစားတွေးခေါ်မှု ကောင်းမွန်စေရန်
• လက်မနဲ့လက်ညှိုးကို အသုံးပြုပြီး နှာခေါင်းအရင်းနေရာကို ညှစ်ထားပေးပါ။
• စိတ်ထဲကနေ တစ်မှသုံးအထိ ရေတွက်ပါ။
• ပြီးရင်လက်ကို ပြန်ဖယ်လိုက်ပါ။
အာရုံစူးစိုက်မှု ကောင်းမွန်စေပြီး ဖန်တီးနိုင်တဲ့ အတွေးအခေါ်ကောင်းမွန်စေပါတယ်။
စွမ်းအင်ရရှိစေရန်
• လက်မကို နားရွက်နောက်မှာထားပြီး လက်ချောင်းများကို နှာဖူးပေါ်တင်ထားပါ။
• ဖိအား အသာအယာအသုံးပြုပြီး အပြင်ဘက်ကို တဖြည်းဖြည်း ဆွဲလာပါ။
နာကျင်တာနဲ့ ခေါင်းကိုက်တာတွေ သက်သာပြီး စွမ်းအင်သစ်တွေ ရရှိနိုင်ပါတယ်။
သွေးလှည့်ပတ်မှုကောင်းမွန်စေရန်
• လက်ချောင်းအချင်းချင်း ချိတ်ထားပါ။
• အတွင်းဘက်ကိုတွန်းပြီး ခေတ္တစောင့်နေပါ။ အပြင်ဘက်ကိုတွန်းပြီး ခေတ္တစောင့်နေပါ။
သွေးလှည့်ပတ်မှု ကောင်းမွန်တဲ့အတွက် စွမ်းအင်ပြည့်ဝနေပြီး Relax ရရှိနိုင်ပါတယ်။
Credit : ဒေါက်တာခင်မိုးမိုး
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။