Print

ဒူးအသုံးပြုများခြင်း၊ လှုပ်ရှားမှုများခြင်းကြောင့် ဒူးနာသူများအတွက်

  19-Jan-2020
Preview Image

လေ့ကျင့်ခန်းမလုပ်ခင် သွေးပူလေ့ကျင့်ခန်း လုပ်ပါ။ ပြီးရင် အကြောလျှော့ပါ။ ကုန်းပေါ်ကနေ ပြေးမဆင်းပါနဲ့။ လမ်းပဲလျှောက်ပါ။ ပြေးမယ့်အစား စက်ဘီးစီးပါ။ ရေကူးပါ။ လေ့ကျင့်ခန်းလုပ်တာများနေရင် လျှော့ပါ။ ရိုးရိုးသံမံတလင်းပေါ်အစား ချောမွေ့နှုးညံ့တဲ့ မျက်နှာပြင်ရှိတဲ့ ပြေးစက်နဲ့ ပြေးပါ။ အဝလွန်နေတဲ့သူတွေ ကိုယ် အလေးချိန်လျှော့ပါ။ ကိုယ်အလေးချိန် ၁ ပေါင် အပိုတက်ခြင်းဟာ ဒူးပေါ်ကို အလေးချိန် ၅ ပေါင်စာပိုပြီး ဝန်ပိစေပါတယ်။ မွေးရာပါခြေဖဝါးအခွက်မရှိဘဲ ပြားနေသူများအနေနဲ့ အထူးစီမံထားတဲ့ဖိနပ် (သို့) arch support (orthotics) ကို အသုံးပြုပါ။ လေ့ကျင့်ခန်းလုပ်ရင် စီးမယ့်ဖိနပ်ကို မိမိခြေထောက်နဲ့ ကိုက်ညီတဲ့၊ သက်သောင့်သက်သာဖြစ်တာမျိုးစီးပါ။

ဆရာဝန်နဲ့ပြသပါ

- သင့်ခန္ဓာကိုယ်ဒဏ်ကို ဒူးက မခံနိုင်တော့တဲ့အခါ၊
- ပြင်းထန်စွာ နာကျင်တဲ့အခါ (ကိုယ်အလေးချိန် မများသော်လည်း)။
- ဒူးဆစ်မှ အသံမြည်ခြင်း၊ ကွေးဆန့်ရခက်ခြင်း၊ ကွေ့ဆန့်မရတော့ခြင်းများဖြစ်တဲ့အခါ၊
- ဒူးဆစ်ပုံစံ ပျက်သွားတဲ့အခါ၊
- ဒူးဆစ်နာကျင်မှုနဲ့အတူ ဖျားနာခြင်း၊ သိသိသာသာ ရောင်ရမ်းခြင်း၊ နီရဲနေခြင်းများ ဖြစ်တဲ့အခါ၊
- ရောင်ရမ်းနာကျင်မှုအနေနဲ့အတူ ဖျားနာခြင်း၊ နာကျင်ခြင်း
- ဒူးအောက်ဘက် ခြေသလုံးနေရာတွင် သွေးခြည်ဥသလို အရောင်ဖြစ်ခြင်းများ ဖြစ်တဲ့အခါ။
-အိမ်မှာနေပြီး အိမ်သုံးဆေးများနှင့် ကုသတာ ၃ ရက်ထိ မသက်သာသောအခါ ဆရာဝန်နဲ့ ပြသတိုင်ပင်ပါ။

Credit : ဒေါက်တာခင်မိုးမိုးအောင်


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18