သင့်အတွေးများကြောင့် ဖြစ်ပေါ်လာသော သင့်ကျန်းမာရေး
01-Feb-2020လူတိုင်း နေ့စဉ်နဲ့အမျှ အချိန်တိုင်းလိုလိုမှာ အတွေးကိုယ်စီရှိကြပါတယ်။
အဲဒီအတွေးအခေါ်တွေက ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးအပေါ် သက်ရောက်မှုရှိတယ်ဆိုတာ
သင်သိပါရဲ့လား။
စိုးရိမ်သောကများကို တွေးတောခြင်းကြောင့်
ဖြစ်နိုင်ခြေ - အစာအိမ်နာခြင်း
စိုးရိမ်သောကဖြစ်တာက ခန္ဓာကိုယ်ရဲ့ တချို့နေရာတွေပေါ် သီးခြားသက်ရောက်မှု ရှိပါတယ်။
စိုးရိမ်သောကတွေ ခံစားရတဲ့အခါ အစာစားချင်စိတ် မရှိတာ၊ ညဘက် အိပ်မပျော်တာ စတာတွေကြောင့်
အစာအိမ်နာတာကို ခံစားရတာပါ။ တချို့တွေ မှာ ခြေထောက်နာကျင်မှု ခံစားရတာမျိုး
ဖြစ်တတ်ကြပါတယ်။
မျိုသိပ်ထားသော ဒေါသများကို တွေးတောခြင်းကြောင့်
ဖြစ်နိုင်ခြေ - ခေါင်းကိုက်ခြင်း
တချို့အခြေအနေတွေမှာ စိတ်ဆိုးဒေါသထွက်ပေမယ့် မျိုသိပ်လိုက်ရတာကြောင့် ခေါင်းကိုက်တာ
ဖြစ်နိုင်ပါတယ်။ စိတ်ထဲမှာ တင်းထားတာကြောင့် ကြွက်သားတွေလည်း
တင်းအားများလာတဲ့အပြင် ဝမ်းချုပ်တာလည်း ဖြစ်နိုင်ပါတယ်။ မကြာခဏ ဒေါသတွေ
မျိုသိပ်ရပါများရင် ကျန်းမာရေးထိခိုက်လာနိုင်ပါတယ်။
ရုတ်တရက်ဒေါသပေါက်ကွဲထွက်ခြင်းကြောင့်
ဖြစ်နိုင်ခြေ - နှလုံးတိုက်ခိုက်ခံရခြင်း
ဒေါသတွေ မျိုသိပ်ရပါများတာကြောင့် ကျန်းမာရေး ထိခိုက်နိုင်လာသလို
အဲဒီမျိုသိပ်ထားရတဲ့ ဒေါသတွေ ရုတ်တရက် ပေါက်ကွဲထွက်တဲ့အခါမျိုးမှာ နှလုံး
တိုက်ခိုက် ခံရနိုင်ပါတယ်။ ဒေါသဖြစ်ရတဲ့ အကြောင်းကို တွေးတောနေတာကြောင့်
နှစ်အနည်းငယ် ကြာတဲ့အခါ ကျန်းမာရေးဆိုးရွားစွာ ထိခိုက်လာတယ်လို့ သုတေသီတွေက
တွေ့ရှိခဲ့ပါတယ်။
အကောင်းမြင်စိတ်ဖြင့် တွေးတောခြင်းကြောင့်
ဖြစ်နိုင်ခြေ - ဖျားနာမှုကင်းဝေးခြင်း
အကောင်းမြင်စိတ်ရှိသူတွေဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိသလို လုပ်ဆောင်မှုတိုင်းလည်း
အောင်မြင်မှုတွေ ရရှိတာကို တွေ့ရပါတယ်။ အကောင်းမြင်စိတ် ရှိသူတွေဟာ
ပျော်ရွှင်သူတွေဖြစ်ကြပြီး ကျန်းမာရေးလည်း ကောင်းမွန်ကြပါတယ်။ အကောင်းမြင်စိတ်နှင့်
တွေးတောတတ်သူတွေဟာ သွက်လက်တက်ကြွစွာ လုပ်ဆောင်တတ်ကြပြီး ဖျားနာမှုတွေလည်း
ကင်းဝေကြပါတယ်။
Credit : ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)