Print

သံလွင်ဆီ၏ ဆေးဘက်ဝင်အာနိသင်များ

  05-Feb-2020
Preview Image

ကမ္ဘာတဝန်းမှာ သံလွင်ဆီကို မိခင်သဘာဝကြီးကပေးတဲ့ အစွမ်းထက်တဲ့ ဆေးလက်နက်အဖြစ် လူသိများခဲ့တာ ကြာပါပြီ။ ရောဂါအမျိုးမျိုးနဲ့ တိုက်ခိုက်ရာမှာဖြစ်စေ၊ အသက်အရွယ်အိုမင်းခြင်းကို ကာကွယ်ရာမှဖြစ်စေ သံလွင်ဆီရဲ့ အာနိသင်ဟာ သူမတူအောင် ထူးခြားလှပါတယ်။ သံလွင်ဆီရဲ့ ဆေးဖက်ဝင်အာနိသင်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

-အာဟာရဓါတ်ကြွယ်ဝတဲ့အတွက် အားအင်ချို့တဲ့သည့် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနဲ့ နာလံထစလူနာများကို အားဖြည့်ဆေးအဖြစ် တိုက်ကျွေးနိုင်ပါတယ်။

-သံလွင်ဆီကို မှန်မှန်လိမ်းပေးရင် အသားအရေ နူးညံ့ပျော့ပျောင်းစေပါတယ်။

-ခရုသင်းရောဂါ ဖြစ်ပွားတဲ့နေရာကို သန့်ရှင်းလတ်ဆတ်သော ဂျုံမှုန့်နှင့် ရောစပ်လိမ်းကျံပေးပါက အံ့သြလောက်အောင် ပျောက်ကင်းသက်သာစေပါတယ်။

-အအေးမိခြင်း၊ ကိုယ်လက်လေးလံညောင်းညာကိုက်ခဲခြင်းနှင့် ရင်ကြပ်၊ ပန်းနာရောဂါများအတွက် အာနိသင်ထက်မြက်တဲ့ ရင်လူးဆေးတစ်လက်လည်းဖြစ်ပါတယ်။

-သွားနာ၊ သွားကိုက်၊ သွားပိုးစား၊ သွားဖုံးနာ စတဲ့ သွားနဲ့ခံတွင်းရောဂါများအတွက် ထိရောက်တဲ့ ထည့်ဆေးအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။

-ကင်းမလက်မည်း၊ ကင်းမြီးကောက်၊ ကင်းခြေများ စတဲ့ ကင်းအမျိုးမျိုးကိုက်ခဲ့လျှင် သံလွင်ဆီကို ကင်းဆိပ်ဖြေဆေးအဖြစ် သုံးနိုင်ပါတယ်။

-ဝမ်းမီးကိုတောက်စေတဲ့အတွက် သူချည်းသက်သက်ဆိုလျှင် အကောင်းဆုံးအစာကြေဆေးနှင့် နှုတ်မြိန်ဆေးတစ်လက်လည်း ဖြစ်ပါတယ်။ ဝမ်းမီးအပူအပုပ်အချွဲများကို ဖယ်ရှားခြင်း၊ ဝမ်းမှန်စေခြင်း စတဲ့အာနိသင်များကြောင့် အစာအိမ်ရောဂါ၊ အူသိမ်အူ
ရောင်ရောဂါများကို ကုသပျောက်ကင်းနိုင်ပါတယ်။

-အမျိုးသားသုံးအားဆေးအဖြစ်လည်းကောင်း၊ တိုင်းရင်းလိမ်းဆေးများဖြစ်တဲ့ ဒဏ်ကျေလိမ်းဆေး၊ အကြောဖြေလိမ်းဆေးများ ဖော်စပ်ရာမှာလည်းကောင်း အစွမ်းထက်သော ဆေးအမည်အဖြစ် အသုံးပြုနိုင်ပါတယ်။

-သင့်ဆံကေသာအား လိမ်းပေးခြင်းဖြင့် ဦးခေါင်းအား အေးမြစေပြီး ဆံပင်ကို နက်မှောင်သန်စွမ်းစေ၍ ဆံပင်ကျွတ်ခြင်း၊ ဆံပင်နှစ်ခွဖြစ်ခြင်း၊ ဆံပင်အရောင်ပြောင်းခြင်းတို့မှ အထူးကာကွယ်ပေးပြီး ဗောက်၊ ဒက်များ တွယ်ကပ်ခြင်းမှ ကင်းဝေးစေပါတယ်။

-အိမ်ထောင်ရှင်အမျိုးသမီးများ၏ ကိုယ်ဝန်ဆောင်စဉ်ကာလ ဝမ်းဗိုက်အားလိမ်းပေးပါက ဗိုက်ကြောမပြတ်အောင် ကာကွယ် ပေးသည့်အပြင် မွေးကင်းစ ကလေးသူငယ်များမှာဖြစ်တတ်သော အရေပြားယားယံခြင်းများကို အထူးပျောက်ကင်းစေပါတယ်။


Credit: ဒေါက်တာအောင်နိုင်

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18