အိပ်စက်မှုစနစ်ကို ဖျက်ဆီးနေသော အိပ်ရာဝင်ချိန် အလေ့အထများ
13-Feb-2020လူတိုင်းဟာ ကိုယ့်အိပ်စက်မှုပုံစံကို အလေးထားသင့်ပါတယ်။
အိပ်ရေးဝဝ အိပ်စက် အနားယူပေးမှသာ နောက်တစ်နေ့မှာ လန်းဆန်းမှုအပြည့်၊ အားအင်အပြည့်နဲ့
ကျန်းကျန်းမာမာ အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ အိပ်စက်မှုစနစ်ကို ဖျက်ဆီးနေသော အိပ်ရာဝင်ချိန်
အလေ့အထများ၊ အိပ်စက်မှုစနစ်ကို ဖျက်ဆီးနေသော အိပ်ရာဝင်ချိန် အလေ့အထများ၊ အိပ်ရာထဲသို့ စာအုပ်များ ယူသွားခြင်း၊ အိပ်ရာမဝင်ခင် စာဖတ်တာက
လူအများစုအတွက် အလေ့အထ တစ်ရပ်လိုဖြစ်နေပါတယ်။ ပြဿနာကတော့
ဒီအလေ့အထကို ခန္ဓာကိုယ်က စွဲမြဲနေပြီး အခန်းနှစ်ခန်းလောက်မှ ဖတ်လို့မပြီးရင် အိပ်လို့မပျော်တာမျိုး
ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အိပ်ရာထဲကို စာအုပ်တွေ အများကြီး သယ်မပြီး ဖတ်တာမျိုး မလုပ်သင့်ပါဘူး။
အိပ်ရာဟာ အိပ်စက်ဖို့ပဲ ကန့်သတ်ထားသင့်ပါတယ်။
Facebook အသုံးပြုလွန်းခြင်း
ကွန်ပျူတာစကရင်ရဲ့ အလင်းရောင်ဟာ သင့်ဦးနှောက်ကို နိုးကြားအောင်
လှုံ့ဆော်ပေးနိုင်ပါတယ်။ ဒါ့အပြင် ကွန်ပျူတာထဲမှာ သင်လုပ်ရမယ့် အလုပ်တွေကို ရေးမှတ်နေရင်လည်း
စိုးရိမ်ပူပန်မှုတွေဖြစ်ပြီး စိတ်အေးလက်အေး အိပ်ပျော်နိုင်ဖို့ မလွယ်ပါဘူး။ ဒါကြောင့်
ညဉ့်နက်တဲ့အထိ ကွန်ပျူတာသုံးတာကို ရှောင်ပါ။ ကွန်ပျူတာကိုပိတ်ပြီး ခန္ဓာကိုယ် အကြောပြေလျော့အောင်
အချိန်ပေးကာနားပါ။
သက်သောင့်သက်သာရှိသော အိပ်ရာမရှိခြင်း
မွေ့ရာကောင်းကောင်းရှိရင် သင့်ကိုပိုပြီး အိပ်မောကျစေတာ
မှန်ပါတယ်။ သင်က ပက်လက်လှန် အိပ်တတ်သူဆိုရင် ပျော့ပျောင်းတဲ့ ခေါင်းအုံးကို ရွေးချယ်သင့်ပြီး
ဘေးတစောင်း အိပ်တတ်သူဖြစ်ရင်တော့ ခပ်တင်းတင်းရှိတဲ့ ခေါင်းအုံးမျိုးကို ရွေးသင့်ပါတယ်။
နိုးစက်နာရီက တောက်ပသော အရောင်ထွန်းထားခြင်း အိပ်နေတဲ့အချိန်မှာ နှိုးစက်နာရီရဲ့
တောက်ပတဲ့ အရောင်ဟာ လန့်နိုးစေနိုင်ပါတယ်။ အိပ်ခန်းက မှောင်နေလေလေ အိပ်မောကျဖို့ ပိုကောင်းလေလေပါ။
အခန်းထဲက တောက်ပတဲ့ နှိုးစက်အလင်းကို စာအုပ်တစ်အုပ်နဲ့ ကာကွယ်ထားပါ။
အိပ်ပျော်ရန် ဂဏန်းများ ရေတွက်နေခြင်း
အိပ်မပျော်နိုင်ဘူးဆိုရင် အိပ်ရာထဲမှာ နေနေတာက ပိုပြီး
အချိန်ကုန်စေပါတယ်။ အိပ်ပျော်ဖို့ရာအတွက် မိနစ် ၃၀ ထက်ပိုပြီး အချိန်ပေးနေရရင် အိပ်ရာထဲကထပြီး
စာဖတ်တာ၊ သီချင်းနားဆင်တာ စတဲ့ တစ်ခုခုကို လုပ်ဆောင်လိုက်ပါ။ ကိန်းဂဏန်းတွေကို ရေတွက်နေတာမျိုးက
ဦးနှောက်စွမ်းအားကို လှုံ့ဆော်ပေးပြီး စိတ်လန်းဆန်းစေနိုင်တာကြောင့် မလုပ်သင့်ပါ။
ညဘက်တွင် လေ့ကျင့်ခန်းလုပ်ခြင်း
နေ့ခင်းအချိန် လေ့ကျင့်ခန်းလုပ်ပေးရင် တစ်နေ့လုံးလိုလို
လန်းဆန်းနေစေပါတယ်။ ဒါကြောင့် ညဘက်တွေမှာ အိပ်မပျော်တာမျိုး မဖြစ်စေဖို့ အိပ်ရာမဝင်ခင်
အချိန်သုံးနာရီအတွင်း လေ့ကျင့်ခန်း မလုပ်သင့်ပါဘူး။ ညဘက်မှာ အပြင်းအထန် လေ့ကျင့်ခန်း
လုပ်တာကြောင့် ခန္ဓာကိုယ်အပူချိန်ကို မြင့်တက်စေပြီး စွမ်းအင်အဆင့် တိုးတက်ကာ အိပ်ပျော်မယ့်
အဆင့်ကို အဟန့်အတား ဖြစ်စေပါတယ်။
Credit:ကြယ်စင်
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။