Print

ပါးချိတ်ရောင်ခြင်းအတွက် အိမ်တွင်းကုထုံးများ

  25-Feb-2020
Preview Image

ပါးချိတ်ရောင်ခြင်းမှာ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသောကြောင့် ပိုးသတ်ဆေးများဖြင့် ကုသ၍မရပါ။

ပုံမှန်အားဖြင့် ဖြစ်ပွားပြီး နှစ်ပတ်အတွင်းတွင် သူ့အလိုအလျောက် ပျောက်ကင်း သွားလေ့ရှိသည်။

ပါးချိတ်ရောင်ပါက နာကျင်ခြင်းကို သက်သာစေရန်နှင့် အခြားသူများကို မကူးစက်စေရန်

• အိပ်ရာထဲတွင် နားနေပါ
• စတင်ဖြစ်ပွားချိန်မှ တစ်ပတ်အထိ အခြားသူများနှင့် ထိတွေ့ခြင်းကို အတတ်နိုင်ဆုံး ရှောင်ပါ
• အနာသက်သာစေရန် ပါရာစီတမောကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း သောက်ပါ
• ရေအေးဖတ် သို့မဟုတ် ရေနွေးဖတ်များကို ရောင်နေသောနေရာသို့ ကပ်ပါ
• ပါးချိတ်ရောင်ခြင်း၏ အဓိက နောက်ဆက်တွဲပြဿနာဖြစ်သော ဝှေးစေ့ရောင်ခြင်း
သက်သာစေရန် လိင်အင်္ဂါကို အအေးဖတ်ကပ်ပေးပါ၊ ကောင်းစွာထောက်ခံပေးနိုင်သော အတွင်းခံကောင်းကောင်း ဝတ်ပါ
• များများဝါးရန်လိုအပ်သော အစာမာများကို ရှောင်ပါ
• ချဉ်သောအစာများကို ရှောင်ပါ
• ရေများများသောက်ပါ

Credit : Lei

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18