Print

တစ်ပတ်ကို ခေါက်ဆွဲခြောက် တစ်ထုပ်ထက်ပိုစားလျှင်

  31-Jan-2020
Preview Image

တစ်ပတ်ကို ခေါက်ဆွဲခြောက် ၂ ထုပ်နှင့် ၂ ထုပ် တက်ပို စားသောက်ခြင်းဟာ ရေရှည်မှာ နှလုံးကျန်းမာရေးကို ထိခိုက်စေကြောင်း အမေရိကန်မှ လေ့လာသူများက ထုတ်ဖော်ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။

ခေါက်ဆွဲခြောက်ဖြစ်ရန် ပြုလုပ်တဲ့ ဓာတုဗေဒ၊ ထုတ်ပိုးတဲ့အခါ တာရှည်ခံစေရန် ထည့်သွင်းထားတဲ့ ဓာတုဗေဒ ပစ္စည်းများဟာ လူတို့ စားသုံးတဲ့အခါ ကျန်းမာရေး ထိခိုက်စေတဲ့ အချက်ကို လေ့လာတွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ တစ်ပတ်ကို တစ်ထုပ်လောက် စားတာက မသိသာပေမယ့် ယင်းထပ် ပိုရင်တော့ ဒါဟာ ကျန်းမာရေး အတွက်မကောင်းတော့ပါဘူး။ အထူးသဖြင့် အမေရိကန်မှာဆိုရင် ခေါက်ဆွဲခြောက်ကြောင့် အမျိုးသမီးများက အမျိုးသားများထက် နှလုံးရောဂါဆိုင်ရာ ပိုမိုခံစားရ လွယ်နိုင်ချေရှိကြောင်း ဆိုပါတယ်။

နှလုံးသွေးကြောဆိုင်ရာ ရောဂါ၊ သွေးချို ဆီးချိုရောဂါများကို ဖြစ်ထွန်းရန် အလွယ်တကူ ဖြစ်စေပြီး ကလေးရရန် ခက်ခဲတဲ့ အိမ်ထောင်သည်များ အနေနဲ့ ရှောင်ကြဉ်သင့်ကြောင်းတောင် ထောက်ပြထားပါတယ်။ အကြောင်းကတော့ သူဟာ ဟိုမုန်းဓာတ်ကိုပါ အနှောင့်အယှက်ပေးလို့ ဆိုပါတယ်။

ယင်းသို့ဆိုလိုက်လို့ ခေါက်ဆွဲခြောက်များကို မကောင်းလိ့ုလည်း မဆိုလိုပါ။ သူဟာ အစားအသောက် လွယ်တကူ နဲ့ ခပ်မြန်မြန် စားချင်သူများအတွက်၊ ဈေးသက်သက်သာသာ စားချင်သူများအတွက် ထုပ်ပိုး ပေးထားတဲ့ အစားအသောက် ဖြစ်ပြီး တစ်ပတ်ကို ၁ ထုပ်လောက်စားရင်တော့ ဘာမှ မဖြစ်ပါဘူး။ ယင်းထပ် ပိုတဲ့ အကြိမ်အရေအတွက် အားဖြင့် စားမိရင်တော့သာ ကျန်းမာရေးအတွက် ထိခိုက်နိုင်ကြောင်းကို ထောက်ပြသွားခဲ့ပါတယ်။

Credit : အောင်ခမ်း (ရိုးရာလေး)


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18