Print

အိမ်ထောင်ရေးသာယာမှုအတွက် အမျိုးသားများတွင် စိတ်ဓာတ်ကျဝေဒနာခံစားနေရခြင်...

  29-Feb-2020
Preview Image

လိင်ပိုင်းဆိုင်ရာ နှိုးဆော်မူတွေက ဦးနှောက်က စတင်လာတာပါ။ စိတ်ဓာတ်ကျဆင်းနေပါက လိင်ပိုင်းဆိုင်ရာ နှိုးဆော်မှုတွေမရှိတာကြောင့် ပန်းသေပန်းညှိုးတာကို ဖြစ်စေပါတယ်။ စိတ်ဓာတ်ကျဆင်းတာကို ကုသရတဲ့ ဆေးတွေကလည်း စိတ်ဆန္ဒဖြစ်ပေါ်မှုကို ဖိနှိပ်ထားတာကြောင့် ပန်းသေပန်းညှိုးဖြစ်ပွားနိုင်ခြေကို များစေပါတယ်။

အရက်အလွန်အကျွံသောက်သုံးခြင်း

အရက်အနည်းငယ်သောက်တာက စိတ်အလိုလိုက်ပြီး Sex ကိစ္စကို အလွန်အကျွံ လုပ်ဆောင်တတ်ကြပါတယ်။ အရက်ကို အလွန်အကျွံသောက်သူတွေကတော့ ခဏတာ Sex ကိစ္စဆောင်ရွက်နိုင်မှု မရှိတတ်ကြပါဘူး။ အရက်ကို သင့်တင့်အောင် သောက်သုံးပါက နှလုံးကျန်းမားရေးကို အထောက်အကူပြုနိုင်တယ်ဆိုပေမယ့် အများစုက အရက်ကို စွဲစွဲလမ်းလမ်းနဲ့ အလွန်အကျွံသောက်သုံး ကြတာကြောင့် ကျန်းမာရေးထိခိုက်မှုတွေ ကြုံတွေ့နိုင်ပါတယ်။ တစ်နေ့ကို အရက်အနည်းငယ်လောက် သောက်တာက နှလုံးရောဂါဖြစ်ပွားနိုင်ခြေနှင့် ပန်းသေပန်းညှိုးဖြစ်နိုင်ခြေကို လျှော့ချစေနိုင်ပါသည်။ ဒါပေမယ့် သင်က အရက်စွဲသူတစ်ယောက် မဖြစ်ဖို့တော့ လိုပါတယ်။

ဆေးဝါးများ သောက်သုံးနေရခြင်း

သင်သောက်သုံးနေရတဲ့ ဆေးဝါးတွေကြောင့်လည်း လိင်ကိစ္စမစွမ်းဆောင်နိုင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ပန်းသေပန်းညှိုးဖြစ်စေတဲ့ ဆေးဝါးတွေ များစွာရှိပါတယ်။ သွေးတိုးရောဂါအတွက် သောက်သုံးရတဲ့ သွေးဖိအားကျဆေးတွေ၊ နာကျင်ကိုက်ခဲမှု သောက်သုံးနေရတဲ့ အကိုက်အခဲ ပျောက်ဆေးတွေနဲ့ ဆေးဝါးတွေက အမျိုးသားတွေမှာ လိင်ကိစ္စ စွမ်းဆောင်နိုင်ရည်ကို လျော့နည်းစေပါတယ်။

စိတ်ဖိစီးမှုများခြင်း

အလုပ်မှာ၊ အိမ်မှာ သင့်စိတ်ကို ဖိစီးမှုများစေတဲ့အကြောင်းတွေ များစွာရှိပါတယ်။ စိတ်ဖိစီးမှုတွေက ခန္ဓာကိုယ်တွင်းအင်္ဂါတွေအပေါ်ကို သက်ရောက်မှုသာမက အမျိုးသားတွေရဲ့ လိင်ပိုင်းဆိုင်ရာမှာလည်း သက်ရောက်မှုတွေ ရှိပါတယ်။ စိတ်ဖိစီးမှုကို လျှော့ချဖို့သင်ရဲ့ နေထိုင်မှုပုံစံတွေ ပြောင်းလဲပါ။ အပန်းဖြေ အနားယူပါ။ လေ့ကျင့်ခန်းလုပ်ပါ။ အိပ်ရေးဝဝ အိပ်စက်ပါ။ လိုအပ်ပါက ဆရာဝန်ဆီမှ အကြံဉာဏ်ရယူပါ။

ဒေါသကြီးခြင်း

ဒေါသထွက်နေတဲ့အချိန်မှာ သင်မျက်နှာတစ်ခုလုံး နီရဲပြီး ကြောက်စရာလူသားတစ်ဦး ပုံစံဖြစ်နေတာကို သင်ကိုယ်တိုင် သတိမထားမိဘဲ ဖြစ်နိုင်ပါတယ်။ သင့်ဒေါသက သင့်အိမ်ထောင်ရေး သာယာမှုအတွက် အနှောက်အယှက်တစ်ခုပါ။ ဒေါသကြောင့် သင်ရဲ့အိမ်သူသက်ထားနှင့် ရန်ဖြစ် စကားများကြပြီး အိပ်ရာဝင်ချစ်ပုံပြင်တွေကို အကျည်းတန်အရုပ်ဆိုးမှုဖြစ်စေပါတယ်။

ဗိုက်ရွှဲခြင်း

ဗိုက်ရွှဲရွှဲနဲ့ ကြည့်ရဆိုးတဲ့ သင့်ခန္ဓာကိုယ်က အိမ်ထောင်ဘက်အပေါ် ဆွဲဆောင်မှု လျော့နည်းစေရုံသာမက သင့်ကိုယ်သင် ယုံကြည်မှုလည်း လျော့နည်းစေပါတယ်။ ဝတဲ့ အမျိုးသားတွေမှာ ကျားဟော်မုန်း တက်စထရိုစတီရုန်း ထုတ်လုပ်မှု လျော့နည်းတာကြောင့် လိင်ကိစ္စဖြစ်ပေါ်မှုနဲ့ စွမ်းဆောင်နိုင်မှု တွေ လျော့နည်းစေရပါတယ်။ ဒါအပြင် အဝလွန်တဲ့ အမျိုးသားတွေမှာ သွေးတိုးရောဂါ ပွားနိုင်ခြေများတဲ့အပြင် သွေးလွှတ်ကြော နံရံတွေ မာကျောနေတာကြောင့် အမျိုးသားအင်္ဂါတွေဆီ သွေးစီးဆင်းမှု လျော့နည်းကာ စွမ်းဆောင်ရည် ကျဆင်းစေပါတယ်။

သပ်သပ်ရပ်ရပ်မနေခြင်း

မှန်ထဲမှာ သင့်ကိုယ်သင်ကြည့်လိုက်တဲ့အခါ သပ်ရပ်ကြည့်ကောင်းနေဖို့လိုပါတယ်။ သင့်ကိုယ်သင် သပ်ရပ်ကြည့်ကောင်းပြီး ယုံကြည်မှုရှိမှသာ သင့်အိမ်ထောင်ဖက်အပေါ် ဆွဲဆောင်မှု ပိုစေပါတယ်။

စိတ်ဆန္ဒလျော့နည်းဖြင်း

စိတ်ဆန္ဒလျော့နည်းတာက ပန်းသေပန်းညှိုးတာနှင့် မတူပါဘူး။ ဒါပေမယ့် ဒါတွေကိုဖြစ်စေတဲ့ အကြောင်းအရာတွေကတော့ တူညီတတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လျော့နည်းတာ၊ စိတ်ဖိစီးမှုများတာ၊ စိုးရိမ်စိတ်များတာနှင့် တချို့ဆေးဝါးတွေသောက်သုံးနေရတာတွေကြောင့် စိတ်ဆန္ဒ လျော့နည်းတာမျိုး ဖြစ်တတ်ပါတယ်။

ကျန်းမာမှုမရှိခြင်း

ကျန်းမာရေးမကောင်းတဲ့အခါ အာရုံကြော၊ ကြွက်သား၊ သွေးစီးဆင်းမှုတွေကို အနှောက်အယှက်ဖြစ်စေတာကြောင့် လိင်စိတ်ဆန္ဒတွေ လျော့နည်းတတ်ပါတယ်။ ဆီးချိုသွေးချိုရောဂါ၊ သွေးတိုးရောဂါ၊ သွေးလွှတ်ကြောတွေ မာကျောနေတာ၊ ကျောရိုး အာရုံကြောမကြီး ထိခိုက်ဒဏ်ရာရတာ စတာတွေရှိနေရင် သင်တိုပအိမ်ထောင်ရေးမှာ သာယာမှုတွေ ဆိတ်သုဉ်းနေတတ်ပါတယ်။ ဆီးကျိတ်နှင့် ဆီးအိမ်မှာ ရောဂါရှိလို့ ခွဲစိတ်ကုသမှု ခံယူထားတဲ့ အမျိုးသားတွေမှာ လိင်တံမာကျောဖို့ လုပ်ဆောင်ပေးတဲ့ အာရုံကြောနဲ့ သွေးကြောတွေ ထိခိုက်မှုရှိတတ်ပါတယ်။ အဲဒီအခါမျိုးမှာလည်း အမျိုးသားတွေရဲ့ စွမ်းဆောင်နိုင်ရည်ကို ကျဆင်းစေပါတယ်။

ဆရာဝန်နှင့် တိုင်ပင်ပြသမှုမရှိခြင်း

သင်ရဲ့ လိင်ပိုင်းဆိုင်ရာ အခက်အခဲတွေကို ဆရာဝန်နဲ့ တိုင်ပင်ပြသဖို့ စိုးရွံ့နေတာ မျိုးတွေကလည်း အမျိုးသားတို့ရဲ့ စွမ်းဆောင်နိုင်မှုကို အခက်အခဲဖြစ်စေပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်ပြသမှသာ လိုအပ်တဲ့ ညွှန်ကြားချက်တွေ ရရှိနိုင်မှာပါ။ နေထိုင်မှုပုံစံ ပြောင်းလဲတာ၊ ဆေးလိပ်ဖြတ်တာ၊ ကိုယ်အလေးချိန်လျော့ချတာ၊ လိုအပ်ပါက ဆေးဝါးသောက်သုံးတာ၊ ဟော်မုန်းကုသမှု ခံယူတာ၊ နှစ်သိမ့်ဆွေးနွေးအကြံပေးတာ စတာတွေကို ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။


Credit : အလင်း (ဆေးဝါး)

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18