သီချင်းဆိုခြင်းကြောင့် ရရှိမယ့် အကျိုးကျေးဇူး (၇) ခု
06-Mar-2020ငယ်ငယ်တုန်းကလို
စိတ်ပြေလက်ပျောက် သီချင်းတစ်ပုဒ်လောက်တော့ နေ့စဉ်ဆိုပေးသင့်ပါတယ်။
၁ - သီချင်းဆိုခြင်းကြောင့် endorphins
လို့ ခေါ်တဲ့
ဓာတ်တွေ ခန္ဓာကိုယ်မှာ ထွက်ပေါ်လာစေပြီး သင့်ကို ပျော်ရွှင်လာစေပါတယ်။
၂ - oxytocin ကိုလည်း ထွက်ပေါ်လာစေပြီး စိတ်ဖိစီးမှုတွေလျော့ကျကာ
အထီးကျန်တယ်ဆိုတဲ့ ခံစားချက်ကို ပြေပျောက်စေပါတယ်။
၃ - သုတေသနတွေအရ နှလုံးခုန်နှုန်းကို ကောင်းမွန်စေပြီး နှလုံးရောဂါဖြစ်ပွားနိုင်မှုကို
လျော့ကျစေပါတယ်။
၄ - အုပ်စုလိုက်သီချင်းဆိုခြင်းကနေ သင့်ကိုသင် ယုံကြည်မှုတွေကို တိုးတက်စေပါတယ်။
၅ - လေ့ကျင့်ခန်းတစ်ခုလိုဖြစ်ပြီး အဆုတ်၊
သွေးလည်ပတ်မှုနဲ့
သက်ဆိုင်ရာခန္ဓာကိုယ်နေရာတွေကို အားကောင်းစေပါတယ်။
၆ - အာရုံစူးစိုက်မှုအားနဲ့ မှတ်ဉာဏ်ကိုလည်း တိုးတက်ကောင်းမွန်စေပါတယ်။
၇ - အသက်ရှူမှုပုံစံကောင်းကို ရရှိစေပါတယ်။
Credit : Buzz Feed
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။