Print

အိုင်အိုဒင်းဆားကို ဘာကြောင့်စားသုံးသင့်သလဲ

  09-Apr-2017
Preview Image

• ကလေးများ ပုံမှန်ကြီးထွားရေး၊ ဉာဏ်ရည်ထက်မြက်ရေးနှင့် လူကြီး၊ လူငယ်၊ လူရွယ်အားလုံး ကျန်းမာရေးအတွက် အိုင်အိုဒင်း (Iodine) အာဟာရကို လုံလောက်စွာ စားသုံးဖို့လိုအပ်သည်။


• အိုင်အိုဒင်း အာဟာရသည် ကောက်ပဲသီးနှံ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ အသား၊ ငါး၊   နို့၊ ဥ စသည့်အစားအစာမျိုးစုံတွင် အနည်းငယ်စီပါဝင်နေသည်။ 


• ပင်လယ်မှထွက်သောအစာများ (ပင်လယ်ငါး၊ ပုဇွန်၊ ကျောက်ပွင့်စသည်တို့) တွင် အိုင်အိုဒင်းအာဟာရ ပိုကြွယ်ဝသည်။ 


• မြန်မာနိုင်ငံတစ်ဝန်း မည်သည့်ဒေသတွင် နေသည်ဖြစ်စေ၊ အစားအစာတစ်မျိုးတည်းမှ အာဟာရကို လုံလောက်စွာရရှိဖို့ မသေချာပေ။ 


• အိုင်အိုဒင်း အာဟာရကို လုံလောက်စွာ ရရှိစေရန် မိသားစုတိုင်း အသက်အရွယ်မရွေး  အိုင်အိုဒင်းဆားကို  နေ့စဉ်စားသုံးကြဖို့ လိုအပ်ပါသည်။


• အိုင်အိုဒင်းဆားဆိုသည်မှာ မိမိတို့စားနေကျ အိမ်သုံးဆား အပုံတစ်သိန်းတွင် အိုင်အိုဒင်း အာဟာရ ၃ ပုံခန့် (ပါသည်ဆိုရုံ) ဖြည့်ထားသော ဆားဖြစ်သည်။ စားနေကျ အိမ်သုံးဆားနှင့် အရောင်အဆင်း၊ အနံ့၊ အရသာ၊ ခြားနားမှုမရှိပါ။


• အိုင်အိုဒင်းဆားနေ့စဉ် စားရုံနှင့် အိုင်အိုဒင်းအာဟာရ လွန်ကဲမှုမဖြစ်နိုင်ပါ။


Credit : Unicef



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18