အနာဖြစ်တဲ့အခါ အမာရွတ်ထင်တာနည်းအောင် ကာကွယ်နည်း
22-Mar-2020 ါမယ်။
တိရိစ္ဆာန်တွေရဲ့
အန္တရာယ်ကိုလည်း
ဂရုစိုက်ဖို့
လိုပါတယ်။
၁။ အနာဖြစ်ရင် လက်မဝက်ထက်ကြီးရင်
အမာရွတ်ဖြစ်နိုင်တယ်။
သတိထားရပါတော့မယ်။
၂။ အနာဖြစ်တဲ့အခါ ဆေးထည့်တာကို စနစ်တကျ ပြုလုပ်ရပါမယ်။
၃။ အနာထဲ ပိုးမဝင်စေဖို့ သန့်ရှင်းအောင်ထားရပါမယ်။
၄။ အနာကို ဖုံးအုပ်ထားရပါမယ်။
ပိုးသေဆေး
လိမ်းဆေးတွေ
သုံးရပါမယ်။
၅။ သွေးဖြူဥ၊ သွေးနီဥ၊ အရေပြား တစ်သျှူးတွေနဲ့ ဖြစ်လာတဲ့ အနာဖေးလေးကို အနာမကျက်ခင် ခွာလိုက်ရင် အနာပိုနက်သွားတတ်ပါတယ်။
အမာရွတ်
အသစ်ဖြစ်တတ်ပါတယ်။
၆။ မျက်နှာနဲ့ မျက်လုံးတစ်ဝိုက်ကို
အနာဖြစ်ရင်
ပိုဂရုစိုက်ရမယ်။
၇။ အရေပြားကို ထိခိုက်ခံထားရရင်
နေပူဒဏ်
အထိမခံသင့်ပါ။
၈။ ပြည်တည်လာရင်၊ အနာမကျက်ရင် ဘက်တီးရီးယား ပိုးသေစေတဲ့ဆေးနဲ့
ကုသသင့်ပါတယ်။
၉။ လှုပ်ရှားမှုများတဲ့
နေရာမှာ
အနာရင်
အနာကျက်နှေးတတ်ပါတယ်။
အနာကျက်မနှေးစေဖို့
အနာကို
ငြိမ်အောင်
လှုပ်ရှားမှုကို
လျှော့ထားရမယ်။
အလေးမလို့
မရပါဘူး။
၁၀။ ဝက်ခြံ အမာရွတ်မထင်အောင်
ဝက်ခြံကို
ပြည်မဖြစ်သေးခင်
ဇွတ်မညှစ်ရပါဘူး။
ဝက်ခြံဖုကို
အရေပြားပွန်းပဲ့တဲ့အထိ
ညှစ်ရင်၊
နှိုက်ညှစ်ရင်
အမာရွတ်ကျန်နိုင်ခြေ
များပါတယ်။
ဝက်ခြံပျောက်စေဖို့
ပိုးသတ်ဆေးစားရပါမယ်။
ပိုးသတ်ဆေး
လိမ်းပေးရပါမယ်။
၁၁။ နေရောင်ကို တတ်နိုင်သမျှ ရှောင်ရပါမယ်။ နေပူထိရင် အနာကျက်နှေးပြီး ၊ ပိုးဝင်တတ်ပါတယ်။
၁၂။ ဝက်ခြံကို မဆိတ်ရဘူး၊ မပွတ်ရဘူး။၊ မကုတ်ရပါဘူး။ ဝက်ခြံပေါက်ပြီး ဖြစ်လာတဲ့ အနာဖေးကို မခွာရပါဘူး။
၁၃။ အမာရွတ်ဖြစ်တယ်ဆိုရင်
သက်သာအောင်
သီးသန့်ဆေးကုသရပါမယ်။
၁၄။ လိမ္မော်သီးနဲ့ အရည်ရွှမ်းတဲ့ အသီးတွေမှာပါတဲ့ ဗီတာမင်စီ (Vitamin-C) နဲ့ အင်တီအောက်ဆီးဒင့်
(Antioxidants) က
အနာကို
ပိုကျက်စေတယ်လို့
ယူဆကြတယ်။
အင်တီအောက်ဆီးဒင့်က
အနာဖြစ်င်္ပြီး
နောက်ဆက်တွဲမည်းတာကို
ပြန်ပြီး
ပြုပြင်နိုင်စွမ်း
ရှိပါတယ်။
၁၅။ မလိုလားအပ်တဲ့ ခန္ဓာကိုယ်ကို ထိခိုက်စေတဲ့ နားဖောက်တာ၊ ဆေးမင်ကြောင်ထိုးတာတွေကို
ရှောင်သင့်ပါတယ်။
အမာရွတ်
အဖုလုံးရှိတဲ့သူတွေ
နားဖောက်ရင်း
အမာရွတ်
အဖုလုံးအသီးကြီးတွေ
ဖြစ်လာတဲ့သူတွေကို
တွေ့ဖူးပါတယ်။
Credit : ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။