အမျိုးသမီးတိုင်းမှာ ရှိသင့်တဲ့ အဝတ်အစား (၇) မျိုး
23-Mar-2020ိင်းမှာ
အနည်းဆုံး
ရှိသင့်တဲ့
အဝတ်အစား
ဒီဇိုင်းလေးတွေကို
ပြောပြပေးချင်ပါတယ်။
၁။ အပေါ်ထပ်ဝတ် ဆွယ်တာသား အပါးစား
ထသွားထလာအတွက် လိုလာတဲ့အခါ၊ ရုပ်ရှင်ရုံသွားတဲ့အခါ၊
မိုးတွင်းချိန်ခါတွေအပြင်၊
ခရီးသွားတဲ့အခါ
မရှိမဖြစ်လိုအပ်တဲ့
ဆွယ်တာသားခပ်ပါးပါး
ခါးရှည်ဒီဇိုင်းလေးတွေကတော့
အမျိုးသမီးတိုင်းအတွက်
မရှိမဖြစ်ပေါ့။
၂။ ပေါ့ပေါ့ပါးပါးဖြစ်မယ့်
တီရှပ်လေးတွေ
ထသွားထလာကနေ ပါတီအထိတောင် ဆင်မြန်းနိုင်တဲ့
အမိုက်စား
တီရှပ်လေးတွေကလည်း
ရှိထားဖို့
လိုအပ်ပါတယ်။
၃။ ပွဲတက်ဂါဝန်အတိုလေးများ
တစ်ခါတစ်လေ ငါက ဘယ်မှသွားတာမဟုတ်ဘူး၊
မလိုပါဘူးလို့
ထင်ပြီး
ကိုယ်နဲ့လိုက်မယ်ထင်ထားတဲ့
ပွဲတက်ဝတ်စုံအမိုက်စားလေး
ဝယ်မထားလိုက်မိဘူးဆိုပါစို့။
တကယ်တော့
အမျိုးသမီးတိုင်းအတွက်
ခန္ဓာကိုယ်နဲ့ကွက်တိဖြစ်ပြီး
အရမ်းမဟော့တဲ့
ဝတ်စုံကတော့
ရှိကိုရှိထားရမှာပါ။
၄။ skinny ဂျင်း
နေရာတိုင်းဟာ စကတ်တို၊ ဘောင်းဘီတိုလေးတွေနဲ့
သွားလာဖို့
မသင့်တော်တာတွေ
ရှိပါတယ်။
အလုပ်သွားတဲ့အခါဖြစ်ဖြစ်၊
လူကြီးတွေနဲ့
တွေ့ဆုံရမယ့်
ပွဲတစ်ခုခုရှိရင်ပဲဖြစ်ဖြစ်၊
ထသွားထလာအတွက်ပါ
အဆင်ပြေစေမယ့်
ဂျင်းဘောင်းဘီ
တစ်ထည်ကတော့
ရှိရမှာပေါ့။
သင့်ခန္ဓာကိုယ်က
အရမ်းကြီး
မဝဘူးဆိုရင်တော့
skinny jean က
လူတိုင်းအတွက်
အဆင်ပြေစေပါလိမ့်မယ်။
၅။ College Sweatshirt ဒါမှမဟုတ် Hoodie
ရာသီဥတုအပြောင်းအလဲ
နည်းနည်းရှိတာနဲ့
ကောက်စွပ်သွားနိုင်မယ့်
Hoodie လိုမျိုး၊
ခရီးသွားတဲ့အခါ
ထည့်သွားနိုင်တဲ့
Sweatshirt တွေလိုမျိုး
လိုရမယ်ရ
ဆောင်ထားရမယ့်
အရာတွေကိုလည်း
မမေ့ထားပါနဲ့။
၆။ အသားကပ်ဘောင်းဘီ (သို့) legging
အမျိုးသမီးတွေအတွက်
အသားကပ်ဘောင်းဘီတွေကလည်း
မရှိမဖြစ်ပါပဲ။
စကတ်တိုတိုလေးတွေအောက်မှာ
ဝတ်နိုင်သလို၊
နောက်ဆုံးလေ့ကျင့်ခန်း
လုပ်တဲ့အချိန်ထိပါ
အသုံးဝင်တာပါ။
၇။ ချည်သားဘောင်းဘီ
ပေါ့ပါးပြီး လွတ်လပ်မှုရှိတဲ့ ချည်သားဘောင်းဘီတွေကတော့
အိမ်မှာနေရင်းပဲ
ဝတ်ဝတ်၊
ခရီးသွားတဲ့အခါပဲ
ထည့်သွားပြီး
ဝတ်ဝတ်
သင့်အတွက်
လန်းဆန်းမှုတွေ
ယူဆောင်
လာပါလိမ့်မယ်။
Credit :Trend Myanmar
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။