အစာအိမ်ရောဂါ(အစာအိမ်အနာ)ရှိသောသူများ ရှောင်ရှားသင့်သည် အစားအစာများ
14-Apr-2017ပိုးသတ်ဆေးနှင့်အစာအိမ်ဆေး သောက်သုံးနေသော အစာအိမ်ရောဂါဝေဒနာရှင်များသည် အစားအသောက်အနေအထိုင်ကိုသတိထားဖို ့လိုအပ်ပါသည်။ အနေအစားတစ်စုံတရာ မှားယွင်းပါက အစာအိမ်နာခြင်း၊ ရင်ပူခြင်း၊ အစာမကြေခြင်း၊ လေတက်ခြင်း နှင့် ပျို ့အန်ခြင်းတို ့ဖြစ်နိုင်ပါသည်။Helicobacter pylori(H.pylori) ဟုခေါ်သော ရောဂါပိုးကြောင့် အစာအိမ်နှင့်အူသိမ်ဦးပိုင်းအနာအဖြစ်များပါသည်။ သွေးကြဲဆေး နှင့် အကိုက်အခဲများ တာရှည်သုံးစွဲမှုကြောင့်လည်း အစာအိမ်အနာ ဖြစ်စေနိုင်ပါသည်။ ထို ့ကြောင့် အစာအိမ်အနာရှိသူများ ရှောင်ရှားသင့်သည့် အစားအသောက်များကို တင်ပြပေးလိုပါသည်။
၁။အရက်နှင့်ယမကာများ
အရက်သေစာအလွန်အကျွံသောက်သုံးခြင်းသည် အစာခြေရည်ကို အလွန်အမင်းထွက်စေကာ အစာအိမ်အနာကို ပိုဆိုးစေနိုင်ပါသည် ။အရက်သည် အစာခြေရည်ကိုထွက်စေသည်သာမက ရေဓာတ်ကိုပါလျော့နည်းစေသောကြောင့် ရောဂါလက္ခဏာများကို ပိုဆိုးစေပါသည်။
၂။ကော်ဖီ
သင်၏ အစာအိမ်အနာကို ကုသမှုခံယူနေသောအချိန်သည် ကော်ဖီဖြတ်ရန်အကောင်းဆုံးအချိန်ဖြစ်ပါသည်။ ကော်ဖီသောက်ခြင်းသည် အစာအိမ်အနာအသစ်ကိုမဖြစ်စေနိုင်သော်လည်း ယခင်အနာကို ပို၍ဆိုးစေနိုင်ပါသည်။ကော်ဖီတွင်ပါဝင်သောကဖင်းဓာတ်သည် အစာခြေရည်ထုတ်လုပ်မှု မြင့်တက်စေရုံသာမက အစာခြေဖျက်ခြင်းကို မြန်စေကာ ရောဂါလက္ခဏာများကို ပိုဆိုးစေနိုင်ပါသည်။ကဖင်းဓာတ်ထုတ်ထားသောကော်ဖီများသည်လည်း အစာအိမ်ကိုထိခိုက်စေသောကြောင့် ရှောင်သင့်ပါသည်။
၃။ပူစပ်သော အစားအစာများ
အပူအစပ်စားခြင်းသည် အစာအိမ်အနာဖြစ်စေနိုင်သည်ဟု မှားယွင်းယူဆနေကြပါသည်။ငရုတ်မျိုးနွယ်အချို ့ဖြစ်သော အနီရောင်ငရုတ်ကောင်းသည် အစာခြေရည်ထွက်ရှိမှုကိုတားဆီးခြင်း၊အစာအိမ်အချွဲထွက်ရှိမှုများစေခြင်း နှင့် အချွဲဂလင်းများကို သွေးပို့လွှတ်မှုကောင်းစေပါသည်။ ပူစပ်သောအကြော်အလှော်များသည် ချေဖျက်ရန်အတွက်အချိန်ယူရသောကြောင့် ရောဂါလက္ခဏာများကိုပိုဆိုးစေပါသည်။
၄။အနီရောင်ရှိသောအသားများ
အစာအိမ်အနာရှိသောသူတိုငး်သည် အနီရောင်ရှိသော အစားအစာများကို ရှောင်သင့်ပါသည်။အနီရောင်ရှိသောအသားများသည် အဆီနှင့်ပရိုတိန်း ပါဝင်မှုများသောကြောင့်ကြာရှည်စွာအစာချေဖျက်ရပါသည်။ အစာအိမ်နှင့်ထိတွေ ့မှုကြာသောကြောင့်အစာချေရည်ထွက်ရှိမှုများကာ အစာအိမ်အနာကို ပိုဆိုးစေပါသည်။
၅။ဂတ််စ်ပါသော အချိုရည်များ
အချိုရည်ဘူးများတွင်ပါဝင်သော Citric Acid သည် သင်၏ အစာအိမ်သိုလှောင်နိုင်မှုပမာဏကို များပြားစေကာ အစာခြေရည်ထွက်ရှိမှုကိုတိုးစေပါသည်။ အစာခြေရည်ထွက်ရှိမှုသည် အနာရောဂါအသစ်ကိုမဖြစ်စေနိုင်သော်လည်း ဖြစ်ပွားလျှက်ရှိသောအနာကိုပိုမိုနာကျင်စေပါသည်။ထို ့ကြောင့် ဂတ်စ်ပါသောသံဗူးအချိုရည်များသောက်သုံးမှုကိုဆင်ခြင်သင့်ပါသည်။
၆။နို ့နှင့် နို ့ထွက်ပစ္စည်းများ
အစာအိမ်နာကျင်မှုကြောင့် နို ့အေးအေးလေးတခွက်သောက်သုံးလေ့ရှိပါသည်။ထိုအလေ့အကျင့်သည် ခဏတာနာကျင်မှုကိုသက်သာစေနိုင်သော်လည်းအမှန်တကယ်တွင်မူပိုမိုဆိုးရွားနိုင်ပါသည်။နို ့နှင့်နို ့ထွက်ပစ္စည်းများသည် အဆီပါဝင်မှုမြင့်မားသောကြောင့် ရောဂါကိုပိုဆိုးစေနိုင်
ပါသည်။နို ့တွင်ပါဝင်သော ပရိုတိန်းဓာတ်ကြောင့် အစာခြေရည်ထွက်ရှိမှုများစေပါသည်။အနာကိုပိုဆိုးစေပါသည်။
၇။ဆားနှင့် အငန်ပါဝင်မှုများသော အစားအစာများ
အငန်အစားများလေ အစာအိမ်အနာအဖြစ်များလေဖြစ်ပါသည်။အငန်ပါဝင်မှုများသော အစားအစာများသည် H.pylori ရောဂါပိုးကို အားပေးသကဲ့သို့ဖြစ်စေနိုင်ကာ ရောဂါကိုပိုဆိုးစေနိုင်ပါသည်။အငန်စားသုံးမှုကြောင့် အစာအိမ်ဆေး၏အကျိုးအာနိသင်ကိုနည်းပါးစေနိုင်ပါသည်။
Written by Dr.Thiha (7887 healthcare call center)
Reference from top10homeremedies