အစာမကြေခြင်းအတွက် ချင်းပြုတ်ရည်
31-Mar-2020ချင်းပြုတ်ရည်သည် အစာမကြေသူများအတွက်
သင့်တော်ပါသည်။ ချင်းရည်ပြုလုပ်နည်းမှာ-
၁။ လက်မခန့်ရှိသော ချင်းကို
ကြိတ်ပြီးချေပါ။
၂။ ချေပြီးသား ချင်းကို
ဖန်ခွက်တခုထဲထည့်၍ ပွက်ပွက်ဆူသော ရေနွေးကို ဖန်ခွက်ပြည့်သည်အထိ လောင်းထည့်ပါ။
၃။ ရေပူနှင့်တွေ့၍ ချင်းရည်များ
ပွက်ပွက်ဆူပြီး ပလုံထလာပါမည်။ ယင်းကို ၁၀-မိနစ် ၁၅-မိနစ်ခန့် ထားပါ။
၄။ ၎င်းနောက် ချင်းဖတ်များကို ဆယ်၍
ယင်းအဖတ်မှ အရည်များ ကုန်သည်အထိ ညှစ်ပေးပါ။
၅။ ဖန်ခွက်ထဲရှိ အဖတ်များကို
ဖယ်ထုတ်ပစ်ပါ။
၆။ ပျားရည် လက်ဖက်ရည်ဇွန်း တဇွန်းထည့်၍
သမအောင် မွှေပါ။
၇။ ၎င်းနောက် ပျားရည်ရောပြီးသားကို
ဖြည်းညင်းစွာ စုပ်၍သောက်ပါ။
မှတ်ချက်။ ။ ယင်းချင်းပြုတ်ရည်ကို
အစာမကြေသည့်ရောဂါ အတွက်သာမက ကိုယဝန်ဆောင်၍ မူးဝေ ပျို့အန်ခြင်း၊ ခရီးသွား၍
မူးဝေပျို့အန်ခြင်း (Motion
Sickness) များမှာပါ အသုံးတည့်ပါသည်။
Credit : အစာမကြေခြင်းအတွက်ဆေးမြီးတို
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။