သွားနုတ်ပြီးနောက် လိုက်နာရမည့်အချက်များ
23-Apr-2017၁။သွားနုတ်ပြီးသည့်အခါ ဂွမး်စ (Gauze) ကို အနည်းဆုံးတစ်နာရီခွဲလောက်အထိ ကိုက်ထားသင့်ပါတယ်။သွေးကောင်းကောင်းခဲဖို ့အတွက်ဂွမ်းစကို ကြာကြာလေးကိုက်ထားရပါမယ်။ခဏလေးကိုက်ထားမယ်ဆိုရင် သွေးခဲကခပ်ပေါ့ပေါ့ သွေးခဲဖြစ်နေပြီး မြန်မြန်ကျွတ်လွယ်တဲ့အတွက်သွေးထွက်တာမျိုးဖြစ်တတ်ပါတယ်။ သွားနုတ်ထားတဲ့ အချိန်မှာစကားသိပ်မပြောရပါဘူး။စကားပြောတဲ့အခါ ပါးစပ်ကပိတ်လိုက်၊ဖွင့်လိုက်ဖြစ်နေတဲ့အတွက် ကိုက်ထားတဲ့ ဂွမ်းတို ့၊ Gauze တို့ကလျော့သွားတာမျိုး ဖြစ်တတ်ပါတယ်။
၂။သွားနုတ်ထားသည့်အချိန်တွင် တံတွေးကို ငုံမထားရပါ။ တံတွေးကိုပါးစပ်ထဲမှာငုံထားမယ်ဆိုရင် သွေးနဲ ့တံတွေးရောပြီးမြင်ရတဲ့အခါ စိတ်ကလန် ့ပြီးသွေးတွေထွက်တယ်လို ့ပဲထင်တတ်ပါတယ်။ ဒါကြောင့်သွားနုတ်ထားသည့်အချိန်တွင်တံတွေးကို ငုံမထားပါနဲ ့၊တံတွေးမထွေးပါနဲ ့၊တံတွေးကို မျိုချပေးပါ။
၃။ဂွမ်းစကို ကိုက်ထားပြီး ထုတ်လိုက်တဲ့အခါမှာ သွားနုတ်ထားတဲ့နေရာကို လျှာနဲ့ ထိုးကြည့်တာတို ့၊ လက်နဲ ့နှိုက်တာတို ့မလုပ်ရပါ။ သွေးခဲပျက်သွားမယ်ဆိုရင် သွေးပြန်ထွက်တတ်ပါတယ်။
၄။ဂွမ်းစထုတ်ပြီးတဲ့အချိန်မှာ ရေတို ့၊အအေးတို ့သောက်လို ့ရပါတယ်။အပူတော့သောက်လို ့မရပါ။ ပိုက်နဲ ့စုပ်၍သောက်ခြင်းမျိုးလည်းမလုပ်သင့်ပါ။ ပိုက်နဲ့့စုပ်ပြီးသောက်တဲ့အခါ negative pressure တွေက ပါးစပ်ထဲမှာဖြစ်ပြီးသွေးခဲကိုဆွဲထုတ်လိုက်သလိုဖြစ်တတ်တဲ့အတွက် သွေးထွက်တတ်ပါတယ်။
၅။သွားနုတ်ထားတဲ့ရက်တွေမှာ အရက်နှင့်ဆေးလိပ်ကိုရှောင်ပါ။အရက်ကသွေးကြောများကို ကျယ်သွားစေပြီး သွေးတိုးပါရှိပါက သွေးတိုးနှုန်းနှင့်သွေးခဲတွေက ပြုတ်ထွက်သွားတတ်ပါတယ်။ဆေးလိပ်ကို ဖွာတာတို ့၊စုပ်ပြီးရှိုက်သွင်းတာတို ့တွေကိုု ပျက်သွားစေတတ်တဲ့အတွက် သွေးထွက်တတ်ပါတယ်။
၆။သွားနုတ်တဲ့နေ ့မှာ ပလုတ်ကျင်းတာ၊ သွားတိုက်တာမျိုးမလုပ်သင့်ပါ။၂၄နာရီကျော်မှလုပ်ရမှာပါ။တကယ်လို ့မနေနိုင်ဘူးဆိုရင် ပါးစပ်ကို သွားတိုက်ဆေးလေးနဲ ့နည်းနည်းပွတ် ရေလေးငုံပြီး ထွေးရုံလေးထွေးလို ့ရပါတယ်။ပလုတ်ကျင်းတဲ့အခါမှာပါးစပ်ထဲ အသံမြည်အောင်ကျင်းတာမျိုး၊ ထွေးထုတ်တဲ့အခါမှာလည်းအရမး်ကြီးအသံမြည်အောင် ထွေးတာမျိုး မလုပ်သင့်ပါဘူး။
၇။ပဋိဇီဝဆေးတွေ ပေးထားတဲ့အခါမျိုးမှာ ပေးတဲ ့အတိုင်းဆေးပတ်လည်အောင်သောက်သင့်ပါတယ်။ မသောက်ဘဲထားမယ်ဆိုရင် သွေးခဲတွေထဲကိုပိုးက အရမ်းဝင်လွယ်ပါတယ်။သွေးခဲထဲမှာက ပိုးတွေကပွားလွယ်ပါတယ်။ထိုအခါသွေးထဲမှာ ပိုးတွေရောက်ပြီး သွေးခဲတွေပျက်၊
အရိုးထဲထိရောက်တာမျိုးတွေဖြစ်တတ်ပါတယ်။
၈။သွားနုတ်ပြီးတဲ့အခါ တချို ့ကချုပ်ဖို ့လိုတယ်ဆိုရင် ချုပ်ထားတာမျိုးတွေရှိပါတယ်။အလိုလိုပျော်သွားတဲ့ချုပ်ရိုးနဲ ့ချုပ်ထားတာမျိုးမဟုတ်ရင် ချုပ်ရိုးသွားပြီးဖြုတ်သင့်ပါတယ်။
၉။သွားနုတ်ပြီးချုပ်ရိုးချုပ်ထားတဲ့အခါ ပါးစပ်ကိုဟကြည့်ရင် အဲဒိနေရာမှာ အဖြူဖတ်တွေကပ်နေတာမျိုးတွေ ့ရတတ်ပါတယ်။ပြည်မဟုတ်ပါ။များသောအားဖြင့် ချုပ်ရိုးရှိတဲ့အတွက်အစာတွေက ကပ်ငြိနေပြီး ပြည်ကဲ့သို ့ဖြစ်နေခြင်းဖြစ်သည်။ဒါကြောင့်အစာစားတဲ့အခါသွားနုတ်တဲ့ဘက်က မစားရပါ။ပျစ်ပျစ်နှစ်နှစ်အစားအစာတွေက ကပ်ငြိတတ်ပါတယ်။ကျဲကျဲပျော့ပျော့အစားအစာများကိုစားသင့်ပါတယ်။
Credit:အာရောဂျံ မဂ္ဂဇင်း၊April 2015 (ပါမောက္ခ ဦးကိုကိုမောင်
သွားမနုတ်မီနှင့်သွားနုတ်ပြီး လိုက်နာရမည့်အချက်များ)