ဖိနပ်အမြင့် စီးခြင်း (Killer Heel)
28-Apr-2017
ဖိနပ်အမြင့်စီးတာဟာမိန်းကလေးတွေကိုပိုပြီးတော့စမတ်ကျစေတယ်အမျိုးသမီးတစ်ယောက်ရဲ့ တင်တွေ ရင်တွေကို ပိုပြီးတော့ ပေါ်ပေါ်လွင်လွင် ဖြစ်စေတယ် ၊ အရပ်မြင့်သွားစေတယ် ၊ ကြွကြွရွရွနဲ့လှလှပပလေးဖြစ်သွားစေတယ်ဆိုပေမယ့်သူတို့ဟာကျွန်မတို့ရဲ့ကိုယ်နေဟန်ထားမှာ ဝန်ပိစေပြီးတော့ အဆစ်တွေမှာ ထိခိုက်မှုဖြစ်လာစေပါတယ်။ ဖိနပ်အမြင့်ကို နေ့တိုင်းစီးတာဟာ ခန္ဓာကိုယ်ကို ထိခိုက်အောင် အကြိမ်ကြိမ်လုပ်ပေးနေတာနဲ့ တူပါတယ်။ ဒေါက်ဖိနပ်စီးတာကြောင့် တစ်ကိုယ်လုံးရဲ့အားက ရှေ့ခြေချောင်းတွေပေါ်ကိုယ်အလေးချိန်နဲ့ ဖိချလိုက်သလို ဖြစ်နေပါတယ်။ ထို့ကြောင့် ခြေချောင်းပတ်ပတ်လည် ၊ ခြေဖနောင့်တွေမှာ အသားမာဖြစ်ခြင်း ၊ ခြေသည်းတွေက အထဲကို စိုက်ဝင်သွားခြင်း (ingrown toenail) ၊ ခြေထောက်တွေ ကောက်သွားခြင်း (Hammer Toe) နောက်ခြေမက အပြင်ဘက်ကို ခွင်သွားခြင်း (bunion) ၊ခြေချောင်းတွေကြားမှာနာခြင်း၊ထုံခြင်း၊ကျဉ်ခြင်းများဖြစ်တတ်ပါသည်။ တစ်ခါတစ်ရံ အရိုးတွေကျိုးခြင်း (stress fracture) လည်း ဖြစ်တတ်ပါသည်။
ခါးက လိုအပ်တာထက် ပိုကော့ထားရတဲ့အတွက် ခါးမှာ အာရုံကြောညပ်ခြင်းလည်း ဖြစ်တတ်ပါသည်။ ကလေးတွေမှာ ဒေါက်ဖိနပ် ပေးမစီးသင့်ပါဘူး။ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်တတ်ပါတယ်။ထွားကျိုင်းနေတဲ့ အရွယ်မှာ ဒေါက်ဖိနပ်သွားစီးပေးလိုက်ရင် ခြေထောက်ဖွံ့ဖြိုးမှုကိုထိခိုက်စေပြီးပုံပျက်သွားနိုင်ပါသည်။မိန်းကလေးတွေအရိုးကြီးထွားမှုရပ်သွားမှ စီးသင့်ပါသည်။ ဒေါက်ဖိနပ်တွေဝယ်ရင် ညနေပိုင်းမှာ သွားဝယ်သင့်ပါတယ်။ ညနေပိုင်းမှာ ခြေထောက်က ရောင်ပြီးကြီးနေတဲ့အတွက်အဲ့ဒီ့အချိန်မှာတော်တဲ့ဖိနပ်ကိုဝယ်ထားတာအကောင်းဆုံးဖြစ်ပါတယ်။အများအားဖြင့်ဒေါက်၁၁/၂၂လက်မလောက်ထိပဲစီးသင့်ပါသည်။ဒေါက်အရမ်းချွန်တာကို ရှောင်သင့်ပါတယ်။ဒေါက်အထူနဲ့ ဗြက်ကျယ်တာကို ရှာစီးသင့်ပါသည်။ ဒေါက်ဖိနပ်ကို တစ်နေ့လုံးမစီးသင့်ပါဘူး ။အလုပ်မှာစီးချင်တယ်ဆိုရင်လည်း လမ်းနည်းနည်းပဲ လျှောက်ရမယ့်နေ့ ၊ မတ်တပ်သိပ်မရပ်ရတဲ့ နေ့တွေမျာလည်း စီးသင့်ပါတယ် ။
Credit : Dr May Hnin Phyu