နုပျိုအောင်ဘယ်လိုနေကြမလဲ
06-May-2017၁။ ပျော်စရာအတွေးများနဲ့ နေထိုင်တယ်
စိတ်ပျိုကိုယ်နုဆိုတဲ့ စကားကို ကြားဖူးကြမှာပါ။ အကောင်းမြင်စိတ်ရှိတာ၊ တစ်ပါးသူတွေ အပေါ် အကောင်းမြင်စိတ်နှင့် တွေးတောပေးတာတွေက သင့်စိတ်နဲ့ ခနွာကိုယ်ကို နုပျိုနေစေပြီး အသက်ရှည်စေပါတယ်။
၂။ စောစောအိပ်၊ စောစောထတယ်
နုပျိုစေတဲ့ အကောင်းဆုံး လျှို့ဝှက်ချက်က အိပ်ရာစောစောဝင်တာပါ။ အိပ်စက်ချိန်မှာ ခနွာကိုယ်ရဲ့ လိုအပ်တာတွေကို ပြန်လည်ပြုပြင်ပေးပြီး အကောင်းဆုံးဖြစ်စေပါတယ်။ အိပ်ရေးဝ၀ အိပ်စက်တာကြောင့် သင့်ခနွာကိုယ်ကို နုပျိုစေပြီး ဦးနှောက်ဉာဏ်ရည် ထက်မြက်စေပါတယ်။ ညအိပ်စက်တဲ့အခါ အိပ်ရာစောစောဝင်ပြီး တစ်ညကိုရှစ်နာရီကြာ အိပ်စက်သင့်ပါတယ်။
၃။ နုပျိုစေသော အစားအစာများကို စားတယ်
သင်စားတဲ့ အစားအစာတွေက နုပျိုလှပဖို့အတွက် အကောင်းဆုံး အထောက်အပ့ံ ပေးနိုင်ပါတယ်။ အစားအသောက်စားတိုင်းမှာ သစ်သီး၊ ဟင်းသီးဟင်းရွက်နှင့် ရေတစ်ဖန်ခွက် ပါဝင်အောင် စားသောက်သင့်ပါတယ်။ ဒီလိုစားသောက်တာကြောင့် ခနွာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အင်တီအောက်ဆီးဒင့်တွေရရှိပြီး စွမ်းအင်ပြည့်ဝကာ လန်းဆန်းစေပါတယ်။ နေ့လယ်စာ၊ ညစာတွေ စားပြီးတဲ့အခါ အချိုပွဲစားတဲ့ အကျင့်ကို ဖျောက်ပစ်ဖို့ မလိုပါဘူး။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သီးနှံတစ်မျိုးမျိုး ဒါမှမဟုတ် သီးနှံတွေနဲ့ ပြုလုပ်ထားတာကို ရွေးချယ်စားဖို့သာ လိုအပ်ပါတယ်။
၄။ ကြွက်သားသန်မာအောင် လုပ်ဆောင်တယ်
ဆွဲဆန့်လေ့ကျင့်ခန်း၊ အလေးအသုံးပြုပြီး လေ့ကျင့်တာတွေ ပြုလုပ်တာကြောင့် ကြွက်သားတွေ ပိုမိုသန်မာလာပြီး သက်လုံပိုမိုကောင်းစေပါတယ်။ သင့်ကိုယ်သင်လည်း အသက် ၂၀ လောက် ပိုငယ်သွားတယ်လို့ ထင်မြင်လောက်အောင်ကို သွက်သွက်လက်လက် လှုပ်ရှားသွားလာနိုင်ပါတယ်။
၅။ ဆံပင်ပုံစံမကြာခဏပြောင်းလဲတယ်
လက်ရှိအသက်ထက် ပိုနုငယ်တယ်လို့ ထင်မြင်အောင် သင်ရဲ့ အပြင်အဆင်တွေနဲ့ ပြောင်းလဲယူလို့ရပါတယ်။ ဆံပင်ပုံစံကို လက်ရှိပုံစံနဲ့ လုံးဝမတူအောင် အသွင်ပြောင်းလိုက်တာက သင့်ရုပ်သွင်ကို ထူးခြားစွာ ပြောင်းလဲသွားစေနိုင်ပါတယ်။
၆။ ဦးနှောက်ကို အလုပ်ပေးတယ်
အသက်အရွယ်ရလာချိန်မှာ ဇရာရဲ့ ပြောင်းလဲလာမှုတွေကို ရင်ဆိုင်ရမှာပါပဲ။ ဦးနှောက်ကို လှုံ့ဆော်မှုပေးတာကသာ သင့်စိတ်ကို အစဉ်နုပျိုလန်းဆန်းနေမှာပါ။ ပတ်ဝန်းကျင်အသစ်ကို လေ့လာစူးစမ်းတာ၊ ပညာရပ်ဆိုင်ရာ အသစ်အဆန်းတွေ လေ့လာတာကို ဆောင်ရွက်ပါ။
၇။ အကောင်းမြင်စိတ်မွေးမြူတယ်
ဘယ်လိုပဲ အခက်အခဲ၊ အတားအဆီ၊ အဟန့်အတားနဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာတွေ ကြုံတွေ့ပေမယ့် အကောင်းမြင်စိတ်ထားနဲ့ အရာရာကို ရှုမြင်တတ်သူတွေဟာ နုပျိုလှပနေတတ် ကြပါတယ်။ အကောင်းမြင်စိတ်ရှိသူတွေမှာ စွမ်းအင်သတ္တိတွေဟာလည်း သူ့အလိုလို ဖြစ်ပေါ်လာတာကြောင့် အရာရာကို အောင်မြင်စွာ ကျော်လွှားသွားနိုင်ပါလိမ့်မယ်။
Credit:
ပန်းနွယ်လေး (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, July 2016, Pg. 67